(Unicode)


ကျောင်းမုန့်ဈေးတန်း လုံးဝ မဖွင့် ရန် ညွှန်ကြား ထား၊ ကျောင်း သား များ ထမင်း နှင့် ရေ ကို အိမ် က ယူလာ ရမည်

ကိုဗစ် ရောဂါကာကွယ်ရေး အတွက် ကျောင်းများ ၌ ကျောင်း မုန့်ဈေးတန်း ဖွင့်ခွင့်မပြု ရန် ပညာရေး ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ အခြေခံပညာ ကျောင်းဝင်း အတွင်းရှိ ကျောင်းမုန့်ဈေးဆိုင်များ၊ ကျောင်းဝင်းအတွင်းသို့ ပြင်ပမှ မုန့်နှင့် အခြားစားသောက် ဖွယ်ရာများ လာရောက်ရောင်းချခြင်း လုံးဝခွင့် မပြုကြောင်း တိုင်းဒေသကြီး နှင့် ပြည်နယ်ပညာရေး မှှူးရုံးအချို့က အထက်တန်းအ ဆင့်ကျောင်းများ ပြန်ဖွင့်သည့် ဇူလိုင် နောက်ဆုံးပတ်တွင် ထပ်မံ ညွှန်ကြားထားခြင်းဖြစ်ပါတယ်။




ကျောင်းကို လာရင် ကိုယ့် မုန့်နဲ့ ကိုယ့်ရေနဲ့ ယူလာဖို့ ကျောင်းသားကျောင်းသူ တွေကို သူ့သက်ဆိုင်ရာ ကျောင်းတွေကလည်း မှာပါလိမ့်မယ်။ မုန့်စား ဆင်းချိန်ကလည်း ၁၅ မိနစ် လောက်ပဲ ပေးထားတဲ့ အတွက် အရင်လို အကြာကြီးတော့မဟုတ် ဘူး ဟု အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။



အခြေခံပညာ ကျောင်းများ တွင် ကိုဗစ်ရောဂါ ကူးစက်မှုမရှိစေရန် အတွက် ကျောင်းသား ကျောင်းသူများ တစ်နေ့တာ လိုအပ်မည့် အစာအာဟာရ (ထမင်း၊ မုန့်၊ ရေ) များကို ဖြစ်နိုင်လျှင် အိမ်မှ စီစဉ်ပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာနက မိဘ များကို တိုက်တွန်းထားပါတယ်။



ကျောင်းသား ကျောင်းသူ များ သည် အိမ်မှယူဆောင်လာ သော ထမင်း၊ မုန့်၊ ရေတို့ကို မိမိအတန်း၊ စာသင်ခုံတွင်သာ တစ်ဦးချင်းသီးခြားစားသုံးရမည် ဖြစ်ပြီး စုပေါင်း စားသုံးခြင်း လုံးဝ မလုပ်ရန် ကျောင်းစည်းကမ်း များ တွင် ထည့်သွင်း သတ်မှတ်ထားပါတယ်။

Credit Original


(Zawgyi)


ေက်ာင္းမုန႔္ေဈးတန္း လုံးဝ မဖြင့္ ရန္ ညႊန္ၾကား ထား၊ ေက်ာင္း သား မ်ား ထမင္း ႏွင့္ ေရ ကို အိမ္ က ယူလာ ရမည္

ကိုဗစ္ ေရာဂါကာကြယ္ေရး အတြက္ ေက်ာင္းမ်ား ၌ ေက်ာင္း မုန႔္ေဈးတန္း ဖြင့္ခြင့္မျပဳ ရန္ ပညာေရး ဝန္ႀကီးဌာနက ညႊန္ၾကားထားပါတယ္။ အေျခခံပညာ ေက်ာင္းဝင္း အတြင္းရွိ ေက်ာင္းမုန႔္ေဈးဆိုင္မ်ား၊ ေက်ာင္းဝင္းအတြင္းသို႔ ျပင္ပမွ မုန႔္ႏွင့္ အျခားစားေသာက္ ဖြယ္ရာမ်ား လာေရာက္ေရာင္းခ်ျခင္း လုံးဝခြင့္ မျပဳေၾကာင္း တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္ပညာေရး မွႉး႐ုံးအခ်ိဳ႕က အထက္တန္းအ ဆင့္ေက်ာင္းမ်ား ျပန္ဖြင့္သည့္ ဇူလိုင္ ေနာက္ဆုံးပတ္တြင္ ထပ္မံ ညႊန္ၾကားထားျခင္းျဖစ္ပါတယ္။




ေက်ာင္းကို လာရင္ ကိုယ့္ မုန႔္နဲ႔ ကိုယ့္ေရနဲ႔ ယူလာဖို႔ ေက်ာင္းသားေက်ာင္းသူ ေတြကို သူ႔သက္ဆိုင္ရာ ေက်ာင္းေတြကလည္း မွာပါလိမ့္မယ္။ မုန႔္စား ဆင္းခ်ိန္ကလည္း ၁၅ မိနစ္ ေလာက္ပဲ ေပးထားတဲ့ အတြက္ အရင္လို အၾကာႀကီးေတာ့မဟုတ္ ဘူး ဟု အေျခခံပညာ ဦးစီးဌာန ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။



အေျခခံပညာ ေက်ာင္းမ်ား တြင္ ကိုဗစ္ေရာဂါ ကူးစက္မႈမရွိေစရန္ အတြက္ ေက်ာင္းသား ေက်ာင္းသူမ်ား တစ္ေန႔တာ လိုအပ္မည့္ အစာအာဟာရ (ထမင္း၊ မုန႔္၊ ေရ) မ်ားကို ျဖစ္နိုင္လၽွင္ အိမ္မွ စီစဥ္ေပးရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ႏွင့္ ပညာေရးဝန္ႀကီးဌာနက မိဘ မ်ားကို တိုက္တြန္းထားပါတယ္။



ေက်ာင္းသား ေက်ာင္းသူ မ်ား သည္ အိမ္မွယူေဆာင္လာ ေသာ ထမင္း၊ မုန႔္၊ ေရတို႔ကို မိမိအတန္း၊ စာသင္ခုံတြင္သာ တစ္ဦးခ်င္းသီးျခားစားသုံးရမည္ ျဖစ္ၿပီး စုေပါင္း စားသုံးျခင္း လုံးဝ မလုပ္ရန္ ေက်ာင္းစည္းကမ္း မ်ား တြင္ ထည့္သြင္း သတ္မွတ္ထားပါတယ္။

Credit Original

Post a Comment

Previous Post Next Post