(Unicode)


ရင်စို့လုံးပတ် ၁၉ ပေ ၁၀လက်မ ရှိသော ကျောက်ပန်းပြားပင်ကြီးကို ပြည်နယ်အတွင်း အကြီးဆုံး အဖြစ်သတ်မှတ်
================================================================
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နေအိမ် ဝင်းအတွင်း တည်ရှိသော ရင်စို့လုံးပတ် ၁၉ ပေ ၁၀လက်မ အရွယ်ရှိသည့် ကျောက်ပန်းပြားပင်ကြီးကို ပြည်နယ်အတွင်းရှိ ကျောက်ပန်းပြားပင်များထဲတွင် အကြီးဆုံးအဖြစ် ရှမ်းပြည်နယ်သစ်တောဦးစီးဌာနကယခုလ ၂၁ ရက်က မှတ်တမ်းတင်နိုင်ခဲ့ကြောင်းသိရသည်။



အဆိုပါ ကျောက်ပန်းပြားပင်သည် အမြဲစိမ်းအပင်အမျိုးအစားဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၆၀ပေမှ အစပြု၍ ၉၅၁၀အထိ ပေါက်ရောက်နိုင်ပြီး ၁၉၀ ပေ အမြင့်ထိ ကြီးထွားနိုင်ကာ အဆောက်အဦနှင့် ပရိဘောဂများတွင် သုံးစွဲသည့်အပြင်ခဲတံပြုလုပ်ရာတွင် အကောင်းဆုံးသစ် ဖြစ်ကြောင်းသိရသည်။



ရှမ်းပြည်နယ် သစ်တောဦးစီးဌာနသည် ယခုအခါ အကြီးဆုံး တောင်ဇလပ်ပင်၊ ချယ်ရီပင်၊သရက္ခန်ပင်၊သနပ်ခါးပင်နှင့် ကျောက်ပန်းပြားပင်များကို မှတ်တမ်းတင်ထားကာ ၎င်းအပင်များထက် အရွယ်အစားကြီးမားသည့် အပင်ကြီးများ တွေ့ရှိပါက လက်ရှိ အကြီးဆုံးဖြစ်မှု အဆင့်ကို လိုအပ်သလို ပြင်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။

swh(ဓာတ်ပုံ-ရှမ်းပြည်နယ်သစ်တောဦးစီးဌာန)


(Zawgyi)


ရင္စို႔လုံးပတ္ ၁၉ ေပ ၁၀လက္မ ရွိေသာ ေက်ာက္ပန္းျပားပင္ႀကီးကို ျပည္နယ္အတြင္း အႀကီးဆုံး အျဖစ္သတ္မွတ္
================================================================
ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕၊ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ေနအိမ္ ဝင္းအတြင္း တည္ရွိေသာ ရင္စို႔လုံးပတ္ ၁၉ ေပ ၁၀လက္မ အ႐ြယ္ရွိသည့္ ေက်ာက္ပန္းျပားပင္ႀကီးကို ျပည္နယ္အတြင္းရွိ ေက်ာက္ပန္းျပားပင္မ်ားထဲတြင္ အႀကီးဆုံးအျဖစ္ ရွမ္းျပည္နယ္သစ္ေတာဦးစီးဌာနကယခုလ ၂၁ ရက္က မွတ္တမ္းတင္ႏိုင္ခဲ့ေၾကာင္းသိရသည္။



အဆိုပါ ေက်ာက္ပန္းျပားပင္သည္ အၿမဲစိမ္းအပင္အမ်ိဳးအစားျဖစ္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၁၆၀ေပမွ အစျပဳ၍ ၉၅၁၀အထိ ေပါက္ေရာက္ႏိုင္ၿပီး ၁၉၀ ေပ အျမင့္ထိ ႀကီးထြားႏိုင္ကာ အေဆာက္အဦႏွင့္ ပရိေဘာဂမ်ားတြင္ သုံးစြဲသည့္အျပင္ခဲတံျပဳလုပ္ရာတြင္ အေကာင္းဆုံးသစ္ ျဖစ္ေၾကာင္းသိရသည္။



ရွမ္းျပည္နယ္ သစ္ေတာဦးစီးဌာနသည္ ယခုအခါ အႀကီးဆုံး ေတာင္ဇလပ္ပင္၊ ခ်ယ္ရီပင္၊သရကၡန္ပင္၊သနပ္ခါးပင္ႏွင့္ ေက်ာက္ပန္းျပားပင္မ်ားကို မွတ္တမ္းတင္ထားကာ ၎အပင္မ်ားထက္ အ႐ြယ္အစားႀကီးမားသည့္ အပင္ႀကီးမ်ား ေတြ႕ရွိပါက လက္ရွိ အႀကီးဆုံးျဖစ္မႈ အဆင့္ကို လိုအပ္သလို ျပင္ဆင္သြားမည္ျဖစ္ေၾကာင္းသိရသည္။

swh(ဓာတ္ပုံ-ရွမ္းျပည္နယ္သစ္ေတာဦးစီးဌာန)

Post a Comment

Previous Post Next Post