(Unicode)


မင်းသားချော ဇေရဲထက်ကတော့ အောင်မြင်မှုတွေရရှိပိုင်ဆိုင်လာတာနဲ့အမျှ သူ့ရဲ့ မိသားစုတွေအပေါ် တော်တော်လေး ကြည့်ရှုစောင့်ရှောက်ပေးသူတစ်ယောက်ဖြစ်ပါတယ်။ မနေ့က ဇူလိုင်လ (၁၁) ရက်နေ့မှာတော့ ဟန်ငြိမ်းဦးအကောင့်ပိုင်ရှင်တင်ခဲ့တဲ့ ဇေရဲထက်ရဲ့ အဖေဘက်ကအဖွားက တော်တော်လေး ဆင်းရဲဒုက္ခရောက်နေတယ်ဆိုတာနဲ့ ပက်သတ်ပြီး ဇေရဲထက်က ပရိသတ်တွေရဲ့ အထင်အမြင်လွဲခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး ဇေရဲထက်က အခုလိုပဲပြောထားတာကို တွေ့ရပါတယ်။


” ကျွန်တော်ကို မူကြိုကအစ (၁၀)တန်းထိအဘွား အမေ့ဘက်ကအဘွားလက်ပေါမှာကြီးပြင်းခဲ့သလို အမှတ်(၅)ကျောင်းမှာပဲနေခဲ့တာ။ ကျွန်တော့်ကို အဖေ့ဘက်ကအဘွားသာ တာဝန်ယူတဲ့စိတ်ရှိခဲ့ရင် အဖေ့ဘက်ကအဘွားဆီပဲ ကျောင်းတတ်မှာပေါ့ ကျောင်းတောင်မသိဘူး။ သိတတ်ခါစကတည်း အဖေ့ကိုလည်းချစ်ပါတယ်။ ဒါပေမယ့် မုန်းလည်းမုန်းတယ်။ အဖေကို အဖေလို့တောင်မခေါတတ်ဘူး။ ဝင်းမြင့်လို့ပဲခေါ်ခဲ့တယ်ဆိုကတည်စဉ်းစားပါ။ ရိုင်းစိုင်းတာမဟုတ်ဘူးနော်။ အတူမနေခဲ့တော့ အဖေဆိုတာမခေါ်တတ်ဘူး အဖေဆိုတဲ့လူနဲ့ တစ်ရက်တောင်အတူမနေခဲ့ရတော့ အဖေ့ဘက်ကအဘွားနဲ့ နေခဲ့ရလားဆိုတာစဉ်းစားပေါ့။ အမေ့ကို မလုပ်ကျွေး အရက်သောက်ပြီးနှိပ်စက်။ အမေ့ဘက်ကအဘွားဆီအမေကပြန်လာ ရွှေတွေငွေတွေစုမိတော့ ပြန်ပေါင်း၊ ကုန်ရင် အမေ့ကိုထိုးကြိတ် နှာခေါင်းကိုအုတ်နီခဲနဲ့ထုတာမြင်ခဲ့တဲ့ သားတစ်ယောက် ဘာမှမလုပ်ကျွေးပဲ နှိပ်စက်တဲ့အဖေကို သားဖြစ်သူက အခုထိအဖေဆိုတဲ့စိတ်နဲ့ သည်းခံခဲ့တယ်။


အမေ့ဘက်ကအဘွားက ဆန်စက်ထောင်ပေးတော့လည်း ဆန်ခိုးရောင်း အလုပ်ကိုလက်ကြောတင်းအောင်မလုပ်တော့ ဆန်စက်တောင်ရောင်းခဲ့ရတယ်။ အခုသတိရတယ်ကျေးဇူးပါအဘွား ကျွန်တော်လမ်းဘေးရောက်တုန်းက သတိရဘူးလား အိမ်ပေါကဆင်းတုန်းကထမင်းတလုတ်ခေါ်ကျွေးဖူးလား။ အမွေဆိုင်အိမ်တွေ လယ်တွေရောင်းတုန်းကကော သတိတချက်ရဘူးလား။ မမက်ပါဘူး အခုက အဘွားတော့ ကန်တော့ပါတယ်။ ဘယ်သူတွေက ဘယ်သားသမီးက အကုန်သမသွားတာလည်းဘယ်သားသမီးမြေးကိုအိမ်ပေါ်ခေါ်တင်ပြီးကျွေးတာလဲ? အရမ်းဝမ်းနည်းပါတယ်။ အဘွားကိုသနားပါတယ်။


