(Unicode)

ဂျပန်ကမ်းလွန်က မြောက်ကိုရီးယား အလောင်းတွေပါတဲ့ သရဲစက်‌လှေတွေ…

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဂျပန်နိုင်ငံမြောက်ဘက်ကမ်းခြေမှာ မြောက်ကိုရီးယားနိုင်ငံသားတွေရဲ့ အလောင်းတွေပါတဲ့ ငါးဖမ်းစက်လှေပျက်တွေ ကမ်းလာလာတင်တတ်တယ်။

၂၀၁၇ က မြောက်ကိုရီးယားလှေအစင်း ၁၀၀ ကျော် ကမ်းလာတင်ပြီး အလောင်းက ၃၅ လောင်းပါတယ်။ နောက်နှစ်မှာ ၆၆ စင်း တွေ့တယ်။ သူရဲလှေ/တစ္ဆေသင်္ဘောလို့ ခေါ်ကြတဲ့ ဒီငါးဖမ်းလှေပျက်တွေ ဘာလို့လာတင်လဲ ဘယ်သူမှသေချာ မသိကြ။ ရာသီဥတုကြောင့်၊ ဟောင်းနေတဲ့စက်လှေတွေကြောင့်လို့ ထင်ကြေးပေးကြနဲ့။



မကြာခင်ကတော့ Global Fishing Watch ဆိုတဲပ iNGO တစ်ဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်တယ်။ ၂၀၁၇ နဲ့ ၂၀၁၈ အတွင်း အရှေ့မြောက်အာရှရဲ့ရေကြောင်းလမ်းတွေကို ဂြိုဟ်တုနည်းပညာသုံး ဆန်းစစ်လေ့လာပြီးထုတ်ပြန်တာ။ အခုလိုဖြစ်တာ တရုတ်ရဲ့ လျှို့ဝှက်ဖုံးကွယ်ထားတဲ့ ငါးဖမ်းသင်္ဘောအုပ်စုကြီးတွေကြောင့်လို့ ဆိုတယ်။



မြောက်ကိုရီးယားကမ်းလွန်မှာ ရာပေါင်းများစွာသော တရုတ်ငါးဖမ်းသင်္ဘောတွေ တွေ့ခဲ့ရပြီး အဲဒါကြောင့် မြောက်ကိုရီးယားငါးဖမ်းလှေတွေက ပိုဝေးတဲ့နေရာတွေဘက် ထွက်ဖမ်းရင်း လှေမကောင်းတာရယ် ရာသီဥတုရယ်ကြောင့် ဒုက္ခရောက်ကုန်ခဲ့တယ်လို့ သုံးသပ်ထားတယ်။ ငွေလိုနေတဲ့ မြောက်ကိုရီးယားအစိုးရက တရုတ်တွေကို ငါးဖမ်းခွင့် တိုးတိုးတိတ်တိတ် ရောင်းစားထားလို့ အိမ်ခံတံငါတွေက အဝေးကိုထွက်ဖမ်းရတဲ့သဘော။



၂၀၁၇ မှာ ပဲ့ထိန်းဒုံးကျည်တွေ အများကြီး ပစ်ခတ်ခြိမ်းခြောက်ခဲ့လို့ဆိုပြီး ကုလသမဂ္ဂက မြောက်ကိုရီးယားကို ဒဏ်ခတ် ပိတ်ဆို့ထားတယ်။ အဲဒီပိတ်ဆို့မှုအရ မြောက်ကိုရီးယားမှာ ငါးဖမ်းတာ ဒါမှမဟုတ် မြောက်ကိုရီးယားငါးကို ၀ယ်တာရောင်းတာ တရားမ၀င်ပါဘူး။ ဒါပေမယ့် ၂၀၁၇ မှာ တရုတ်ငါးဖမ်းသင်္ဘော ၉၀၀၊ ၂၀၁၈ မျာ အစင်း ၇၀၀ လောက် မြောက်ကိုရီးယားကမ်းလွန်မှာ ငါးဖမ်းတာ ဟန့်တားခဲ့သူ ရှိခဲ့ပုံမရ။



ပိတ်ဆို့မှုမတိုင်ခင် မြောက်ကိုရီးယားရဲ့ငါးဖမ်းလုပ်ငန်းက တစ်နှစ် ဒေါ်လာ သန်း ၃၀၀ လောက် တန်ကြေးရှိခဲ့တယ်။ တရုတ်တွေ အဓိက၀င်ဖမ်းတာက တန်ဘိုးကြီးပင်လယ်စာတစ်မျိုးဖြစ်မယ့် ပြည်ကြီးငါးပျံ။ မြောက်ကိုရီးယားကမ်းလွန်ကနေ ပြည်ကြီးငါးပျံ တန် ၁၆၀ ၀၀၀ ကျော် ဖမ်းခဲ့ပုံရတယ်။ နှစ်နှစ်အတွင်း ဖမ်းခဲ့တဲ့ အဲဒီပမာဏက တောင်ကိုရီးယားနဲ့ ဂျပန်နှစ်နိုင်ငံပေါင်း ဖမ်းကြတဲ့ တန်ချိန်လောက်ရှိပြီး ဒေါ်လာ သန်း ၄၄၀ ကျော်ဘိုးပဲ။

