(Unicode)

ပန်းသည်ဖခင်အပေါ် ကျေးဇူးသိတတ်တဲ့ ထိုင်းနိုင်ငံက ဘွဲ့ရကျောင်းသား အား လူများစွာက ချီကျူး

ထိုင်းနိုင်ငံမှာ ဘွဲ့ရကျောင်းသားတစ်ဦးက ပန်းကုံးတွေရောင်းကာ ဝမ်းစာရှာဖွေရတဲ့ ဖခင်ရဲ့ ခြေရင်း ဝပ်တွားကန်တော့ခဲ့တဲ့ ဓါတ်ပုံဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။



ဖခင် ပန်းသည်ကြီးထံမှာ လူအဖြစ် မွေးဖွားလာခဲ့ရတာ သူ့အတွက်တော့ ကံကောင်းခဲ့ပါတယ်လို့အသက် ၂၂ နှစ်အရွယ် ဘွဲ့ရကျောင်းသား ဖာရူးဟတ်စ် က သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့ပြီးနောက် ဘဝမမေ့ခဲ့ဘဲ ပန်းရောင်း ငွေရှာရင်း ကျောင်းထားပေးခဲ့တဲ့ ဖခင်အပေါ် ကျေးဇူးသိတတ်ခဲ့တာကြောင့် လူများစွာက သူ့ကို ချီကျူးခဲ့ကြပါတယ်။



မိမိတို့အနေနဲ့ မိမိတို့မိဘတွေရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်နဲ့ ပတ်သက်လို့ လုံးဝ မရှက်သင့်ကြောင်း၊ လူတိုင်းလူတိုင်းဟာ သူတို့အိပ်မက်တွေကို အောင်မြင်စွာဖန်တီးပုံဖော်နိုင်တယ်လို့ မိမိ ယုံကြည်ပါကြောင်း သူက ပြောဆိုပါတယ်။ ဒါ့အပြင် ကျောင်းသားတွေ အနေနဲ့ ပညာသင်ကြားရတာ ပင်ပန်းငြီးငွေ့လို့ယူဆရင် မိမိတို့တွေကို ခက်ခဲကြမ်းတမ်းစွာ လုပ်ကိုင်ရင်း ကျောင်းထားပေးခဲ့တဲ့ မိဘအုပ်ထိန်းသူတွေကို ပထမဦးစွာ သတိရစဉ်းစားသင့်ကြောင်း သူက တိုက်တွန်းခဲ့ပါတယ်။

သူ့ရဲ့ ပို့စ်ကို share သူများစွာရှိခဲ့သလို သူ့ရဲ့ စိတ်ထားနဲ့ လုပ်ရပ်အပေါ် ချီးကျူး ဂုဏ်ယူကြောင်း မှတ်ချက်တွေလည်း ပေးခဲ့ကြပါတယ်။

(Zawgyi)


ပန္းသည္ဖခင္အေပၚ ေက်းဇူးသိတတ္တဲ့ ထိုင္းႏိုင္ငံက ဘြဲ႕ရေက်ာင္းသား အား လူမ်ားစြာက ခ်ီက်ဴး

ထိုင္းႏိုင္ငံမွာ ဘြဲ႕ရေက်ာင္းသားတစ္ဦးက ပန္းကုံးေတြေရာင္းကာ ဝမ္းစာရွာေဖြရတဲ့ ဖခင္ရဲ႕ ေျခရင္း ဝပ္တြားကန္ေတာ့ခဲ့တဲ့ ဓါတ္ပုံဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။



ဖခင္ ပန္းသည္ႀကီးထံမွာ လူအျဖစ္ ေမြးဖြားလာခဲ့ရတာ သူ႔အတြက္ေတာ့ ကံေကာင္းခဲ့ပါတယ္လို႔အသက္ ၂၂ ႏွစ္အ႐ြယ္ ဘြဲ႕ရေက်ာင္းသား ဖာ႐ူးဟတ္စ္ က သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္မွာ တင္ထားခဲ့ၿပီးေနာက္ ဘဝမေမ့ခဲ့ဘဲ ပန္းေရာင္း ေငြရွာရင္း ေက်ာင္းထားေပးခဲ့တဲ့ ဖခင္အေပၚ ေက်းဇူးသိတတ္ခဲ့တာေၾကာင့္ လူမ်ားစြာက သူ႔ကို ခ်ီက်ဴးခဲ့ၾကပါတယ္။



မိမိတို႔အေနနဲ႔ မိမိတို႔မိဘေတြရဲ႕ အသက္ေမြးဝမ္းေက်ာင္း အလုပ္နဲ႔ ပတ္သက္လို႔ လုံးဝ မရွက္သင့္ေၾကာင္း၊ လူတိုင္းလူတိုင္းဟာ သူတို႔အိပ္မက္ေတြကို ေအာင္ျမင္စြာဖန္တီးပုံေဖာ္ႏိုင္တယ္လို႔ မိမိ ယုံၾကည္ပါေၾကာင္း သူက ေျပာဆိုပါတယ္။ ဒါ့အျပင္ ေက်ာင္းသားေတြ အေနနဲ႔ ပညာသင္ၾကားရတာ ပင္ပန္းၿငီးေငြ႕လို႔ယူဆရင္ မိမိတို႔ေတြကို ခက္ခဲၾကမ္းတမ္းစြာ လုပ္ကိုင္ရင္း ေက်ာင္းထားေပးခဲ့တဲ့ မိဘအုပ္ထိန္းသူေတြကို ပထမဦးစြာ သတိရစဥ္းစားသင့္ေၾကာင္း သူက တိုက္တြန္းခဲ့ပါတယ္။

သူ႔ရဲ႕ ပို႔စ္ကို share သူမ်ားစြာရွိခဲ့သလို သူ႔ရဲ႕ စိတ္ထားနဲ႔ လုပ္ရပ္အေပၚ ခ်ီးက်ဴး ဂုဏ္ယူေၾကာင္း မွတ္ခ်က္ေတြလည္း ေပးခဲ့ၾကပါတယ္။

Post a Comment

Previous Post Next Post