အမေဘက်ကအဘွား အရင်းပြုတ်တဲ့အထိ ကျွန်တော်ကို(၁၀)တန်းအောင်တဲ့အထိထားပေးခဲ့တာရယ် ကျနော့်ကိုဂရုစိုက်ပေးခဲ့တာရယ်ဒါတွေက ကျွန်တော့ကိုသံယောဇဉ်ကော ပိုစေသလိုအရမ်းချစ်တယ်။ ဆံပင်ညပ်ဆိုင်မှာအလုပ်လုပ်ခဲ့ရတယ်။ အိတ်ဆွဲတောက်တိုမယ်ရ ဦးလေးဆိုင်မှာ စားပွဲထိုးလုပ်ရတယ်။ နှစ်လုံးရောင်းဖူးတယ်။ သက်ကယ်ရောင်းတယ်။ မီးသွေးရောင်းတယ်။ ဆိုင်ကယ်ကယ်ရီမောင်းတယ်။ စပယ်ရာလုပ်ဖူးတယ်။ ကျောက်ဆည်မှာထမင်းဆိုင်ဖွင့်ဘူးတယ်။ ဘဝစုံပေမယ့် အခုထိ မလိမ်စားဘူး ခိုးမစားဘူး သူများမျက်ရည်ပေါက်ကြီးငယ်ကျအောင်မလုပ်ဖူးဘူး အဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်လုံတယ်


ရန်ကုန်သွားတုန်းက ဘယ်အဘွားက မျက်ရည်ဝိုင်းဝိုင်းနဲ့ကားဂိတ်လိုက်ပို့ပေးခဲ့တာလဲ? ထမင်းဆိုင်ဖွင့်တုန်းက ဘယ်အဘွားက သွေးစုနာတွေပေါက်နေတာတောင်ကြက်ဥတွေထိုင်ကြော်ပေးခဲ့တာဘယ်အဘွားလဲ? မစော်ကားပါဘူး ကျွန်တော်အမေ့ဘက်ကအဘွားနဲ့ငယ်ငယ်ကတည်းကနေခဲ့တဲ့အတွက်အမေအရင်းထက်ပိုချစ်တယ်။ အခုချိန်ထိ ကျွန်တော်နေမကောင်းဘူးဆိုတာနဲ့ တန်းရောက်လာတတ်တာ ကျွန်တော်အမေဘက်ကအဘွား ဒေါ်ခင်ဌေးမြင့် ကျနော့်အမေပါ။ အဖေဘက်ကအဘွားကိုမချစ်တတ် သံယောဇဉ်မရှိပေမယ့် မရိုင်းစိုင်းတတ်ဘူး ” ဆိုကာ သူ့ရဲ့ မိသားစု အတွင်းရေးများကို ပြောပြပေးခဲ့တာ ဖြစ်ပါတယ်။


ပရိတ်သတ်ကြီးရေ အခုလောက်ဆိုရင် ဇေရဲထက်ရဲ့ စိတ်ရင်းစေတနာကိုလည်း နားလည်နိုင်မယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။



(Zawgyi)


