(Unicode)


အိန္ဒိယနဲ့တရုတ်အကြား နယ်စပ်အငြင်းပွားမှုကြောင့် ဆက်ဆံရေးတင်းမာလာပြီးနောက် အိန္ဒိယကို စစ်လက်နက်ရောင်းချဖို့ ရုရှားနဲ့ အမေရိကန်က အလုအယက်ကြိုးပမ်းနေတယ်လို့ ဆောက်ချိုင်းနားမောနင်းပို့စ်သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။

ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံတန် ရုရှားစစ်လေယာဉ်သစ် ၃၃ စင်း ဝယ်ယူရေးနဲ့ ရှိပြီးတိုက်လေယာဉ် ၅၉ စင်းကို အဆင့်မြှင့်တင်ရေး အဆိုပြုချက်ကို အတည်ပြုဖို့ အိန္ဒိယအစိုးရဟာ လွန်ခဲ့တဲ့အပတ်က လောဆော်ခဲ့ပါတယ်။



အိန္ဒိယစစ်သည် ၂၀ သေကြေခဲ့ရတဲ့ တရုတ်စစ်သည်တွေနဲ့ အချင်းများမှု ဖြစ်ပွားခဲ့တဲ့ လွန်ခဲ့တဲ့လက ဖြစ်စဉ်နောက်မှာ ဒေါ်လာ ၅ ဒသမ ၄၃ ဘီလီယံတန် ရုရှားလုပ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူဖို့လည်း ညှိနှိုင်းခဲ့ပြီးပါပြီ။

ရုရှားနဲ့ တရုတ်ရဲ့ နီးကပ်တဲ့ ဆက်နွယ်မှုကြောင့် ရုရှားအပေါ် အိန္ဒိယရဲ့အားထားရမှုအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိလာခဲ့ပြီး အင်ဒိုပစိဖိတ် မဟာဗျူဟာအတွက် အိန္ဒိယနဲ့ ဆက်ဆံမှုတိုးမြှင့်လာတဲ့ အမေရိကန်ပြည်ထောင်စုဟာ အိန္ဒိယကို လက်နက်ရောင်းချဖို့ တွန်းအားပေးလာပါတယ်။

အိန္ဒိယဟာ သူ့ကြက်ဥတွေအားလုံး ခြင်းတောင်းတစ်ခုထဲ ထည့်ထားမှာမဟုတ်ဘူးလို့ အများကယုံကြည်ကြပြီး ရုရှားနဲ့ကော အမေရိကန်နဲ့ပါ ဆက်ဆံသွားမယ်လို့ သုံးသပ်နေကြပါတယ်။



နိုင်ငံတကာလက်နက်ဈေးကွက်မှာ အိန္ဒိယဟာ ထိပ်တန်းဝယ်ယူသူတစ်ဦးဖြစ်ပြီး နှစ်စဉ် ဘီလီယံချီတန်တဲ့လက်နက်တွေ ဝယ်ယူ တင်သွင်းပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း တခြားကမ္ဘာ့ဘယ်နိုင်ငံထက်မဆို နိုင်ငံခြားဖြစ်လက်နက်ဝယ်ဖို့ ပိုက်ဆံပိုသုံးခဲ့ပါတယ်။

ဆိုဗီယက်ခေတ်ကထဲက ရုရှားစစ်လက်နက်တွေကို အိန္ဒိယက အကြီးအကျယ် ဝယ်ယူခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်ကစပြီး အိန္ဒိယက ပြည်ပစစ်လက်နက် ဒေါ်လာ ၅၁ ဘီလီယံဖိုး ဝယ်ယူခဲ့ရာမှာ သုံးပုံနှစ်ပုံကျော်ဖြစ်တဲ့ ဒေါ်လာ ၃၅ ဘီလီယံဖိုးလောက်က ရုရှားစစ်လက်နက်တွေပါ။



