(Unicode)

ယွန်းယွန်း ကိုတော့ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိတ်သတ်တွေရင်းနှီးပြီးသားဖြစ်မှာပါ။ ယွန်းယွန်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အကယ်ဒမီဆုကိုလည်းရရှိခဲ့ပြီး သရုပ်ဆောင်ရာမှာရူးသွပ်တဲ့သူပါ။ အအောင်မြင်ဆုံးအချိန်မှာမှ ပညာရေးကြောင့်အနုပညာလောကကို ခနတာကျော်ခိုင်းလိုက်ရပြီး လက်ရှိ တက္ကသိုလ်ရောက်မှသာ အနုပညာလောကထဲပြန်ဝင်လာခဲ့တာဖြစ်ပါတယ်



သူမအနေနဲ့ လက်ရှိမှာ စိတ်ပညာဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်ကြီးမှာသင်ယူလျက်ရှိပါတယ်။“အနုပညာကို မစွန့်လွှတ်နိုင်သေးပေမယ့် အနုပညာ ထက် ပညာရေး ကို ပိုဦးစားပေးခဲ့မိတာ ကို နောင်တ မရဘူး။ စန်းရှိတုန်းသရုပ်ဆောင်လုပ်ရတာလို့ပြောကြတာ။ သူများတွေက ပညာကလည်း ငယ်တုန်းမှာဘဲရှာရတာလေ။ တက္ကသိုလ်တက်မှဘဲ အပေါင်းအသင်းတွေနဲ့ တကယ့်ဘဝအစစ်အမှန်ကိုခံစားခဲ့ရတာ အရမ်းပျော်ပါတယ်” လို့ပြောပြသွားခဲ့ပါတယ်။



ယွန်းယွန်းလေးက လတ်တလော ကိုဗစ်ကြောင့် ကျောင်းနားထားရပြီး အိမ်မှာဘဲ နေဖြစ်နေတာဖြစ်ပါတယ်။ အနုပညာရော ပညာရေးမှာပါ ထူးချွန်းအောင်ကြိုးစားနေတဲ့ ယွန်းယွန်းကို celepedia ပရိသတ်တွေကအားပေးလိုက်ကြဦးနော်။

Source- Myanmar celebrity

(Zawgyi)









Post a Comment

Previous Post Next Post