(Unicode)

၃ တန်းကျောင်းသူ အား အဓမ္မပြုကျင့်သူ ကို ဥပဒေအ ရ တိကျ မှန်ကန်စွာ အေ ရးယူပေး ရန် တောင်းဆို

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှာ အဓမ္မပြုကျင့်သူကို ဥပဒေအရ တိကျမှန်ကန်စွာ အရေးယူပေးဖို့ အဓမ္မပြုကျင့်ခံရတဲ့ ၃ တန်း ကျောင်းသူရဲ့ မိခင်က တောင်းဆိုပါတယ်။ အဓမ္မ ပြုကျင့်ခဲ့သူကို အရွယ်မရောက်သေးသူအဖြစ် ပြောင်းလဲအမှုဖွင့်လှစ်ခဲ့တဲ့အပြင် အာမခံပေးထားတဲ့အပေါ် တရားဥပဒေအရ တိတိကျကျမှန်မှန်ကန် ပြစ်ဒဏ်ပေးနိုင်ဖို့အတွက် တာဝန်ရှိသူတွေ ကူညီဆောင်ရွက်ပေးဖို့ ဇူလိုင် ၂၆ ရက်နေ့က အမှုဖွင့်လှစ်ခဲ့တဲ့ ၃ တန်းကျောင်းသူရဲ့ မိခင်က ဒီဗွီဘီကို ပြောပါတယ်။




လှိုင်းဘွဲ့မြို့နယ်၊ ထီလုံနယ်မြေရဲစခန်းက အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သူ မောင်ဝင်း (အသက် ၁၈ နှစ် ၁ လ)ကို အရွယ်ရောက်ပြီးသူအဖြစ် အမှုဖွင့်လှစ်ခဲ့ရာ မုဒိမ်းမှု ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် လှိုင်းဘွဲတရားရုံးကို တရားစွဲဆိုရာမှာ အသက်မပြည့်သေးတဲ့ လူငယ်အနေနဲ့ အမှုပြောင်းလဲဖွင့်လှစ်ခဲ့တဲ့အပေါ် အခုလို ပြောဆိုလိုက်တာပါ။ “ဒီလောက် ကလေးအပေါ် အကြိမ်ကြိမ်စော်ကားထားတာ။ အိမ်မှာလာပြီး ညှိနှိုင်းကြတယ်။ တခုပဲပြောချင်တယ်။ သားသမီးခြင်း ကိုယ်ချင်းစာစေချင်တယ်။ လူမဆန်တဲ့လုပ်ရပ်ကို ဥပဒေအရ မှန်မှန်ကန်ကန် အပြစ်ပေးဖို့ပဲ တောင်းဆိုချင်တယ်။”



လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုး ဆန်းဦးက “အဲဒါကတော့ လဝက အိမ်ထောင်စုစာရင်းအရ သူက အသက်ကမပြည့်ဘူးဖြစ်နေတယ်။ စိစစ်တွေ့ရှိအရ စာရွက်စာတမ်းအထောက်အထားနဲ့ တင်တဲ့အခါကျတော့ အသက်က မပြည့်သေးဖြစ်နေတယ်” လို့ ပြောပါတယ်။အမှုကို တရားစွဲတင်ခဲ့တဲ့နောက် မြို့နယ်တရားရုံးက အသက်မပြည့်သေးတဲ့အတွက် အာမခံပေးတာဖြစ်ပြီး အာမခံပေးတာက တရားရုံးအပိုင်ဖြစ်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ ထီလုံကျေးရွာမှာ ဧပြီ ၁၄ ရက် မနက်ပိုင်းက အသက် ၁၁ နှစ်အရွယ် ၃ တန်းကျောင်းသူဟာ ကျေးရွာအနီးက လယ်ကွင်းမှာ ဆိတ်ကျောင်းရင်း ထန်းပင်အောက်နားနေခိုက် တစ်ရွာတည်းနေ အိမ်နီးချင်းဖြစ်သူ မောင်းဝင်(ခ)စတီးရား(အသက် ၁၈ နှစ် ၁ လ) ရောက်ရှိလာပြီး အနီးရှိလယ်ကွက်အတွင်း ခေါ်ဆောင်သွားပြီး အလိုမတူဘဲ ၃ ကြိမ် အဓမ္မပြုကျင့်ခဲ့တာပါ။