အိန္ဒိယရဲ့မဟာဗျူဟာမြောက်လက်နက်အများစုဟာလည်း ရုရှားကပဲလာပါတယ်။ အိန္ဒိယရဲ့ တစ်စင်းထဲသော လေယာဉ်တင်သင်္ဘော INS Vikramaditya နဲ့ လေယာဉ်တင်သင်္ဘောသုံး Mig-29 တိုက်လေယာဉ်နဲ့ Ka-31 ရဟတ်ယာဉ်တွေ၊ နျူစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောနဲ့ T-90 ၊ T-72 ပင်မတိုက်ပွဲဝင်တင့်ကားတွေအားလုံး ရုရှားလုပ်တွေပါ။ အိန္ဒိယလေတပ်ရဲ့ အဓိကတိုက်လေယာဉ် Su-30 MK1 တွေကိုလည်း အိန္ဒိယမှာ လိုင်စင်နဲ့ထုတ်လုပ်ခွင့်ရယူထားပြီး အိန္ဒိယရဲ့ နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ တစ်မျိုးထဲသော သံလွန်မြန်ခရုဇ်ဒုံးကျည် ဘရာမိုစ်ကလည်း ရုရှားကပဲ လာတာပါ။

နှိုင်းယှဉ်ချက်အနေနဲ့ အမေရိကန်လက်နက်တွေ အိန္ဒိယဝယ်ယူမှုကတော့ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်းမှာမှ ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံဖိုးပဲ ရှိပါတယ်။ ဒါပေမယ့် ၂၀၁၀ ခုနှစ်ကစလို့ အိန္ဒိယရဲ့ အမေရိကန်လက်နက်ဝယ်ယူမှုဟာ တဟုန်ထိုးမြင့်တက်လာပြီး အစ္စရေးနဲ့ ပြင်သစ်ကိုတောင် ဖြတ်ကျော်ခဲ့ပါတယ်။



အိန္ဒိယဟာ အမေရိကန်လုပ် ဘိုးအင်း C-17 နဲ့ C-130 J သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးတွေ သုံးစွဲနေပါတယ်။ ဒီနှစ်အစောပိုင်းမှာ ဒေါ်လာ ၃ ဘီလီယံတန်ကြေးရှိ ရဟတ်ယာဉ်တွေအပါအဝင် အမေရိကန်လုပ် လက်နက်ကိရိယာတွေဝယ်ယူဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ကတိပြုခဲ့ပါတယ်။

အင်ဒိုပစိဖိတ်ဒေသမှာ တရုတ်ကိုတန်ပြန်ရေး ရည်ရွယ်တယ်လို့ သုံးသပ်ကြပြီး နှစ်နိုင်ငံအကြား နီးကပ်တဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေလည်း လုပ်ဆောင်လာခဲ့ပါတယ်။

အိန္ဒိယလက်နက်ဈေးကွက်က ဘီလီယံချီတဲ့ ဈေးကွက်ဝေစုကြီးကြီးရဖို့ အလွန်ခက်ခဲခဲ့တဲ့အခြေအနေမှာ အခွင့်အရေးကို ထရမ့်အစိုးရက လက်လွတ်ခံမှာမဟုတ်ဘူးလို့ ပေကျင်းအခြေစိုက် စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။



ရုရှားနိုင်ငံပိုင် ကာကွယ်ရေးလုပ်ငန်းတွေနဲ့ ဒေါ်လာ ၁၅ သန်းကျော် ငွေကြေးအလွှဲအပြောင်းရှိသူတွေကို ဒဏ်ခတ်တဲ့ ၂၀၁၇ အမေရိကန်ဥပဒေတစ်ရပ်ရှိပြီး ဒီဥပဒေကနေ အိန္ဒိယကို ကင်းလွတ်ခွင့်ပေးဖို့တော့ လိုအပ်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ အမေရိကန်က Super F-16 ဂျက်တိုက်လေယာဉ်တွေကို အိန္ဒိယမှာ တပ်ဆင်ထုတ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပြီး ရုရှား S-400 လေကာစနစ်နဲ့ပြိုင်ဘက် လက်နက်စနစ်တွေကိုလည်း ရောင်းပေးမယ်လို့ အဆိုပြုခဲ့ပါတယ်။

အမေရိကန်လုပ် အပါချီနဲ့ ချီနွတ် ရဟတ်ယာဉ်တွေဆိုရင် အခု တရုတ်နဲ့အငြင်းပွားတဲ့ လာဒက်ဒေသတွင်းမှာ ဖြန့်ချထားခဲ့ပြီးပါပြီ။

