(Unicode)

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အေးချမ်းသာရပ်ကွက် အလက (ခွဲ) ကျောင်းက ကျောင်းအုပ်ဆရာကြီးရုံးခန်းနဲ့ ကျောင်းအုပ်ဆရာကြီးဆီကနေ WY စိတ်ကြွဆေးပြား ၁၃၀၀ နဲ့ မူးယစ်ဆေးဝါး ICE ၁ ဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးမူးယစ်တပ်ဖွဲ့စု ၃၆ မှ ရဲအရာရှိတဦးက ပြောပါတယ်။



ပထမ မိတာက ဇူလိုင်လ ၅ ရက်နေ့ နေ့လယ် ၃ နာရီ ဝန်းကျင်က ဝေါမြို့အေးချမ်းသာယာ ရပ်ကွက် ဇီဖဝါလမ်းပေါ်မှာ မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေ စောင့်ဆိုင်းနေစဉ် ဝေါမြို့သစ်စက်ရပ်ကွက် တပင်ရွှေထီးလမ်းနေ ဘိုဘိုဇင်(ခ)ဆင်ကြီး ဆိုသူမောင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဘိုဘိုဇင်(ခ) ဆင်ကြီးရဲ့လက်မှာကိုင်လာတဲ့ အအေးစုပ်ပိုက်အတွင်းက WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၈ ပြားကို စတင်မိခဲ့တာလို့ ဆိုပါတယ်။



အဲဒီနောက် ဘိုဘိုဇင်(ခ) ဆင်ကြီးကို ဆက်လက်စစ်ဆေးရာက ဒီဆေးပြားတွေကို ဝေါမြို့အေးချမ်းသာရပ်ကွက် အခြေခံအလယ်တန်း ကျောင်း(ခွဲ)ရှိ ကျောင်းအုပ်ဆရာ မောင်မောင်စိုးထံက ဝယ်ခဲ့တယ်ဆိုပြီး ထွက်ဆိုချက်အရ ကျောင်းအုပ်ကြီးရုံခန်းကို ဝင်ရောက်ရှာဖွေရာ ကျောင်းအုပ် မောင်မောင်စိုးရဲ့ အင်္ကျီအိတ်ကပ်အတွင်းက WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀ ပါ ၁ ထုပ်၊ စားပွဲပေါ်က လက်ဆွဲအိတ်အတွင်းမှာလည်း မူးယစ်ဆေးဝါးတွေ ထပ်မံတွေ့ရှိခဲ့ပြီး စိတ်ကြွဆေးပြားစုစုပေါင်း ၁၃၀၀ နဲ့ မူးယစ်ဆေးဝါး ICE ၁ ဂရမ်ကို ရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။



အခုလို မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ဘိုဘိုဇင်နဲ့ မူးယစ်ဆေးဝါးတွေ ရောင်းချသူ အလယ်တန်း ကျောင်းအုပ် မောင်မောင်စိုးတို့ ၂ ဦးကို မူးယစ်ဆေးဝါးနှင့် တ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ၁၆(ဂ)/၁၉ က/၂၀(က) တို့ နဲ့ ဝေါမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဒီဗွီဘီ

(Zawgyi)


ပဲခူးတိုင္း၊ ေဝါၿမိဳ႕နယ္၊ ေအးခ်မ္းသာရပ္ကြက္ အလက (ခြဲ) ေက်ာင္းက ေက်ာင္းအုပ္ဆရာႀကီး႐ုံးခန္းနဲ႔ ေက်ာင္းအုပ္ဆရာႀကီးဆီကေန WY စိတ္ႂကြေဆးျပား ၁၃၀၀ နဲ႔ မူးယစ္ေဆးဝါး ICE ၁ ဂရမ္ကို ဖမ္းဆီးရမိခဲ့တယ္လို႔ ပဲခူးမူးယစ္တပ္ဖြဲ႕စု ၃၆ မွ ရဲအရာရွိတဦးက ေျပာပါတယ္။



ပထမ မိတာက ဇူလိုင္လ ၅ ရက္ေန႔ ေန႔လယ္ ၃ နာရီ ၀န္းက်င္က ေဝါၿမိဳ႕ေအးခ်မ္းသာယာ ရပ္ကြက္ ဇီဖဝါလမ္းေပၚမွာ မူးယစ္ေဆးဝါးသတင္းအရ မူးယစ္တပ္ဖြဲ႕နဲ႔ ရဲတပ္ဖြဲ႕ေတြ ေစာင့္ဆိုင္းေနစဥ္ ေဝါၿမိဳ႕သစ္စက္ရပ္ကြက္ တပင္ေ႐ႊထီးလမ္းေန ဘိုဘိုဇင္(ခ)ဆင္ႀကီး ဆိုသူေမာင္လာတဲ့ ဆိုင္ကယ္ကို ရပ္တန္႔စစ္ေဆးရာ ဘိုဘိုဇင္(ခ) ဆင္ႀကီးရဲ႕လက္မွာကိုင္လာတဲ့ အေအးစုပ္ပိုက္အတြင္းက WY စာတန္းပါ ပန္းေရာင္စိတ္ႂကြေဆးျပား ၈ ျပားကို စတင္မိခဲ့တာလို႔ ဆိုပါတယ္။



အဲဒီေနာက္ ဘိုဘိုဇင္(ခ) ဆင္ႀကီးကို ဆက္လက္စစ္ေဆးရာက ဒီေဆးျပားေတြကို ေဝါၿမိဳ႕ေအးခ်မ္းသာရပ္ကြက္ အေျခခံအလယ္တန္း ေက်ာင္း(ခြဲ)ရွိ ေက်ာင္းအုပ္ဆရာ ေမာင္ေမာင္စိုးထံက ၀ယ္ခဲ့တယ္ဆိုၿပီး ထြက္ဆိုခ်က္အရ ေက်ာင္းအုပ္ႀကီး႐ုံခန္းကို ၀င္ေရာက္ရွာေဖြရာ ေက်ာင္းအုပ္ ေမာင္ေမာင္စိုးရဲ႕ အက်ႌအိတ္ကပ္အတြင္းက WY စာတန္းပါ ပန္းေရာင္စိတ္ႂကြေဆးျပား ၂၀၀ ပါ ၁ ထုပ္၊ စားပြဲေပၚက လက္ဆြဲအိတ္အတြင္းမွာလည္း မူးယစ္ေဆးဝါးေတြ ထပ္မံေတြ႕ရွိခဲ့ၿပီး စိတ္ႂကြေဆးျပားစုစုေပါင္း ၁၃၀၀ နဲ႔ မူးယစ္ေဆးဝါး ICE ၁ ဂရမ္ကို ရွာေဖြဖမ္းဆီးရမိခဲ့ပါတယ္။



အခုလို မူးယစ္ေဆးဝါးမ်ား လက္၀ယ္ေတြ႕ရွိသူ ဘိုဘိုဇင္နဲ႔ မူးယစ္ေဆးဝါးေတြ ေရာင္းခ်သူ အလယ္တန္း ေက်ာင္းအုပ္ ေမာင္ေမာင္စိုးတို႔ ၂ ဦးကို မူးယစ္ေဆးဝါးႏွင့္ တ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးဆိုင္ရာ ဥပေဒပုဒ္မ၁၆(ဂ)/၁၉ က/၂၀(က) တို႔ နဲ႔ ေဝါၿမိဳ႕မ ရဲစခန္းက အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post