(Unicode)


ဓားအိမ်ထဲက KANTANA-ဓားကို တဖြည်းဖြည်းဆွဲချွတ်လာပြီ ဖြစ်သော ဂျပန်ဆာမူရိုင်းများ(ကိုယ်ပျောက်တိုက်လေယာဉ် ၁၀၅စီးဝယ်ခြင်းရဲ့ နောက်ကွယ်က ဂျပန်နှင့် အမေရိကန်တို့ရဲ့ တရုတ်ကြီးကို ဆော်မယ့် အစီအစဉ်..)

ဓားအိမ်ထဲက KANTANA-ဓားကို တဖြည်းဖြည်းဆွဲချွတ်လာပြီ ဖြစ်သော ဂျပန်ဆာမူရိုင်းများ-!🇯🇵🇯🇵🇯🇵

အမေရိကန်က ဂျပန်ကို F-35 Joint Strike Fighter – အဆင့်မြင့် ကိုယ်ပျောက်လေယာဉ်အမြောက်အများ ဝယ်ယူနိုင်ဖို့ မီးစိမ်းပြ-(Green light) လိုက်ပါတယ်။ ဒါဟာ တစ်ချိန်က အာရှရဲ့စစ်အင်အားကြီးနိုင်ငံဂျပန်ကို တောင်တရုတ် ပင်လယ်မှာ တရုတ်နဂါးကြီးကို သူတစ်ယောက်ထဲ ထိန်းနေရာကနေ အတူပါဝင်ပြီး ကူထိန်းဖို့အတွက် အချက်ပေး လိုက်တာလည်း ဖြစ်နိုင်ပါတယ်။



ဂျပန်ရေတပ်မှာ ရှိနေတဲ့ သာမန်ရဟတ်ယာဉ်တင် Carrier- နှစ်စင်းကိုမှ လေယာဉ်တင်သင်္ဘောအဖြစ်ပြောင်းဖို့ စီစဉ်နေတာ မကြာသေးခင် ရုတ်တရက် မထင်မှတ်ပဲထွက်ပေါ်လာခဲ့တဲ့ ဂျပန်တို့ရဲ့ လူမသိသေးတဲ့ လျှို့ဝှက်အစီအမံတစ်ခုကြောင့် မြင်ရသူအားလုံး မျက်ခုံးပင့် အံ့သြသွားရစေပါတယ်။ အဲဒါကတော့ မကြာခင်ရက်ပိုင်းအတွင်းက တစွန်းတစ မြင်လိုက် ကြရတဲ့ ဂျပန်တို့ရဲ့သင်္ဘောဖျက်ဟိုက်ပါဆိုးနစ် ဒုံးကျည်ပုံစံ အသစ် (New hypersonic anti-ship missile) တစ်ခုကြောင့်ပါပဲ။



အမှတ်မထင်တွေ့မြင်ခဲ့ရတဲ့ အသံထက်မြန်သင်္ဘောဖျက်ဒုံးကျည် အသစ်ရဲ့ ပုံကိုမြင်ပြီး ဂျပန်တွေ ရေတပ်အင်အား တိုးချဲ့ဖို့ပြင်လာတာကို အမေရိကန်က ဘာတစ်ခွန်းမှ မဟ’ခဲ့တဲ့အပြင် ပြုံးပြုံးကြီး လက်ပိုက်ကြည့်နေတာကို စစ်ရေးအကဲခတ် နေကြသူများကလည်း သဘောပေါက်စွာနဲ့ နားလည်ကြမှာပါ။

