(Unicode)

ပြီး ခဲ့တဲ့ ရက်အနည်းငယ်အတွင်း တရု တ်နိုင်ငံ အလယ်ပိုင်းနဲ့အရှေ့ပိုင်း နေရာဒေသတွေမှာ ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေခဲ့ပါတယ်။



နို င်ငံရဲ့ အကြီးဆုံး ရေချိုကန်ကြီး Poang တစ်လျှောက်ရှိ ရေလှောင်တမံတွေ ကျိုးပေါက်ခဲ့ပြီး ရေကန်ကြီးရဲ့ ရေမျက်နှာပြင် စံချိန်တင် မြင့်တက်ခဲ့ကြောင်း တရုတ်မိုးလေဝသဂြိုဟ်တုဌာန (National Weather Satellite Cetre) က ပြောပါတယ်။




ယ ခု သီတင်းပတ်အစောပိုင်းမှာ မြစ် ၃၃ စင်း စံချိန်တင် မြစ်ရေမြင့်တက်ခဲ့ပြီး ယန်ဇီမြစ် (Yangtze River) တစ်လျှောက်ရှိ နေရာဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက် ဖြစ်ပေါ်နေပါတယ်။




တ ရုတ်အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ လက်တ လော ဖြစ်ပေါ်နေခဲ့တဲ ရေကြီးမှုများအတွင်း လူ ၁၄၀ ခန့် သေဆုံးခဲ့ပြီး လူဦးရေ ၃၈ သန်း ရေဘေးကြုံနေခဲ့ရကာ နေအိမ် ၂၈,၀၀၀ ပျက်စီးခဲ့ကြောင်း အစိုးရစာရင်းတွေအရ သိရှိရပါတယ်။ ယခု ရေကြီးမှုတွေဟာ တရုတ်မှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။



ဇူ လိုင် ၁၅ ရက်နေ့မှာ ရေ အရင်းမြစ်ဝန်ကြီးဌာနက ထုတ်ပြန်မှုအရ ယန်ဇီမြစ်ရဲ့ အလယ်ပိုင်းနဲ့ အောက်ပိုင်းရှိ အဓိက မြစ်လက်တက်များ၊ Dongting ရေကန်နဲ့ Poyang ရေကန်တို့မှာ ရေများ တဖြည်းဖြည်း လျော့ကျနေခဲ့ကြောင်း သိရပါတယ်။ သို့သော် နိုင်ငံတစ်ဝှမ်းရှိ မြစ် ၉၈ စင်းရဲ့ မြစ်ရေအခြေအနေဟာ သတိပြုရမယ့် အနေအထားမှာ ရှိနေဆဲလို့ ဝန်ကြီးဌာနက ဆိုပါတယ်။



ရေ ကြီးမှုအတွင်း အဆောက်အအုံအချို့ ရေ ထဲသို့ ပြိုကျသွားခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ တရုတ်စစ်သားတွေက ရေဘေးကယ်ဆယ်ရေးမှာ ပါဝင်ဆောင်ရွက်နေကြပါတယ်။ တရုတ်နိုင်ငံမှာ လတ်တလော နှစ်များအတွင်း အဆိုးရွားဆုံး ရေကြီးမှုကို ၁၉၉၈ ခုနှစ်က အယ်လ်နီညို (El Nino) ရာသီဥတုဖြစ်စဥ်အတွင်း ကြုံခဲ့ရဖူးပြီး ထိုစဥ်က လူ ၄,၀၀၀ ကျော် သေဆုံးခဲ့ကြောင်းနဲ့ အများစုဟာ ယန်ဇီမြစ်အနီး နေရာဒေသတွေမှဖြစ်ကြောင်း သိရပါတယ်။


Duwun


(Zawgyi)


ၿပီး ခဲ့တဲ့ ရက္အနည္းငယ္အတြင္း တ႐ု တ္ႏိုင္ငံ အလယ္ပိုင္းနဲ႔အေရွ႕ပိုင္း ေနရာေဒသေတြမွာ ေရႀကီးမႈေတြ အႀကီးအက်ယ္ ျဖစ္ေပၚေနခဲ့ပါတယ္။