အိန္ဒိယရဲ့ လက်နက်ဝယ်ယူမှုဒီဂရီ မြင့်တက်နေခြင်းက တရုတ်စစ်တပ်နဲ့ အားကောင်းကောင်း ရင်ဆိုင်နိုင်ဖို့ဖြစ်ပေမယ့် အတိုင်းအတာတစ်ခုတော့ ရှိနေပါတယ်။

အိန္ဒိယဟာ ခေတ်မီလက်နက်တချို့ ဝယ်နိုင်ပါလိမ့်မယ်၊ ဒါပေမယ့် စစ်မှန်တဲ့ တစ်ကယ့်တိုက်စွမ်းရည်ကိုတော့ ဝယ်မရနိုင်ပါဘူး၊ ခေတ်သစ်စစ်ရေးနည်းပညာဆိုတာ စနစ်တကျဖွဲ့စည်းပြင်ဆင်တဲ့စနစ်ပေါ် အခြေခံပါတယ်လို့ ပေကျင်းက တရုတ်စစ်ရေးအကဲခတ်က ဝေဖန်ခဲ့ပါကြောင်း။

#Stand By Myanmar
#(မင်းမြတ်စံ)


(Zawgyi)


အိႏၵိယနဲ႔တ႐ုတ္အၾကား နယ္စပ္အျငင္းပြားမႈေၾကာင့္ ဆက္ဆံေရးတင္းမာလာၿပီးေနာက္ အိႏၵိယကို စစ္လက္နက္ေရာင္းခ်ဖို႔ ႐ုရွားနဲ႔ အေမရိကန္က အလုအယက္ႀကိဳးပမ္းေနတယ္လို႔ ေဆာက္ခ်ိဳင္းနားေမာနင္းပို႔စ္သတင္းစာႀကီးက ေဖာ္ျပလိုက္ပါတယ္။

ေဒၚလာ ၂ ဒသမ ၄ ဘီလီယံတန္ ႐ုရွားစစ္ေလယာဥ္သစ္ ၃၃ စင္း ဝယ္ယူေရးနဲ႔ ရွိၿပီးတိုက္ေလယာဥ္ ၅၉ စင္းကို အဆင့္ျမႇင့္တင္ေရး အဆိုျပဳခ်က္ကို အတည္ျပဳဖို႔ အိႏၵိယအစိုးရဟာ လြန္ခဲ့တဲ့အပတ္က ေလာေဆာ္ခဲ့ပါတယ္။



အိႏၵိယစစ္သည္ ၂၀ ေသေၾကခဲ့ရတဲ့ တ႐ုတ္စစ္သည္ေတြနဲ႔ အခ်င္းမ်ားမႈ ျဖစ္ပြားခဲ့တဲ့ လြန္ခဲ့တဲ့လက ျဖစ္စဥ္ေနာက္မွာ ေဒၚလာ ၅ ဒသမ ၄၃ ဘီလီယံတန္ ႐ုရွားလုပ္ S-400 ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ ဝယ္ယူဖို႔လည္း ညႇိႏႈိင္းခဲ့ၿပီးပါၿပီ။

႐ုရွားနဲ႔ တ႐ုတ္ရဲ႕ နီးကပ္တဲ့ ဆက္ႏြယ္မႈေၾကာင့္ ႐ုရွားအေပၚ အိႏၵိယရဲ႕အားထားရမႈအေပၚ ေမးခြန္းထုတ္မႈေတြလည္း ရွိလာခဲ့ၿပီး အင္ဒိုပစိဖိတ္ မဟာဗ်ဴဟာအတြက္ အိႏၵိယနဲ႔ ဆက္ဆံမႈတိုးျမႇင့္လာတဲ့ အေမရိကန္ျပည္ေထာင္စုဟာ အိႏၵိယကို လက္နက္ေရာင္းခ်ဖို႔ တြန္းအားေပးလာပါတယ္။

အိႏၵိယဟာ သူ႔ၾကက္ဥေတြအားလုံး ျခင္းေတာင္းတစ္ခုထဲ ထည့္ထားမွာမဟုတ္ဘူးလို႔ အမ်ားကယုံၾကည္ၾကၿပီး ႐ုရွားနဲ႔ေကာ အေမရိကန္နဲ႔ပါ ဆက္ဆံသြားမယ္လို႔ သုံးသပ္ေနၾကပါတယ္။