အမှန်ကတော့ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့တဖြည်းဖြည်း အင်အားကောင်းလာတဲ့ ရေတပ်ကြီးကို အမေရိကန်အနေနဲ့ ရေရှည်ထိန်းချုပ်ဖို့ရာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ စားရိတ်စ’က အပြင် အမြဲတမ်း မျက်လုံးဒေါက်ထောက် ကြည့်နေနိုင်ဖို့အတွက် ကူဖော်လောင်ဘက်အဖြစ် နည်းပညာမြင့်မားပြီး ချမ်းသာဖွံ့ဖြိုးတဲ့ နိုင်ငံကို အလိုရှိနေတာလည်း သိပ်မဆန်းလှပါဘူး။ တောင်ကိုရီးယားနိုင်ငံဆိုတာကလည်း အကူအညီရဖို့ နေနေသာသာ သူ့ရဲ့နိုင်ငံတစ်ခြမ်းဖြစ်တဲ့ မြောက်ကိုရီးယားနဲ့က တဇောင်းနဲ့မျက်ချေးဆိုသလို ဘယ်အချိန် ထ’သတ်မလဲဆိုပြီး အမေရိကန်အဖို့ ရင်တမမနဲ့ အနောက်က ကျားကန်ပေးနေရပါတယ်။



လက်နက်တွေ မညီးမညူရောင်းပေးနေတဲ့ အိန္ဒိယနိုင်ငံကလဲ ရေလမ်းအရ ခရီးထောက်နေတဲ့အခြေအနေမှာရှိပြီး အခြားအာဆီယံ နိုင်ငံတွေထဲကလည်း လောက်လောက်လားလား အားကိုးရဖွယ် မမြင်တဲ့အပြင် သူတို့ကိုယ်တိုင် တရုတ်ကြီးရဲ့အနိုင်ကျင့်မှုကို မကြာခဏခံနေရတာပါ။ ဆိုတော့ ဒီနေရာမှာ အမေရိကန်နိုင်ငံအဖို့ လိုအပ်နေတဲ့ လက်တွဲရမဲ့ နိုင်ငံအနေနဲ့က အသင့်တော်ဆုံးအဖြစ် ဂျပန်နိုင်ငံကလွဲပြီး တခြားဘယ်နိုင်ငံကမှ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့်လည်း ရေကြောင်းစစ်ရေး လေ့ကျင့်မှုတွေ မကြာခဏဆိုသလို အတူလက်တွဲ လုပ်ဆောင်နေခဲ့ပါတယ်။ အခုလည်း အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောကြီး USS Ronald Reagan နဲ့ ဂျပန် (JMSDF) ရဲ့ လေ့ကျင့်ရေးတပ်ဖွဲ့ ‘PASSEX’ တို့ဟာ ရေကြောင်းလေ့ကျင့်ရေး ပြုလုပ်လျက်ရှိပါတယ်။

ဂျပန်အနေနဲ့ကတော့ တရုတ်နိုင်ငံအပြင် သူ့ရဲ့အထောက်အပံ့နဲ့ ဂြိုလ်ကြွနေတဲ့ မြောက်ကိုရီးယားနိုင်ငံတို့ အပေါ်မှာ တဖြည်းဖြည်းသည်းခံနိုင်စွမ်းတွေ ကုန်လာခဲ့ဟန်တူပါတယ်။ မကြာသေးမီကပဲ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေဆဲ အချိန်အတွင်းမှာ တရုတ်နိုင်ငံထဲမှာရှိတဲ့ သူ့နိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို တခြားနိုင်ငံတွေဆီပြောင်းရွေ့ဖို့ စီမံခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ရေတပ်ကိုလည်း တိုးချဲ့ဖို့ပြင်ဆင်လာခဲ့ပါတော့တယ်။ ဒီနှစ်ခုဟာ သွေးရိုးသားရိုး ဆက်စပ်ဖြစ်ပေါ်လာခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲ မဟုတ်ဘူးဆိုတာကို ပါးနှပ်တဲ့တရုတ်နိုင်ငံအတွက် သိပ်ရှည်ရှည်ဝေးဝေး တွေးနေစရာလိုမယ် မထင်ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အိန္ဒိယ- သမုဒ္ဒရာအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ရေကြောင်းလေ့ကျင့်ခန်းဟာ တရုတ်နိုင်နိုင်ငံကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ပါတယ်။ တရုတ်တွေရဲ့ အိန္ဒိယနဲ့ Ladakh ဒေသမှာဖြစ်ပွားနေတဲ့ နယ်စပ်ပြဿနာက ဒေါသတွေဟာ “Himalayan ဆီမှ တောင်တရုတ်ပင်လယ်ဆီသို့” ပြန်လည်ရောက်ရှိသွားခဲ့ပါပြီ။ ဂျပန်နိုင်ငံရေတပ်က ဖျက်သင်္ဘော ‘Teruzuki’ နဲ့ အိန္ဒိယရေတပ်ရဲ့ ပဲ့ထိန်းတပ်ဖရီးဂိတ်သင်္ဘော INS Tabar တို့ အတူယှဉ်တွဲကာ စစ်ရေးလေ့ကျင့်နေမှုကိုကြည့်ပြီး တရုတ်အနေနဲ့ စိတ်မသက်မသာဖြစ်နေမှာ မလွဲပါဘူး။