ႏို င္ငံရဲ႕ အႀကီးဆုံး ေရခ်ိဳကန္ႀကီး Poang တစ္ေလွ်ာက္ရွိ ေရေလွာင္တမံေတြ က်ိဳးေပါက္ခဲ့ၿပီး ေရကန္ႀကီးရဲ႕ ေရမ်က္ႏွာျပင္ စံခ်ိန္တင္ ျမင့္တက္ခဲ့ေၾကာင္း တ႐ုတ္မိုးေလဝသၿဂိဳဟ္တုဌာန (National Weather Satellite Cetre) က ေျပာပါတယ္။





ယ ခု သီတင္းပတ္အေစာပိုင္းမွာ ျမစ္ ၃၃ စင္း စံခ်ိန္တင္ ျမစ္ေရျမင့္တက္ခဲ့ၿပီး ယန္ဇီျမစ္ (Yangtze River) တစ္ေလွ်ာက္ရွိ ေနရာေဒသေတြမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ား ဆက္လက္ ျဖစ္ေပၚေနပါတယ္။





တ ႐ုတ္အလယ္ပိုင္းနဲ႔ အေရွ႕ပိုင္းမွာ လက္တ ေလာ ျဖစ္ေပၚေနခဲ့တဲ ေရႀကီးမႈမ်ားအတြင္း လူ ၁၄၀ ခန္႔ ေသဆုံးခဲ့ၿပီး လူဦးေရ ၃၈ သန္း ေရေဘးႀကဳံေနခဲ့ရကာ ေနအိမ္ ၂၈,၀၀၀ ပ်က္စီးခဲ့ေၾကာင္း အစိုးရစာရင္းေတြအရ သိရွိရပါတယ္။ ယခု ေရႀကီးမႈေတြဟာ တ႐ုတ္မွာ ႏွစ္ေပါင္း ၃၀ အတြင္း အဆိုး႐ြားဆုံး ျဖစ္တယ္လို႔လည္း ဆိုပါတယ္။



ဇူ လိုင္ ၁၅ ရက္ေန႔မွာ ေရ အရင္းျမစ္ဝန္ႀကီးဌာနက ထုတ္ျပန္မႈအရ ယန္ဇီျမစ္ရဲ႕ အလယ္ပိုင္းနဲ႔ ေအာက္ပိုင္းရွိ အဓိက ျမစ္လက္တက္မ်ား၊ Dongting ေရကန္နဲ႔ Poyang ေရကန္တို႔မွာ ေရမ်ား တျဖည္းျဖည္း ေလ်ာ့က်ေနခဲ့ေၾကာင္း သိရပါတယ္။ သို႔ေသာ္ ႏိုင္ငံတစ္ဝွမ္းရွိ ျမစ္ ၉၈ စင္းရဲ႕ ျမစ္ေရအေျခအေနဟာ သတိျပဳရမယ့္ အေနအထားမွာ ရွိေနဆဲလို႔ ဝန္ႀကီးဌာနက ဆိုပါတယ္။



ေရ ႀကီးမႈအတြင္း အေဆာက္အအုံအခ်ိဳ႕ ေရ ထဲသို႔ ၿပိဳက်သြားခဲ့မႈေတြလည္း ရွိခဲ့ပါတယ္။ ေထာင္နဲ႔ခ်ီတဲ့ တ႐ုတ္စစ္သားေတြက ေရေဘးကယ္ဆယ္ေရးမွာ ပါဝင္ေဆာင္႐ြက္ေနၾကပါတယ္။ တ႐ုတ္ႏိုင္ငံမွာ လတ္တေလာ ႏွစ္မ်ားအတြင္း အဆိုး႐ြားဆုံး ေရႀကီးမႈကို ၁၉၉၈ ခုႏွစ္က အယ္လ္နီညိဳ (El Nino) ရာသီဥတုျဖစ္စဥ္အတြင္း ႀကဳံခဲ့ရဖူးၿပီး ထိုစဥ္က လူ ၄,၀၀၀ ေက်ာ္ ေသဆုံးခဲ့ေၾကာင္းနဲ႔ အမ်ားစုဟာ ယန္ဇီျမစ္အနီး ေနရာေဒသေတြမွျဖစ္ေၾကာင္း သိရပါတယ္။

Duwun

Post a Comment

Previous Post Next Post