ႏိုင္ငံတကာလက္နက္ေဈးကြက္မွာ အိႏၵိယဟာ ထိပ္တန္းဝယ္ယူသူတစ္ဦးျဖစ္ၿပီး ႏွစ္စဥ္ ဘီလီယံခ်ီတန္တဲ့လက္နက္ေတြ ဝယ္ယူ တင္သြင္းပါတယ္။ လြန္ခဲ့တဲ့ ၁၀ ႏွစ္အတြင္း တျခားကမာၻ႔ဘယ္ႏိုင္ငံထက္မဆို ႏိုင္ငံျခားျဖစ္လက္နက္ဝယ္ဖို႔ ပိုက္ဆံပိုသုံးခဲ့ပါတယ္။

ဆိုဗီယက္ေခတ္ကထဲက ႐ုရွားစစ္လက္နက္ေတြကို အိႏၵိယက အႀကီးအက်ယ္ ဝယ္ယူခဲ့ပါတယ္။ ၂၀၀၀ ခုႏွစ္ကစၿပီး အိႏၵိယက ျပည္ပစစ္လက္နက္ ေဒၚလာ ၅၁ ဘီလီယံဖိုး ဝယ္ယူခဲ့ရာမွာ သုံးပုံႏွစ္ပုံေက်ာ္ျဖစ္တဲ့ ေဒၚလာ ၃၅ ဘီလီယံဖိုးေလာက္က ႐ုရွားစစ္လက္နက္ေတြပါ။

အိႏၵိယရဲ႕မဟာဗ်ဴဟာေျမာက္လက္နက္အမ်ားစုဟာလည္း ႐ုရွားကပဲလာပါတယ္။ အိႏၵိယရဲ႕ တစ္စင္းထဲေသာ ေလယာဥ္တင္သေဘၤာ INS Vikramaditya နဲ႔ ေလယာဥ္တင္သေဘၤာသုံး Mig-29 တိုက္ေလယာဥ္နဲ႔ Ka-31 ရဟတ္ယာဥ္ေတြ၊ န်ဴစြမ္းအင္သုံး တိုက္ခိုက္ေရးေရငုပ္သေဘၤာနဲ႔ T-90 ၊ T-72 ပင္မတိုက္ပြဲဝင္တင့္ကားေတြအားလုံး ႐ုရွားလုပ္ေတြပါ။ အိႏၵိယေလတပ္ရဲ႕ အဓိကတိုက္ေလယာဥ္ Su-30 MK1 ေတြကိုလည္း အိႏၵိယမွာ လိုင္စင္နဲ႔ထုတ္လုပ္ခြင့္ရယူထားၿပီး အိႏၵိယရဲ႕ န်ဴကလီးယားလက္နက္ တပ္ဆင္ႏိုင္တဲ့ တစ္မ်ိဳးထဲေသာ သံလြန္ျမန္ခ႐ုဇ္ဒုံးက်ည္ ဘရာမိုစ္ကလည္း ႐ုရွားကပဲ လာတာပါ။

ႏႈိင္းယွဥ္ခ်က္အေနနဲ႔ အေမရိကန္လက္နက္ေတြ အိႏၵိယဝယ္ယူမႈကေတာ့ လြန္ခဲ့တဲ့ႏွစ္ ၂၀ အတြင္းမွာမွ ေဒၚလာ ၃ ဒသမ ၉ ဘီလီယံဖိုးပဲ ရွိပါတယ္။ ဒါေပမယ့္ ၂၀၁၀ ခုႏွစ္ကစလို႔ အိႏၵိယရဲ႕ အေမရိကန္လက္နက္ဝယ္ယူမႈဟာ တဟုန္ထိုးျမင့္တက္လာၿပီး အစၥေရးနဲ႔ ျပင္သစ္ကိုေတာင္ ျဖတ္ေက်ာ္ခဲ့ပါတယ္။



