(Unicode)


ဒီနေ့ အစည်းအဝေးမှာ ပြောသွား တာပါ။ ရုပ်ရှင်ရိုက်ကူးရာမှာ တစ်ယောက် နဲ့ တစ်ယောက် Social Distancing တွေနဲ့ ရိုက်ကူးဖို့ ခွင့်ပြုထားတာကြောင့် Love Scene တွေရိုက် ဖို့ အခက်တွေ့နေတဲ့ ပြဿနာကို ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေးက ဖြေရှင်းပေးခဲ့တာပါ။ Covid ကြောင့် ရပ်နားခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကား နဲ့ ရုပ်သံဇာတ်လမ်းတွဲ တွေကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြန်လည် ရိုက်ကူးခွင့်ပြုလိုက်ပြီဖြစ်ပေမယ့် ရိုက်ကွင်းတွေမှာ အချစ်ခန်း ရိုက်ရမယ့် မင်းသား၊မင်းသမီးတွေကိုတော့ အချစ်ခန်းရိုက်ပြီးရင် အိမ်မပြန် ရဘူးလို့ ဒီနေ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြုလုပ်တဲ့အွန်လိုင်း ဆွေးနွေးပွဲမှာ ကျန်းမာရေး နဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသွားခဲ့တာပါ။


“ Love Sceneတွေ ရိုက်လို့ရပါတယ်။ ရုပ်ရှင်မင်းသားနဲ့ မင်းသမီး ကို ငါးရက် ခေါ်ထားပြီး ကွာရန်တင်း လုပ်ပါ။ ငါးရက်ပြီးရင် Swab ယူပါ ပြီးတဲ့အထိ ဆက်တိုက် ရိုက်သွားလို့ပါတယ်။ စိတ်ချလက်ချ ရိုက်လို့ရပါတယ်။ သူတို့နှစ် ယောက် ကို ငါးရက်ခေါ်ထားရမယ်ပြီးရင် Swab ယူမယ် Negative ဆိုရင် အဲ့နှစ်ယောက်သည် ဘာလုပ်လုပ် လို့ရ သွားပြီ။ သူတို့ကို ရိုက်တဲ့ရိုက်ကွင်းကတော့ ၆ပေလောက်က ကိစ္စမရှိပေမယ့် တကယ့်အနီးကပ်ရိုက်တဲ့သူတွေ စိတ်ချ လက်ချ ရိုက်လို့ရပါပြီ။ သူတို့ကို အပြီးထိ တစ်ခါတည်း ရိုက်လိုက်ပါ။ အိမ်တော့ပြန်လွှတ် လို့ မရဘူးပေ့ါ ”  လို့ သူက ဆိုပါတယ်။




Covid ကြောင့် အနုပညာ လုပ်ငန်းတွေ ကို ၂၀၂၀ ခုနှစ် မတ်လ အစပိုင်းမှာ ကတည်းက ရပ်နားခဲ့ရတာ ဖြစ်ပြီး (၄) လအကြာမှာ အနုပညာလောကသား တွေအနေနဲ့ အလုပ်တွေ ပြန်လည်လုပ်ကိုင်ခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။ အနုပညာ လော ကသား တွေအနေနဲ့ ဇာတ်ကားရိုက်ကူးဖို့ ပြင်ဆင်ရာမှာ ကျန်းမာရေး ပိုင်းဆိုင်ရာကို လုံခြုံ၊ စိတ်ချဘေးကင်း မှုဖြစ်စေရန် အတွက် လိုအပ်သလို စစ်ဆေးနိုင်ဖို့ ဇာတ်ကား အမည်၊ တစ်ရက်အတွင်းဇာတ်ကား ရိုက်ကူးမည့်ရိုက် ကွင်းနေရာများ၊ ရိုက်ကူးသွား မည့် အချိန် တို့အပြင် ဇာတ်ကားထဲမှာ ပါဝင်သွားမယ့် အနုပညာရှင် လူဦးရေ အတိ အကျ တို့ကို အနည်းဆုံး အချိန် တစ်ပတ်ခန့်ယူပြီး ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင် မြှင့်တင်ရေး ဌာနခွဲသို့ တင်ပြလာဖို့လိုအပ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန် ထားတဲ့ ကြေညာချက် ထဲမှာ ပါရှိပါတယ်။

(Zawgyi)