မင္းသားေခ်ာ ေဇရဲထက္ကေတာ့ ေအာင္ျမင္မႈေတြရရွိပိုင္ဆိုင္လာတာနဲ႔အမွ် သူ႔ရဲ႕ မိသားစုေတြအေပၚ ေတာ္ေတာ္ေလး ၾကည့္ရႈေစာင့္ေရွာက္ေပးသူတစ္ေယာက္ျဖစ္ပါတယ္။ မေန႔က ဇူလိုင္လ (၁၁) ရက္ေန႔မွာေတာ့ ဟန္ၿငိမ္းဦးအေကာင့္ပိုင္ရွင္တင္ခဲ့တဲ့ ေဇရဲထက္ရဲ႕ အေဖဘက္ကအဖြားက ေတာ္ေတာ္ေလး ဆင္းရဲဒုကၡေရာက္ေနတယ္ဆိုတာနဲ႔ ပက္သတ္ၿပီး ေဇရဲထက္က ပရိသတ္ေတြရဲ႕ အထင္အျမင္လြဲျခင္းကို ခံေနရတာ ျဖစ္ပါတယ္။ ထိုကိစၥနဲ႔ ပက္သတ္ၿပီး ေဇရဲထက္က အခုလိုပဲေျပာထားတာကို ေတြ႕ရပါတယ္။


” ကြၽန္ေတာ္ကို မူႀကိဳကအစ (၁၀)တန္းထိအဘြား အေမ့ဘက္ကအဘြားလက္ေပါမွာႀကီးျပင္းခဲ့သလို အမွတ္(၅)ေက်ာင္းမွာပဲေနခဲ့တာ။ ကြၽန္ေတာ့္ကို အေဖ့ဘက္ကအဘြားသာ တာဝန္ယူတဲ့စိတ္ရွိခဲ့ရင္ အေဖ့ဘက္ကအဘြားဆီပဲ ေက်ာင္းတတ္မွာေပါ့ ေက်ာင္းေတာင္မသိဘူး။ သိတတ္ခါစကတည္း အေဖ့ကိုလည္းခ်စ္ပါတယ္။ ဒါေပမယ့္ မုန္းလည္းမုန္းတယ္။ အေဖကို အေဖလို႔ေတာင္မေခါတတ္ဘူး။ ဝင္းျမင့္လို႔ပဲေခၚခဲ့တယ္ဆိုကတည္စဥ္းစားပါ။ ႐ိုင္းစိုင္းတာမဟုတ္ဘူးေနာ္။ အတူမေနခဲ့ေတာ့ အေဖဆိုတာမေခၚတတ္ဘူး အေဖဆိုတဲ့လူနဲ႔ တစ္ရက္ေတာင္အတူမေနခဲ့ရေတာ့ အေဖ့ဘက္ကအဘြားနဲ႔ ေနခဲ့ရလားဆိုတာစဥ္းစားေပါ့။ အေမ့ကို မလုပ္ေကြၽး အရက္ေသာက္ၿပီးႏွိပ္စက္။ အေမ့ဘက္ကအဘြားဆီအေမကျပန္လာ ေ႐ႊေတြေငြေတြစုမိေတာ့ ျပန္ေပါင္း၊ ကုန္ရင္ အေမ့ကိုထိုးႀကိတ္ ႏွာေခါင္းကိုအုတ္နီခဲနဲ႔ထုတာျမင္ခဲ့တဲ့ သားတစ္ေယာက္ ဘာမွမလုပ္ေကြၽးပဲ ႏွိပ္စက္တဲ့အေဖကို သားျဖစ္သူက အခုထိအေဖဆိုတဲ့စိတ္နဲ႔ သည္းခံခဲ့တယ္။


အေမ့ဘက္ကအဘြားက ဆန္စက္ေထာင္ေပးေတာ့လည္း ဆန္ခိုးေရာင္း အလုပ္ကိုလက္ေၾကာတင္းေအာင္မလုပ္ေတာ့ ဆန္စက္ေတာင္ေရာင္းခဲ့ရတယ္။ အခုသတိရတယ္ေက်းဇူးပါအဘြား ကြၽန္ေတာ္လမ္းေဘးေရာက္တုန္းက သတိရဘူးလား အိမ္ေပါကဆင္းတုန္းကထမင္းတလုတ္ေခၚေကြၽးဖူးလား။ အေမြဆိုင္အိမ္ေတြ လယ္ေတြေရာင္းတုန္းကေကာ သတိတခ်က္ရဘူးလား။ မမက္ပါဘူး အခုက အဘြားေတာ့ ကန္ေတာ့ပါတယ္။ ဘယ္သူေတြက ဘယ္သားသမီးက အကုန္သမသြားတာလည္းဘယ္သားသမီးေျမးကိုအိမ္ေပၚေခၚတင္ၿပီးေကြၽးတာလဲ? အရမ္းဝမ္းနည္းပါတယ္။ အဘြားကိုသနားပါတယ္။