အိႏၵိယဟာ အေမရိကန္လုပ္ ဘိုးအင္း C-17 နဲ႔ C-130 J သယ္ယူပို႔ေဆာင္ေရးေလယာဥ္ႀကီးေတြ သုံးစြဲေနပါတယ္။ ဒီႏွစ္အေစာပိုင္းမွာ ေဒၚလာ ၃ ဘီလီယံတန္ေၾကးရွိ ရဟတ္ယာဥ္ေတြအပါအဝင္ အေမရိကန္လုပ္ လက္နက္ကိရိယာေတြဝယ္ယူဖို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို အိႏၵိယဝန္ႀကီးခ်ဳပ္ နာရန္ျဒာမိုဒီက ကတိျပဳခဲ့ပါတယ္။

အင္ဒိုပစိဖိတ္ေဒသမွာ တ႐ုတ္ကိုတန္ျပန္ေရး ရည္႐ြယ္တယ္လို႔ သုံးသပ္ၾကၿပီး ႏွစ္ႏိုင္ငံအၾကား နီးကပ္တဲ့ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈေတြလည္း လုပ္ေဆာင္လာခဲ့ပါတယ္။

အိႏၵိယလက္နက္ေဈးကြက္က ဘီလီယံခ်ီတဲ့ ေဈးကြက္ေဝစုႀကီးႀကီးရဖို႔ အလြန္ခက္ခဲခဲ့တဲ့အေျခအေနမွာ အခြင့္အေရးကို ထရမ့္အစိုးရက လက္လြတ္ခံမွာမဟုတ္ဘူးလို႔ ေပက်င္းအေျခစိုက္ စစ္ေရးအကဲခတ္တစ္ဦးက ေျပာပါတယ္။



႐ုရွားႏိုင္ငံပိုင္ ကာကြယ္ေရးလုပ္ငန္းေတြနဲ႔ ေဒၚလာ ၁၅ သန္းေက်ာ္ ေငြေၾကးအလႊဲအေျပာင္းရွိသူေတြကို ဒဏ္ခတ္တဲ့ ၂၀၁၇ အေမရိကန္ဥပေဒတစ္ရပ္ရွိၿပီး ဒီဥပေဒကေန အိႏၵိယကို ကင္းလြတ္ခြင့္ေပးဖို႔ေတာ့ လိုအပ္ပါတယ္။

ဒီႏွစ္အေစာပိုင္းမွာ အေမရိကန္က Super F-16 ဂ်က္တိုက္ေလယာဥ္ေတြကို အိႏၵိယမွာ တပ္ဆင္ထုတ္လုပ္ဖို႔ ကမ္းလွမ္းခဲ့ၿပီး ႐ုရွား S-400 ေလကာစနစ္နဲ႔ၿပိဳင္ဘက္ လက္နက္စနစ္ေတြကိုလည္း ေရာင္းေပးမယ္လို႔ အဆိုျပဳခဲ့ပါတယ္။

အေမရိကန္လုပ္ အပါခ်ီနဲ႔ ခ်ီႏြတ္ ရဟတ္ယာဥ္ေတြဆိုရင္ အခု တ႐ုတ္နဲ႔အျငင္းပြားတဲ့ လာဒက္ေဒသတြင္းမွာ ျဖန႔္ခ်ထားခဲ့ၿပီးပါၿပီ။

အိႏၵိယရဲ႕ လက္နက္ဝယ္ယူမႈဒီဂရီ ျမင့္တက္ေနျခင္းက တ႐ုတ္စစ္တပ္နဲ႔ အားေကာင္းေကာင္း ရင္ဆိုင္ႏိုင္ဖို႔ျဖစ္ေပမယ့္ အတိုင္းအတာတစ္ခုေတာ့ ရွိေနပါတယ္။

အိႏၵိယဟာ ေခတ္မီလက္နက္တခ်ိဳ႕ ဝယ္ႏိုင္ပါလိမ့္မယ္၊ ဒါေပမယ့္ စစ္မွန္တဲ့ တစ္ကယ့္တိုက္စြမ္းရည္ကိုေတာ့ ဝယ္မရႏိုင္ပါဘူး၊ ေခတ္သစ္စစ္ေရးနည္းပညာဆိုတာ စနစ္တက်ဖြဲ႕စည္းျပင္ဆင္တဲ့စနစ္ေပၚ အေျခခံပါတယ္လို႔ ေပက်င္းက တ႐ုတ္စစ္ေရးအကဲခတ္က ေဝဖန္ခဲ့ပါေၾကာင္း။

#Stand By Myanmar
#(မင္းျမတ္စံ)

Post a Comment

Previous Post Next Post