(Unicode)


သားညီကိုတော့ မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေကောင်းကောင်းသိကြမှာပါ။သားညီကအကယ်ဒမီမင်းသားကြီး ဒွေးရဲ့ညီအရင်းဖြစ်ပြီး လက်ရှိမှာတော့ ရုပ်ရှင်ဒါရိုက်တာအဖြစ်နဲ့လည်း ရပ်တည်နေလျက်ရှိပါတယ်။သားညီက သူ့ရဲ့အနုပညာအလုပ်တွေကို မနားတမ်းကြိုးစားနေပေမယ့် ယခုအချိန်ထိ ပရိသတ်တွေရဲ့ အသိအမှတ်ပြုမခံရသေးဘူးလို့ဆိုလာပါတယ်



“လူရာဝင်အောင် ဘာတွေလုပ်ရလဲဗျ ! အစွမ်းရှိသလောက်တော့ အလုပ်ကိုကြိုးစားပြီး စေတနာထား လုပ်ခဲ့တာပါပဲ။ အခုအချိန်အထိ နေရာပေး အသိအမှတ်ပြု မခံရတာတော့ ကျွန်တော် ညံ့နေသေးလို့နေမှာပါ။ နှစ်ဆတိုးပြီး ကြိုးစားရဦးမှာပေါ့ …” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး ပရိသတ်တွေကို ရင်ဖွင့်ပြောဆိုလာပါတယ်။


သားညီကတော့ သူ့ရဲ့ ဘဝတစ်လျှောက်လုံးနီးပါးကို အနုပညာအပေါ် စိတ်ရောကိုယ်ပါ နစ်ပြီး ဆောင်ရွက်ခဲ့ပေမယ့် ထင်သလောက် အရာမထင်ခဲ့တာကို စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။သားညီတစ်ယောက် စိတ်ဓာတ်မကျပဲ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နိုင်အောင် Celepedia ပရိသတ်တွေက အားပေးလိုက်ကြဦးနော်။

Source-Thar Nyi’s fb


(Zawgyi)










Source-Thar Nyi’s fb

Post a Comment

Previous Post Next Post