အဆိုပါလေ့ကျင့်မှုအတွင်း အခြေအနေကိုအကဲခတ်နေတဲ့ အမေရိကန်ကြီးက စေတနာဂရုဏာ ရွာသွန်းဖြိုးပြီး သူပိုင်တဲ့ အင်ဒို- ပစိဖိတ်ဒေသက ဂူအမ်-“Guam” ကျွန်းကို သူနဲ့ ပါတ်တနာ ဖြစ်တဲ့နိုင်ငံတွေ စစ်ရေးလေ့ကျင့်ချင်သပ,ဆိုပါလျှင် အချိန်မရွေးအသုံးပြုနိုင်ကြောင်း လောကွတ်ဝင်ချော ပါတယ်။ အဘယ်ကြောင့် တရုတ်နိုင်ငံအနေနဲ့ အိန္ဒိယသမုဒ္ဒရာထဲက စစ်ရေးလေ့ကျင့်နေမှုကို မခံချိမခံသာ ဖြစ်နေရပါသလဲ-? အကြောင်းက ရှိပါတယ်။

တရုတ်နိုင်ငံကနေပြီး ပြီးခဲ့တဲ့နှစ်တွေဆီက နိုင်ငံရဲ့အစွန်အဖျား “Bohai” ဆိပ်ကမ်းကသင်္ဘောကျင်းမှာ နူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအသစ် ၂ စင်းကို ကြိတ်ပြီးဆောက်နေခဲ့တာပါ။ အဲဒီကိစ္စ အထောက်အထားတွေနဲ့ သတင်းတွေထွက်လာအပြီးမှာ နိုင်ငံတကာရဲ့အာရုံစိုက်မှုတွေကို တရုတ်အနေနဲ့ခံခဲ့ရပြီး ဒီသတင်းနဲ့ ပတ်သတ်ပြီး ငြင်းဆိုခြင်းမရှိခဲ့သလို ပြန်လည်ချေပ မှုလည်း မပြုခဲ့ပါဘူး။ နိုင်ငံတကာအကဲခတ်သူတွေအနေနဲ့ တရုတ်ရဲ့ နူစွမ်းအင်သုံး ရေငုပ်သင်္ဘော ၂ စင်းဟာ အင်ဒို-ပစိဖိတ် ဒေသနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း တိတ်တဆိတ် ခြေဆန့် ထောက်လှမ်းဖို့ ဖြစ်တယ်ဆိုပြီး ခန့်မှန်းပြောဆိုလာကြ ပါတော့တယ်။ ဒီလိုအခြေအနေမှာ အိန္ဒိယနဲ့ ဂျပန်တို့ရဲ့ ရေကြောင်း လေ့ကျင့်မှုအတွင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ ရဲ့ “အိန္ဒိယသမုဒ္ဒရာဟာ အိန္ဒိယပဲ ပိုင်ရမယ်–ဘယ်သူ့ကိုမှ ခြေချခွင့် မပြုနိုင်ဘူး-” ဆိုတဲ့စကားဟာ တရုတ်ရဲ့နားထဲမှာ ခါးသက်သက် ဖြစ်စေခဲ့ပြီး ယမ်းပုံမီးကျ ဒေါသမထွက်ယုံပါပဲ။

တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ စူပါပါဝါအင်အားကြီးနိုင်ငံ နံပါတ်တစ် နေရာကို လွှဲပြောင်းရယူချင်နေတယ်လို့ နိုင်ငံရေး သုတေသီများက အကဲခတ်ပြောဆိုနေခဲ့တာ ကြာပါပြီ။ ဒီလို ပြောဆိုဝေဘန် ရလောက်အောင်ပဲ ကမ္ဘာမှာ ချမ်းသာဖွံ့ဖြိုးမူ တိုးတက်မြန်ဆန်ခဲ့တဲ့ တရုတ်နိုင်ငံဟာ နည်းပညာပိုင်းဆိုင်ရာ အပြင် စစ်အင်အားမှာပါ ကြီးထွားတိုးတက်အောင်ပြင်ဆင်ပြီး နေရာတကာမှာ အမေရိကန်နဲ့ ခြေရာခြင်းတိုင်းတဲ့အပြုအမူတွေ ပြုလာပါတယ်။

ဗြိတိန်ဆီက ပြန်လည်ရရှိခဲ့ပြီးဖြစ်တဲ့ ဟောင်ကောင်ကျွန်းကို သူ့ရဲ့အမိန့်အာဏာတည်စေဖို့ ကြိုးပမ်းလျက်ရှိပြီး အခုချိန်မှာ အဆိုပါပြဿနာကြောင့်ပဲ ဟောင်ကောင်ကျွန်းမှာ အခြေအနေ မငြိမ်မသက်ဖြစ်နေပါတယ်။ အလားတူ တစ်ချိန်ကခွဲထွက်သွားသူ များဖြစ်တဲ့ ထိုင်ဝမ်ကျွန်းကိုလည်း သူ့ရဲ့ ပြည်မကြီးဖြစ်တဲ့ တရုတ်နိုင်ငံအတွင်းပိုင်းနဲ့ ပြန်လည် ပေါင်းစည်းစေဖို့ စဉ်ဆက်မပြတ် ဖိအားပေးဆောင်ရွက်နေပြီး ထိုင်ဝမ်အနေနဲ့ကတော့ အမေရိကန်ရဲ့ အားပေးထောက်ပံ့မှု တွေနဲ့ ကြံ့ကြံ့ခံ ခုခံကာကွယ်လျက် ရှိနေပါသေးတယ်။ ဒါပေမဲ့ အမေရိကန်က ကျောထောက်နောက်ခံမပေးတော့တဲ့ အချိန်မှာ ထိုင်ဝမ်အနေနဲ့ကလည်း အချိန်မရွေး တရုတ်ရဲ့လက်အောက်ကို ပြန်ရောက်သွားမှာ မလွဲပါဘူး။