အေမဘက္ကအဘြား အရင္းျပဳတ္တဲ့အထိ ကြၽန္ေတာ္ကို(၁၀)တန္းေအာင္တဲ့အထိထားေပးခဲ့တာရယ္ က်ေနာ့္ကိုဂ႐ုစိုက္ေပးခဲ့တာရယ္ဒါေတြက ကြၽန္ေတာ့ကိုသံေယာဇဥ္ေကာ ပိုေစသလိုအရမ္းခ်စ္တယ္။ ဆံပင္ညပ္ဆိုင္မွာအလုပ္လုပ္ခဲ့ရတယ္။ အိတ္ဆြဲေတာက္တိုမယ္ရ ဦးေလးဆိုင္မွာ စားပြဲထိုးလုပ္ရတယ္။ ႏွစ္လုံးေရာင္းဖူးတယ္။ သက္ကယ္ေရာင္းတယ္။ မီးေသြးေရာင္းတယ္။ ဆိုင္ကယ္ကယ္ရီေမာင္းတယ္။ စပယ္ရာလုပ္ဖူးတယ္။ ေက်ာက္ဆည္မွာထမင္းဆိုင္ဖြင့္ဘူးတယ္။ ဘဝစုံေပမယ့္ အခုထိ မလိမ္စားဘူး ခိုးမစားဘူး သူမ်ားမ်က္ရည္ေပါက္ႀကီးငယ္က်ေအာင္မလုပ္ဖူးဘူး အဲ့အတြက္ ကိုယ့္လိပ္ျပာကိုယ္လုံတယ္


ရန္ကုန္သြားတုန္းက ဘယ္အဘြားက မ်က္ရည္ဝိုင္းဝိုင္းနဲ႔ကားဂိတ္လိုက္ပို႔ေပးခဲ့တာလဲ? ထမင္းဆိုင္ဖြင့္တုန္းက ဘယ္အဘြားက ေသြးစုနာေတြေပါက္ေနတာေတာင္ၾကက္ဥေတြထိုင္ေၾကာ္ေပးခဲ့တာဘယ္အဘြားလဲ? မေစာ္ကားပါဘူး ကြၽန္ေတာ္အေမ့ဘက္ကအဘြားနဲ႔ငယ္ငယ္ကတည္းကေနခဲ့တဲ့အတြက္အေမအရင္းထက္ပိုခ်စ္တယ္။ အခုခ်ိန္ထိ ကြၽန္ေတာ္ေနမေကာင္းဘူးဆိုတာနဲ႔ တန္းေရာက္လာတတ္တာ ကြၽန္ေတာ္အေမဘက္ကအဘြား ေဒၚခင္ေဌးျမင့္ က်ေနာ့္အေမပါ။ အေဖဘက္ကအဘြားကိုမခ်စ္တတ္ သံေယာဇဥ္မရွိေပမယ့္ မ႐ိုင္းစိုင္းတတ္ဘူး ” ဆိုကာ သူ႔ရဲ႕ မိသားစု အတြင္းေရးမ်ားကို ေျပာျပေပးခဲ့တာ ျဖစ္ပါတယ္။


ပရိတ္သတ္ႀကီးေရ အခုေလာက္ဆိုရင္ ေဇရဲထက္ရဲ႕ စိတ္ရင္းေစတနာကိုလည္း နားလည္ႏိုင္မယ္လို႔ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။

Credit Original

Post a Comment

Previous Post Next Post