(Unicode)

မြောင်းမြအကျဉ်းထောင်အတွင်းသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ထောင်ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ယနေ့ဇူလိုင် ၇ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင် ၆ ရက် ညနေပိုင်းတွင် မြောင်းမြအကျဉ်းထောင်၌ အကျဉ်းဦးစီးတပ်သား  အောင်ပိုင်ဖြိုးက ထောင်အတွင်းသို့  မူးယစ်ဆေးဝါး  များ သယ်ဆောင်နေကြောင်းသတင်းအရ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေခဲ့သည်။


၎င်းကိုစစ်ဆေးရှာဖွေရာ စီးနင်းထားသည့်  ကတ္တီပါဖိနပ်ခင်းအောက်တွင် အံဝှက်ပြုလုပ် သယ်ဆောင်လာသည့် WY တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၄ ပြားနှင့် အိုက်စ်ဟုယူဆရသည့် (ဝဒသမ၁) ဂရမ်ရှိ ပုံဆောင်ခဲ ၁ ခဲတို့ကို သိမ်းဆည်းရမိခဲ့သည်။

သက်ဆိုင်ရာ၏ စုံစမ်းချက်အရ အကျဉ်းထောင်ဝန်ထမ်းဟောင်း သန့်ဇင်မောင် ၂၅ နှစ်က အကျဉ်းဦးစီးတပ်သားအောင်ပိုင်ဖြိုးကို ကျပ်တစ်သိန်းပေး၍ အဆိုပါမူးယစ်ဆေးဝါးများအား အကျဉ်းသားတင်ကိုကို ၃၅ နှစ်ထံသို့ ပို့ခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။



မြောင်းမြမြို့မရဲစခန်းက မယ(ပ) ၁၀/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁၊ အရလည်းကောင်း၊ မယ(ပ) ၁၁/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)အရ လည်းကောင်း အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

(Zawgyi)


ေျမာင္းျမအက်ဥ္းေထာင္အတြင္းသို႔ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္လာသည့္ ေထာင္ဝန္ထမ္းတစ္ဦးကို ဖမ္းဆီးအေရးယူထားေၾကာင္း ယေန႔ဇူလိုင္ ၇ ရက္တြင္ ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ဇူလိုင္ ၆ ရက္ ညေနပိုင္းတြင္ ေျမာင္းျမအက်ဥ္းေထာင္၌ အက်ဥ္းဦးစီးတပ္သား  ေအာင္ပိုင္ၿဖိဳးက ေထာင္အတြင္းသို႔  မူးယစ္ေဆးဝါး  မ်ား သယ္ေဆာင္ေနေၾကာင္းသတင္းအရ ရဲတပ္ဖြဲ႕ဝင္မ်ားက ရွာေဖြခဲ့သည္။


၎ကိုစစ္ေဆးရွာေဖြရာ စီးနင္းထားသည့္  ကတၱီပါဖိနပ္ခင္းေအာက္တြင္ အံဝွက္ျပဳလုပ္ သယ္ေဆာင္လာသည့္ WY တံဆိပ္ပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၄၄ ျပားႏွင့္ အိုက္စ္ဟုယူဆရသည့္ (ဝဒသမ၁) ဂရမ္ရွိ ပုံေဆာင္ခဲ ၁ ခဲတို႔ကို သိမ္းဆည္းရမိခဲ့သည္။

သက္ဆိုင္ရာ၏ စုံစမ္းခ်က္အရ အက်ဥ္းေထာင္ဝန္ထမ္းေဟာင္း သန္႔ဇင္ေမာင္ ၂၅ ႏွစ္က အက်ဥ္းဦးစီးတပ္သားေအာင္ပိုင္ၿဖိဳးကို က်ပ္တစ္သိန္းေပး၍ အဆိုပါမူးယစ္ေဆးဝါးမ်ားအား အက်ဥ္းသားတင္ကိုကို ၃၅ ႏွစ္ထံသို႔ ပို႔ခိုင္းျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။



ေျမာင္းျမၿမိဳ႕မရဲစခန္းက မယ(ပ) ၁၀/၂၀၂၀၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၉(က)/၂၁၊ အရလည္းေကာင္း၊ မယ(ပ) ၁၁/၂၀၂၀၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၉(က)အရ လည္းေကာင္း အမႈဖြင့္ ဖမ္းဆီးစစ္ေဆးလ်က္ရွိသည္။

Credit Myanmar Time

Post a Comment

Previous Post Next Post