ပြုကျင့်ခံရတဲ့ ဒဏ်ရာကို ဆေးကုသမှုခံယူနိုင်ဖို့ လှိုင်းဘွဲဆေးရုံကို ရဲဆေးစာနဲ့ ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံတာဝန်ရှိသူတွေက ဒဏ်ရာအခြေအနေကြောင့် ဘားအံဆေးရုံကြီးကို လွှဲပြောင်းဆေးကုသမှုခံယူစေခဲ့ရသလို့ လက်ရှိမှာ သမီးဖြစ်သူဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစာနေရတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ အရွယ်မရောက်သေးတဲ့သူကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သူကို အရေးယူပေးဖို့ မိခင်ဖြစ်သူက ထီလုံနယ်မြေရဲစခန်းကို တိုင်တန်းခဲ့တဲ့အတွက် မုဒိမ်းမှု ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးပြီး တရားစွဲတင်ခဲ့ရာမှာ တရားလိုအနေနဲ့ ရုံးချိန်း ၃ ခေါက် သွားရောက်အစစ်ခံရပြီး ဖြစ်ပါတယ်။

ဒီဗွီဘီ


(Zawgyi)


၃ တန္းေက်ာင္းသူ အား အဓမၼျပဳက်င့္သူ ကို ဥပေဒအ ရ တိက် မွန္ကန္စြာ အေ ရးယူေပး ရန္ ေတာင္းဆို

ကရင္ျပည္နယ္၊ လႈိင္းဘြဲၿမိဳ႕နယ္မွာ အဓမၼျပဳက်င့္သူကို ဥပေဒအရ တိက်မွန္ကန္စြာ အေရးယူေပးဖို႔ အဓမၼျပဳက်င့္ခံရတဲ့ ၃ တန္း ေက်ာင္းသူရဲ႕ မိခင္က ေတာင္းဆိုပါတယ္။ အဓမၼ ျပဳက်င့္ခဲ့သူကို အ႐ြယ္မေရာက္ေသးသူအျဖစ္ ေျပာင္းလဲအမႈဖြင့္လွစ္ခဲ့တဲ့အျပင္ အာမခံေပးထားတဲ့အေပၚ တရားဥပေဒအရ တိတိက်က်မွန္မွန္ကန္ ျပစ္ဒဏ္ေပးႏိုင္ဖို႔အတြက္ တာဝန္ရွိသူေတြ ကူညီေဆာင္႐ြက္ေပးဖို႔ ဇူလိုင္ ၂၆ ရက္ေန႔က အမႈဖြင့္လွစ္ခဲ့တဲ့ ၃ တန္းေက်ာင္းသူရဲ႕ မိခင္က ဒီဗြီဘီကို ေျပာပါတယ္။




လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ ထီလုံနယ္ေျမရဲစခန္းက အလိုမတူဘဲ အဓမၼျပဳက်င့္ခဲ့သူ ေမာင္ဝင္း (အသက္ ၁၈ ႏွစ္ ၁ လ)ကို အ႐ြယ္ေရာက္ၿပီးသူအျဖစ္ အမႈဖြင့္လွစ္ခဲ့ရာ မုဒိမ္းမႈ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ နဲ႔ ဖမ္းဆီးစစ္ေဆးခဲ့ၿပီးေနာက္ လႈိင္းဘြဲတရား႐ုံးကို တရားစြဲဆိုရာမွာ အသက္မျပည့္ေသးတဲ့ လူငယ္အေနနဲ႔ အမႈေျပာင္းလဲဖြင့္လွစ္ခဲ့တဲ့အေပၚ အခုလို ေျပာဆိုလိုက္တာပါ။ “ဒီေလာက္ ကေလးအေပၚ အႀကိမ္ႀကိမ္ေစာ္ကားထားတာ။ အိမ္မွာလာၿပီး ညႇိႏႈိင္းၾကတယ္။ တခုပဲေျပာခ်င္တယ္။ သားသမီးျခင္း ကိုယ္ခ်င္းစာေစခ်င္တယ္။ လူမဆန္တဲ့လုပ္ရပ္ကို ဥပေဒအရ မွန္မွန္ကန္ကန္ အျပစ္ေပးဖို႔ပဲ ေတာင္းဆိုခ်င္တယ္။”