ဒီေန႔ အစည္းအေဝးမွာ ေျပာသြား တာပါ။ ႐ုပ္ရွင္ရိုက္ကူးရာမွာ တစ္ေယာက္ နဲ႔ တစ္ေယာက္ Social Distancing ေတြနဲ႔ ရိုက္ကူးဖို႔ ခြင့္ျပဳထားတာေၾကာင့္ Love Scene ေတြရိုက္ ဖို႔ အခက္ေတြ႕ေနတဲ့ ျပႆနာကို ျပည္ေထာင္စု ဝန္ႀကီးေဒါက္တာျမင့္ေထြးက ေျဖရွင္းေပးခဲ့တာပါ။ Covid ေၾကာင့္ ရပ္နားခဲ့ရတဲ့ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကား နဲ႔ ႐ုပ္သံဇာတ္လမ္းတြဲ ေတြကို စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ ျပန္လည္ ရိုက္ကူးခြင့္ျပဳလိုက္ၿပီျဖစ္ေပမယ့္ ရိုက္ကြင္းေတြမွာ အခ်စ္ခန္း ရိုက္ရမယ့္ မင္းသား၊မင္းသမီးေတြကိုေတာ့ အခ်စ္ခန္းရိုက္ၿပီးရင္ အိမ္မျပန္ ရဘူးလို႔ ဒီေန႔ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျပဳလုပ္တဲ့အြန္လိုင္း ေဆြးေႏြးပြဲမွာ က်န္းမာေရး နဲ႔ အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာသြားခဲ့တာပါ။


“ Love Sceneေတြ ရိုက္လို ႔ရပါတယ္။ ႐ုပ္ရွင္မင္းသားနဲ႔ မင္းသမီး ကို ငါးရက္ ေခၚထားၿပီး ကြာရန္တင္း လုပ္ပါ။ ငါးရက္ၿပီးရင္ Swab ယူပါ ၿပီးတဲ့အထိ ဆက္တိုက္ ရိုက္သြားလို႔ပါတယ္။ စိတ္ခ်လက္ခ် ရိုက္လို႔ရပါတယ္။ သူတို႔ႏွစ္ ေယာက္ ကို ငါးရက္ေခၚထားရမယ္ၿပီးရင္ Swab ယူမယ္ Negative ဆိုရင္ အဲ့ႏွစ္ေယာက္သည္ ဘာလုပ္လုပ္ လို႔ရ သြားၿပီ။ သူတို႔ကို ရိုက္တဲ့ရိုက္ကြင္းကေတာ့ ၆ေပေလာက္က ကိစၥမရွိေပမယ့္ တကယ့္အနီးကပ္ရိုက္တဲ့သူေတြ စိတ္ခ် လက္ခ် ရိုက္လို႔ရပါၿပီ။ သူတို႔ကို အၿပီးထိ တစ္ခါတည္း ရိုက္လိုက္ပါ။ အိမ္ေတာ့ျပန္လႊတ္ လို႔ မရဘူးေပ့ါ ”  လို႔ သူက ဆိုပါတယ္။


Covid ေၾကာင့္ အႏုပညာ လုပ္ငန္းေတြ ကို ၂၀၂၀ ခုႏွစ္ မတ္လ အစပိုင္းမွာ ကတည္းက ရပ္နားခဲ့ရတာ ျဖစ္ၿပီး (၄) လအၾကာမွာ အႏုပညာေလာကသား ေတြအေနနဲ႔ အလုပ္ေတြ ျပန္လည္လုပ္ကိုင္ခြင့္ ရရွိခဲ့ၿပီျဖစ္ပါတယ္။ အႏုပညာ ေလာ ကသား ေတြအေနနဲ႔ ဇာတ္ကားရိုက္ကူးဖို႔ ျပင္ဆင္ရာမွာ က်န္းမာေရး ပိုင္းဆိုင္ရာကို လုံျခဳံ၊ စိတ္ခ်ေဘးကင္း မႈျဖစ္ေစရန္ အတြက္ လိုအပ္သလို စစ္ေဆးနိုင္ဖို႔ ဇာတ္ကား အမည္၊ တစ္ရက္အတြင္းဇာတ္ကား ရိုက္ကူးမည့္ရိုက္ ကြင္းေနရာမ်ား၊ ရိုက္ကူးသြား မည့္ အခ်ိန္ တို႔အျပင္ ဇာတ္ကားထဲမွာ ပါဝင္သြားမယ့္ အႏုပညာရွင္ လူဦးေရ အတိ အက် တို႔ကို အနည္းဆုံး အခ်ိန္ တစ္ပတ္ခန႔္ယူၿပီး ျပန္ၾကားေရး ဝန္ႀကီးဌာနႏွင့္ ျပည္သူ႔ ဆက္ဆံေရး ဦးစီးဌာန၊ ႐ုပ္ရွင္ ျမႇင့္တင္ေရး ဌာနခြဲသို႔ တင္ျပလာဖို႔လိုအပ္ေၾကာင္း ျပန္ၾကားေရး ဝန္ႀကီးဌာနႏွင့္ က်န္းမာေရး ဝန္ႀကီးဌာန ထုတ္ျပန္ ထားတဲ့ ေၾကညာခ်က္ ထဲမွာ ပါရွိပါတယ္။

Post a Comment

Previous Post Next Post