(Unicode)


ဖွားဘက်တော် တစ်စုံလုံး အား ဘရိတ်ဒါးဖြင့် ကိုယ်တိုင် ဖြတ်တောက်ထားမှုဖြစ်ပွား

ပေါင် ဇူလိုင် ၈ အရက်သောက်ထားသူအမျိုးသားတစ်ဦးမှ မိမိငယ်ပါ တစ်စုံလုံး (ကြက်ဥနှစ်လုံး နှင့် ငှက်ပျောသီးအပါအဝင်)အား ဘရိတ်ဒါးဖြင့်လှီးဖြတ်ပြီး ၎င်း၏အနီး သွေးအိုင်ထဲတွင် ပုံထားသည်ကို ပတ်ဝန်းကျင်မှတွေ့ရှိသဖြင့် လူနာတင်ကား ဖြင့် ဆေး ရုံသို့ပို့ဆောင်ထားဟုသိရသည်။



ဇှုလိုင် ၆ ရက် ညနေ ၅ နာရီခန့် အချိန်က ပေါင်မြို့နယ် ကျွဲခြံကျေးရွာ ကရင်ချောင်ပိုင်းရှိ ဦးသိန်းလှိုင်၏ ဥယျာဉ်ခြံ စောင့် လုပ်သား ကျော်ဦး (ဘ)ဦးတင်အောင် အသက် (၄၇) နှစ်ကျော်ခန့်သည် အဆိုပါခြံထဲ၌ လဲကျနေသည်ကို ပတ်ဝန်းကျင်မှတွေ့ရှိသဖြင့်သွားကြည့်ခဲ့ကြကြောင်း



ကျော်ဦးသည် မိမိ၏ ငယ်ပါ ဖွားဘက်တော် တစ်စုံလုံးအား အရင်းကနေပြီး ဘရိတ်ဒါးဖြင့်လှီးဖြတ်၍ ပုံ ထားခဲ့သည်ဟုဆိုသည် လူမှုကူညီရေးအသင်းကားဖြင့်ပေါင်ဆေးရုံသို့ပို့ဆောင် ပေးခဲ့သော်လည်း ဒဏ်ရာအခြေအနေများသဖြင့်မော်လမြိုင် မြို့ပြည်သူ့ဆေး ရုံကြီးသို့ ဆက်လက် လွှဲပြောင်းကုသနေဆဲဖြစ်ကြောင်း သိရသည်။



“ဒီလို ဒဏ်ရာက ကျွန်တော်တို့ဆေးရုံမှာကုဖို့ အဆင်မပြေဘူး အဲ့ဒါကြောင့် မော်လမြိုင်ကို လွှဲပေးခဲ့တာပါ ” ဟု ပေါင်မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဆရာဝန်ကြီးဒေါက်တာခင်မောင်ကြည်က မှတ်ချက်ပြုပြောဆိုခဲ့သည်။ အဆိုပါလူနာမှာ ယနေ့အထိတော့ အသက် သေဆုံးမှု မရှိဟု စုံစမ်းသိရသည်။

ဝရဇိန် ပေါင်

(Zawgyi)


ဖြားဘက္ေတာ္ တစ္စုံလုံး အား ဘရိတ္ဒါးျဖင့္ ကိုယ္တိုင္ ျဖတ္ေတာက္ထားမႈျဖစ္ပြား

ေပါင္ ဇူလိုင္ ၈ အရက္ေသာက္ထားသူအမ်ိဳးသားတစ္ဦးမွ မိမိငယ္ပါ တစ္စုံလုံး (ၾကက္ဥႏွစ္လုံး ႏွင့္ ငွက္ေပ်ာသီးအပါအဝင္)အား ဘရိတ္ဒါးျဖင့္လွီးျဖတ္ၿပီး ၎၏အနီး ေသြးအိုင္ထဲတြင္ ပုံထားသည္ကို ပတ္ဝန္းက်င္မွေတြ႕ရွိသျဖင့္ လူနာတင္ကား ျဖင့္ ေဆး ႐ုံသို႔ပို႔ေဆာင္ထားဟုသိရသည္။



ဇႈလိုင္ ၆ ရက္ ညေန ၅ နာရီခန္႔ အခ်ိန္က ေပါင္ၿမိဳ႕နယ္ ကြၽဲၿခံေက်း႐ြာ ကရင္ေခ်ာင္ပိုင္းရွိ ဦးသိန္းလႈိင္၏ ဥယ်ာဥ္ၿခံ ေစာင့္ လုပ္သား ေက်ာ္ဦး (ဘ)ဦးတင္ေအာင္ အသက္ (၄၇) ႏွစ္ေက်ာ္ခန္႔သည္ အဆိုပါၿခံထဲ၌ လဲက်ေနသည္ကို ပတ္ဝန္းက်င္မွေတြ႕ရွိသျဖင့္သြားၾကည့္ခဲ့ၾကေၾကာင္း



ေက်ာ္ဦးသည္ မိမိ၏ ငယ္ပါ ဖြားဘက္ေတာ္ တစ္စုံလုံးအား အရင္းကေနၿပီး ဘရိတ္ဒါးျဖင့္လွီးျဖတ္၍ ပုံ ထားခဲ့သည္ဟုဆိုသည္ လူမႈကူညီေရးအသင္းကားျဖင့္ေပါင္ေဆး႐ုံသို႔ပို႔ေဆာင္ ေပးခဲ့ေသာ္လည္း ဒဏ္ရာအေျခအေနမ်ားသျဖင့္ေမာ္လၿမိဳင္ ၿမိဳ႕ျပည္သူ႔ေဆး ႐ုံႀကီးသို႔ ဆက္လက္ လႊဲေျပာင္းကုသေနဆဲျဖစ္ေၾကာင္း သိရသည္။



“ဒီလို ဒဏ္ရာက ကြၽန္ေတာ္တို႔ေဆး႐ုံမွာကုဖို႔ အဆင္မေျပဘူး အဲ့ဒါေၾကာင့္ ေမာ္လၿမိဳင္ကို လႊဲေပးခဲ့တာပါ ” ဟု ေပါင္ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွဆရာဝန္ႀကီးေဒါက္တာခင္ေမာင္ၾကည္က မွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။ အဆိုပါလူနာမွာ ယေန႔အထိေတာ့ အသက္ ေသဆုံးမႈ မရွိဟု စုံစမ္းသိရသည္။

ဝရဇိန္ ေပါင္

Post a Comment

Previous Post Next Post