လႈိင္းဘြဲၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႈး ရဲမႈး ဆန္းဦးက “အဲဒါကေတာ့ လဝက အိမ္ေထာင္စုစာရင္းအရ သူက အသက္ကမျပည့္ဘူးျဖစ္ေနတယ္။ စိစစ္ေတြ႕ရွိအရ စာ႐ြက္စာတမ္းအေထာက္အထားနဲ႔ တင္တဲ့အခါက်ေတာ့ အသက္က မျပည့္ေသးျဖစ္ေနတယ္” လို႔ ေျပာပါတယ္။အမႈကို တရားစြဲတင္ခဲ့တဲ့ေနာက္ ၿမိဳ႕နယ္တရား႐ုံးက အသက္မျပည့္ေသးတဲ့အတြက္ အာမခံေပးတာျဖစ္ၿပီး အာမခံေပးတာက တရား႐ုံးအပိုင္ျဖစ္တယ္လို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးက ေျပာပါတယ္။ ထီလုံေက်း႐ြာမွာ ဧၿပီ ၁၄ ရက္ မနက္ပိုင္းက အသက္ ၁၁ ႏွစ္အ႐ြယ္ ၃ တန္းေက်ာင္းသူဟာ ေက်း႐ြာအနီးက လယ္ကြင္းမွာ ဆိတ္ေက်ာင္းရင္း ထန္းပင္ေအာက္နားေနခိုက္ တစ္႐ြာတည္းေန အိမ္နီးခ်င္းျဖစ္သူ ေမာင္းဝင္(ခ)စတီးရား(အသက္ ၁၈ ႏွစ္ ၁ လ) ေရာက္ရွိလာၿပီး အနီးရွိလယ္ကြက္အတြင္း ေခၚေဆာင္သြားၿပီး အလိုမတူဘဲ ၃ ႀကိမ္ အဓမၼျပဳက်င့္ခဲ့တာပါ။



ျပဳက်င့္ခံရတဲ့ ဒဏ္ရာကို ေဆးကုသမႈခံယူႏိုင္ဖို႔ လႈိင္းဘြဲေဆး႐ုံကို ရဲေဆးစာနဲ႔ ပို႔ေဆာင္ခဲ့ေပမယ့္ ေဆး႐ုံတာဝန္ရွိသူေတြက ဒဏ္ရာအေျခအေနေၾကာင့္ ဘားအံေဆး႐ုံႀကီးကို လႊဲေျပာင္းေဆးကုသမႈခံယူေစခဲ့ရသလို႔ လက္ရွိမွာ သမီးျဖစ္သူဟာ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခံစာေနရတယ္လို႔ မိခင္ျဖစ္သူက ဆိုပါတယ္။ အ႐ြယ္မေရာက္ေသးတဲ့သူကို အလိုမတူဘဲ အဓမၼျပဳက်င့္ခဲ့သူကို အေရးယူေပးဖို႔ မိခင္ျဖစ္သူက ထီလုံနယ္ေျမရဲစခန္းကို တိုင္တန္းခဲ့တဲ့အတြက္ မုဒိမ္းမႈ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ နဲ႔ ဖမ္းဆီးၿပီး တရားစြဲတင္ခဲ့ရာမွာ တရားလိုအေနနဲ႔ ႐ုံးခ်ိန္း ၃ ေခါက္ သြားေရာက္အစစ္ခံရၿပီး ျဖစ္ပါတယ္။

ဒီဗြီဘီ

Post a Comment

Previous Post Next Post