ဂျပန်ဟာ တရုတ်ရဲ့ခြေလှမ်းတွေကို မသိတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့နိုင်ငံနဲ့ ဘာမှမပတ်သတ်တာကြောင့် ရေငုံနုတ်ပိတ်ပြီး အသာနေခဲ့ပါတယ်။ စီးပွားရေးကိုသာ စောက်ချလုပ်ရင်း ဒုတိယကမ္ဘာစစ် အတွင်းကအမှားတွေကို သင်္ခန်းစာယူပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွေကိုသာ ဦးစားပေး လုပ်နေခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့ ကာကွယ်ရေး အပိုင်းမှာတော့ တဖြည်းဖြည်း ထိပါးခံရမှုတွေ ရှိလာခဲ့တဲ့အခါမှာ ယခင်ကရှိခဲ့တဲ့ အမျိုးသားရေးစိတ်ဓါတ်တွေ ပြန်လည် နိုးထလာစေခဲ့ပါပြီ။ တချိန်က သူ့ခြေဖဝါးအောက် ရောက်ခဲ့ဖူးတဲ့ မြောက်ကိုရီးယားနဲ့ တရုတ်တို့လိုနိုင်ငံတွေက တာဝေးပစ်မစ်ဆိုင်းတွေ ပင်လယ်အတွင်းက သူ့စီးပွားရေးဇုံနယ်ထဲ တဒိုင်းဒိုင်းပစ်ပြလိုက်, ရေငုပ်သင်္ဘော အပါအဝင် လေယာဉ်မျိုးစုံနဲ့ သူ့နယ်နိမိတ်အတွင်း ဥဒဟို ဝင်ထွက် သွားလာနေမှုကို မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလို ရေရှည်မှာ ဖြစ်လာမဲ့ပြဿနာများအတွက် ထိန်းသိမ်းပြီး မချိပြုံးနဲ့သာ နေခဲ့ရမယ်ဆိုတာ သေချာပါတယ်။

သို့ရာတွင် သည်းခံမှုအတိုင်းအတာ ကုန်ဆုံးလာခဲ့ပြီဖြစ်တဲ့ တချိန်က အင်ပါယာနိုင်ငံဖြစ်ခဲ့ပြီး စစ်အင်အားကြီးနိုင်ငံတစ်နိုင်ငံ လည်းဖြစ်ခဲ့သူ ဂျပန်အနေနဲ့ အရင်လိုစစ်အင်အားတောင့်တင်းလာအောင် တဖြည်းဖြည်း ပြန်လည်တည်ဆောက်လာမှုကိုတော့ သိသိသာသာမြင်နေရပြီ ဖြစ်ပါတယ်။ ရေကြောင်း လေကြောင်းတွေ တစ်စထက် တစ်စ တိုးချဲ့လာမှုနဲ့အတူ အချိန်မရွေးဆင့်ခေါ်တာဝန်ထမ်းနိုင်စေတဲ့ စစ်သည်အင်အား တိုးချဲ့လာမလားဆိုတာကလည်း စောင့်ကြည့် ရမှာဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဂျပန်နိုင်ငံဟာ အမျိုးသားအကျိုးစီးပွား အတွက်သာမက နိုင်ငံတော်လုံခြုံရေးထိပါးလာမှုများအတွက် သူ့ရဲ့ ကန်တာနာ ဓားအိမ်ထဲက ဓားရှည်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လာသလိုမျိုး စစ်အင်အားကိုလည်း ပိုမိုတောင့်တင်းလာစေရန် တစ်စစ ကြိုးပမ်းလာနေတာကိုတော့ ဘယ်သူမှ မငြင်းနိုင်သကဲ့သို့ ဘယ်အချိန်မှာ သူ့ရဲ့ဓားရှည်ကို အဆုံးထိဆွဲထုတ်လာပြီး အသုံးပြုလာမှာလဲ ဆိုတာကိုတော့–။

#KoPheon

#DefenceBlog – #DefPost


(Zawgyi)


ဓားအိမ္ထဲက KANTANA-ဓားကို တျဖည္းျဖည္းဆြဲခြၽတ္လာၿပီ ျဖစ္ေသာ ဂ်ပန္ဆာမူ႐ိုင္းမ်ား(ကိုယ္ေပ်ာက္တုိက္ေလယာဥ္ ၁၀၅စီးဝယ္ျခင္းရဲ့ ေနာက္ကြယ္က ဂ်ပန္နွင့္ အေမရိကန္တုိ့ရဲ့ တရုတ္ႀကီးကုိ ေဆာ္မယ့္ အစီအစဥ္..)