မြောက်ကိုရီးယားအနေနဲ့ ကိုယ့်ကမ်းလွန်မှာ ကိုယ့်ဘာသာငါးဖမ်းပြီး တစ်နည်းနည်းနဲ့ရောင်း(တရုတ်ကိုပဲဖြစ်ဖြစ် တိတ်တိတ်လေး)ရင် ပိုက်ဆံပိုမရနိုင်ဘူးလား တွေးစရာ။ ပိတ်ဆို့မှုကိုချိုးဖောက်ပြီး ၂၀၁၈ မှာ မြောက်ကိုရီးယားက ငါးဖမ်းခွင့်ရောင်းတာ ဒေါ်လာ သန်း ၁၂၀ လောက် ရတယ်လို့ ကုလကခန့်မှန်းခဲ့တယ်။ ပိုအကျိုးရှိမှာကတော့ တရုတ်ငါးဖမ်းသင်္ဘောတွေပါပဲ။



ကိုယ့်ကမ်းလွန်မှာ လိုင်စင်ရတရုတ်ငါးဖမ်းသင်္ဘောအုပ်စုကြီးတွေ ရှိနေလို့ ငါးဖမ်းခွင့်မသာတော့တဲ့ မြောက်ကိုရီးယား ငါးဖမ်းသမားတွေဟာ ဝေးကွာလှတဲ့ ရုရှားနဲ့ ဂျပန်ရေပြင်တွေဘက်ထိ သွားရောက်ငါးဖမ်းရာက ကံဆိုးတဲ့လှေတွေ ကြမ္မာဆိုးတိုးပြီး လှေပျက်တွေက ရေသင့်တဲ့ ဂျပန်ကမ်းခြေမှာ သွားတင်တာလို့ သုံးသပ်ကြပါကြောင်း။ (Stanby M)

(Zawgyi)


ဂ်ပန္ကမ္းလြန္က ေျမာက္ကိုရီးယား အေလာင္းေတြပါတဲ့ သရဲစက္‌ေလွေတြ…

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ဂ်ပန္ႏိုင္ငံေျမာက္ဘက္ကမ္းေျခမွာ ေျမာက္ကိုရီးယားႏိုင္ငံသားေတြရဲ႕ အေလာင္းေတြပါတဲ့ ငါးဖမ္းစက္ေလွပ်က္ေတြ ကမ္းလာလာတင္တတ္တယ္။

၂၀၁၇ က ေျမာက္ကိုရီးယားေလွအစင္း ၁၀၀ ေက်ာ္ ကမ္းလာတင္ၿပီး အေလာင္းက ၃၅ ေလာင္းပါတယ္။ ေနာက္ႏွစ္မွာ ၆၆ စင္း ေတြ႕တယ္။ သူရဲေလွ/တေစၦသေဘၤာလို႔ ေခၚၾကတဲ့ ဒီငါးဖမ္းေလွပ်က္ေတြ ဘာလို႔လာတင္လဲ ဘယ္သူမွေသခ်ာ မသိၾက။ ရာသီဥတုေၾကာင့္၊ ေဟာင္းေနတဲ့စက္ေလွေတြေၾကာင့္လို႔ ထင္ေၾကးေပးၾကနဲ႔။



မၾကာခင္ကေတာ့ Global Fishing Watch ဆိုတဲပ iNGO တစ္ဖြဲ႕က အစီရင္ခံစာထုတ္ျပန္လိုက္တယ္။ ၂၀၁၇ နဲ႔ ၂၀၁၈ အတြင္း အေရွ႕ေျမာက္အာရွရဲ႕ေရေၾကာင္းလမ္းေတြကို ၿဂိဳဟ္တုနည္းပညာသုံး ဆန္းစစ္ေလ့လာၿပီးထုတ္ျပန္တာ။ အခုလိုျဖစ္တာ တ႐ုတ္ရဲ႕ လွ်ိဳ႕ဝွက္ဖုံးကြယ္ထားတဲ့ ငါးဖမ္းသေဘၤာအုပ္စုႀကီးေတြေၾကာင့္လို႔ ဆိုတယ္။



