(Unicode)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာအုပ်စု၊ ပင်သာ ကျေးရွာတွင် ဇူလိုင်လ ၃ရက်နေ့က အသက်၁၄နှစ်အရွယ် သမီးဖြစ်သူကို ဖခင်အရင်းမှ သားမယာအဖြစ်ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မိခင်ဖြစ်သူက နေအိမ်တွင်မရှိဘဲ သားဖြစ်သူကို အပြင်သို့ သွားရောက် ရှာဖွေနေခိုက် ဖခင်ဦးကံထွန်း(၅၈ နှစ်)က ၎င်းအိမ်ယာဘေး အိမ်နေသည့် အသက် ၁၄နှစ် အရွယ် သမီးဖြစ်သူ၏ ခြင်ထောင်ထဲ ဝင်ရောက်ကာ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်နေစဉ် အဒေါ်ဖြစ်သူ တွေ့ရှိ၍ ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်းကြားခြင်းဟု ဆိုတယ်။

"ကျေးရွာအုပ်ချုပ်ရေးမှူးက အသက် ၁၄နှစ်အရွယ် အမျိုးသမီးငယ်ကို မေးမြန်းရာ လွန်ခဲ့သည့် ၂၀၂၀ခုနှစ် မေလ ရက်မမှတ်မိ နေ့လယ်၁၂နာရီအချိန်ခန့်က သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ပြီး 'ထုတ်ပြောလျှင် ရန်ဖြစ်လိမ့်မည်'ဟု ပြုကျင့်သူ ဖခင်အရင်းမှ ခြိမ်းခြောက်တားမြစ်ခဲ့ကြောင်း ပြောဆိုတယ်"ဟု ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ခဲ့သူ ဦးကံထွန်း (၅၈ နှစ်) အင်းငယ်ကျေးရွာအုပ်စု၊ ပင်သာကျေးရွာ နေထိုင်သူကို ပင်းတယမြို့မရဲစခန်းမှ (ပ) ၂၃/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၃၇၆ဖြင့် အမှုဖွင့် ဖမ်းဆီး၍ စစ်ဆေးအရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

Credit ဦးပြုံး(နိုင်ငံမျက်လုံး)/ ဓါတ်ပုံ-credit
Credit Top Phoenix Media Group

(Zawgyi)


ရွမ္းျပည္နယ္ေတာင္ပုိင္း၊ ဓႏုကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပင္းတယၿမိဳ႕နယ္၊ အင္းငယ္ေက်းရြာအုပ္စု၊ ပင္သာ ေက်းရြာတြင္ ဇူလုိင္လ ၃ရက္ေန႔က အသက္၁၄ႏွစ္အရြယ္ သမီးျဖစ္သူကို ဖခင္အရင္းမွ သားမယာအျဖစ္ျပဳက်င့္မႈ ျဖစ္ပြားခဲ႔ေႀကာင္း သိရွိရသည္။

မိခင္ျဖစ္သူက ေနအိမ္တြင္မရွိဘဲ သားျဖစ္သူကို အျပင္သို႔ သြားေရာက္ ရွာေဖြေနခိုက္ ဖခင္ဦးကံထြန္း(၅၈ ႏွစ္)က ၎အိမ္ယာေဘး အိမ္ေနသည့္ အသက္ ၁၄ႏွစ္ အရြယ္ သမီးျဖစ္သူ၏ ျခင္ေထာင္ထဲ ဝင္ေရာက္ကာ သားမယားအျဖစ္ ျပဳက်င့္ရန္ ၾကံစည္ေနစဥ္ အေဒၚျဖစ္သူ ေတြ႕ရွိ၍ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးထံ တိုင္းၾကားျခင္းဟု ဆိုတယ္။

"ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက အသက္ ၁၄ႏွစ္အရြယ္ အမ်ဳိးသမီးငယ္ကို ေမးျမန္းရာ လြန္ခဲ႔သည့္ ၂၀၂၀ခုႏွစ္ ေမလ ရက္မမွတ္မိ ေန႔လယ္၁၂နာရီအခ်ိန္ခန္႔က သားမယားအျဖစ္ တစ္ႀကိမ္ျပဳက်င့္ခဲ့ၿပီး 'ထုတ္ေျပာလွ်င္ ရန္ျဖစ္လိမ့္မည္'ဟု ျပဳက်င့္သူ ဖခင္အရင္းမွ ျခိမ္းေျခာက္တားျမစ္ခဲ႔ေႀကာင္း ေျပာဆိုတယ္"ဟု ရဲမွတ္တမ္းအရ သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္ခဲ႔သူ ဦးကံထြန္း (၅၈ ႏွစ္) အင္းငယ္ေက်းရြာအုပ္စု၊ ပင္သာေက်းရြာ ေနထိုင္သူကို ပင္းတယျမဳိ႕မရဲစခန္းမွ (ပ) ၂၃/၂၀၂၀၊ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ-၃၇၆ျဖင့္ အမႈဖြင့္ ဖမ္းဆီး၍ စစ္ေဆးအေရးယူ ေဆာင္ရြက္လၽွက္ရွိေၾကာင္း သတင္း ရရွိပါသည္။

Credit ဦးျပဳံး(ႏိုင္ငံမ်က္လုံး)/ ဓါတ္ပုံ-credit
Credit Top Phoenix Media Group

Post a Comment

Previous Post Next Post