ေျမာက္ကိုရီးယားကမ္းလြန္မွာ ရာေပါင္းမ်ားစြာေသာ တ႐ုတ္ငါးဖမ္းသေဘၤာေတြ ေတြ႕ခဲ့ရၿပီး အဲဒါေၾကာင့္ ေျမာက္ကိုရီးယားငါးဖမ္းေလွေတြက ပိုေဝးတဲ့ေနရာေတြဘက္ ထြက္ဖမ္းရင္း ေလွမေကာင္းတာရယ္ ရာသီဥတုရယ္ေၾကာင့္ ဒုကၡေရာက္ကုန္ခဲ့တယ္လို႔ သုံးသပ္ထားတယ္။ ေငြလိုေနတဲ့ ေျမာက္ကိုရီးယားအစိုးရက တ႐ုတ္ေတြကို ငါးဖမ္းခြင့္ တိုးတိုးတိတ္တိတ္ ေရာင္းစားထားလို႔ အိမ္ခံတံငါေတြက အေဝးကိုထြက္ဖမ္းရတဲ့သေဘာ။



၂၀၁၇ မွာ ပဲ့ထိန္းဒုံးက်ည္ေတြ အမ်ားႀကီး ပစ္ခတ္ၿခိမ္းေျခာက္ခဲ့လို႔ဆိုၿပီး ကုလသမဂၢက ေျမာက္ကိုရီးယားကို ဒဏ္ခတ္ ပိတ္ဆို႔ထားတယ္။ အဲဒီပိတ္ဆို႔မႈအရ ေျမာက္ကိုရီးယားမွာ ငါးဖမ္းတာ ဒါမွမဟုတ္ ေျမာက္ကိုရီးယားငါးကို ၀ယ္တာေရာင္းတာ တရားမ၀င္ပါဘူး။ ဒါေပမယ့္ ၂၀၁၇ မွာ တ႐ုတ္ငါးဖမ္းသေဘၤာ ၉၀၀၊ ၂၀၁၈ မ်ာ အစင္း ၇၀၀ ေလာက္ ေျမာက္ကိုရီးယားကမ္းလြန္မွာ ငါးဖမ္းတာ ဟန္႔တားခဲ့သူ ရွိခဲ့ပုံမရ။



ပိတ္ဆို႔မႈမတိုင္ခင္ ေျမာက္ကိုရီးယားရဲ႕ငါးဖမ္းလုပ္ငန္းက တစ္ႏွစ္ ေဒၚလာ သန္း ၃၀၀ ေလာက္ တန္ေၾကးရွိခဲ့တယ္။ တ႐ုတ္ေတြ အဓိက၀င္ဖမ္းတာက တန္ဘိုးႀကီးပင္လယ္စာတစ္မ်ိဳးျဖစ္မယ့္ ျပည္ႀကီးငါးပ်ံ။ ေျမာက္ကိုရီးယားကမ္းလြန္ကေန ျပည္ႀကီးငါးပ်ံ တန္ ၁၆၀ ၀၀၀ ေက်ာ္ ဖမ္းခဲ့ပုံရတယ္။ ႏွစ္ႏွစ္အတြင္း ဖမ္းခဲ့တဲ့ အဲဒီပမာဏက ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ႏွစ္ႏိုင္ငံေပါင္း ဖမ္းၾကတဲ့ တန္ခ်ိန္ေလာက္ရွိၿပီး ေဒၚလာ သန္း ၄၄၀ ေက်ာ္ဘိုးပဲ။

ေျမာက္ကိုရီးယားအေနနဲ႔ ကိုယ့္ကမ္းလြန္မွာ ကိုယ့္ဘာသာငါးဖမ္းၿပီး တစ္နည္းနည္းနဲ႔ေရာင္း(တ႐ုတ္ကိုပဲျဖစ္ျဖစ္ တိတ္တိတ္ေလး)ရင္ ပိုက္ဆံပိုမရႏိုင္ဘူးလား ေတြးစရာ။ ပိတ္ဆို႔မႈကိုခ်ိဳးေဖာက္ၿပီး ၂၀၁၈ မွာ ေျမာက္ကိုရီးယားက ငါးဖမ္းခြင့္ေရာင္းတာ ေဒၚလာ သန္း ၁၂၀ ေလာက္ ရတယ္လို႔ ကုလကခန္႔မွန္းခဲ့တယ္။ ပိုအက်ိဳးရွိမွာကေတာ့ တ႐ုတ္ငါးဖမ္းသေဘၤာေတြပါပဲ။



ကိုယ့္ကမ္းလြန္မွာ လိုင္စင္ရတ႐ုတ္ငါးဖမ္းသေဘၤာအုပ္စုႀကီးေတြ ရွိေနလို႔ ငါးဖမ္းခြင့္မသာေတာ့တဲ့ ေျမာက္ကိုရီးယား ငါးဖမ္းသမားေတြဟာ ေဝးကြာလွတဲ့ ႐ုရွားနဲ႔ ဂ်ပန္ေရျပင္ေတြဘက္ထိ သြားေရာက္ငါးဖမ္းရာက ကံဆိုးတဲ့ေလွေတြ ၾကမၼာဆိုးတိုးၿပီး ေလွပ်က္ေတြက ေရသင့္တဲ့ ဂ်ပန္ကမ္းေျခမွာ သြားတင္တာလို႔ သုံးသပ္ၾကပါေၾကာင္း။ (Stanby M)

Post a Comment

Previous Post Next Post