ဓားအိမ္ထဲက KANTANA-ဓားကို တျဖည္းျဖည္းဆြဲခြၽတ္လာၿပီ ျဖစ္ေသာ ဂ်ပန္ဆာမူ႐ိုင္းမ်ား-!🇯🇵🇯🇵🇯🇵

အေမရိကန္က ဂ်ပန္ကို F-35 Joint Strike Fighter – အဆင့္ျမင့္ ကိုယ္ေပ်ာက္ေလယာဥ္အေျမာက္အမ်ား ဝယ္ယူႏိုင္ဖို႔ မီးစိမ္းျပ-(Green light) လိုက္ပါတယ္။ ဒါဟာ တစ္ခ်ိန္က အာရွရဲ႕စစ္အင္အားႀကီးႏိုင္ငံဂ်ပန္ကို ေတာင္တ႐ုတ္ ပင္လယ္မွာ တ႐ုတ္နဂါးႀကီးကို သူတစ္ေယာက္ထဲ ထိန္းေနရာကေန အတူပါဝင္ၿပီး ကူထိန္းဖို႔အတြက္ အခ်က္ေပး လိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။

ဂ်ပန္ေရတပ္မွာ ရွိေနတဲ့ သာမန္ရဟတ္ယာဥ္တင္ Carrier- ႏွစ္စင္းကိုမွ ေလယာဥ္တင္သေဘၤာအျဖစ္ေျပာင္းဖို႔ စီစဥ္ေနတာ မၾကာေသးခင္ ႐ုတ္တရက္ မထင္မွတ္ပဲထြက္ေပၚလာခဲ့တဲ့ ဂ်ပန္တို႔ရဲ႕ လူမသိေသးတဲ့ လွ်ိဳ႕ဝွက္အစီအမံတစ္ခုေၾကာင့္ ျမင္ရသူအားလုံး မ်က္ခုံးပင့္ အံ့ၾသသြားရေစပါတယ္။ အဲဒါကေတာ့ မၾကာခင္ရက္ပိုင္းအတြင္းက တစြန္းတစ ျမင္လိုက္ ၾကရတဲ့ ဂ်ပန္တို႔ရဲ႕သေဘၤာဖ်က္ဟိုက္ပါဆိုးနစ္ ဒုံးက်ည္ပုံစံ အသစ္ (New hypersonic anti-ship missile) တစ္ခုေၾကာင့္ပါပဲ။



အမွတ္မထင္ေတြ႕ျမင္ခဲ့ရတဲ့ အသံထက္ျမန္သေဘၤာဖ်က္ဒုံးက်ည္ အသစ္ရဲ႕ ပုံကိုျမင္ၿပီး ဂ်ပန္ေတြ ေရတပ္အင္အား တိုးခ်ဲ႕ဖို႔ျပင္လာတာကို အေမရိကန္က ဘာတစ္ခြန္းမွ မဟ’ခဲ့တဲ့အျပင္ ၿပဳံးၿပဳံးႀကီး လက္ပိုက္ၾကည့္ေနတာကို စစ္ေရးအကဲခတ္ ေနၾကသူမ်ားကလည္း သေဘာေပါက္စြာနဲ႔ နားလည္ၾကမွာပါ။

အမွန္ကေတာ့ ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္ရဲ႕တျဖည္းျဖည္း အင္အားေကာင္းလာတဲ့ ေရတပ္ႀကီးကို အေမရိကန္အေနနဲ႔ ေရရွည္ထိန္းခ်ဳပ္ဖို႔ရာ အခက္အခဲေတြ ရွိလာႏိုင္ပါတယ္။ စားရိတ္စ’က အျပင္ အၿမဲတမ္း မ်က္လုံးေဒါက္ေထာက္ ၾကည့္ေနႏိုင္ဖို႔အတြက္ ကူေဖာ္ေလာင္ဘက္အျဖစ္ နည္းပညာျမင့္မားၿပီး ခ်မ္းသာဖြံ႕ၿဖိဳးတဲ့ ႏိုင္ငံကို အလိုရွိေနတာလည္း သိပ္မဆန္းလွပါဘူး။ ေတာင္ကိုရီးယားႏိုင္ငံဆိုတာကလည္း အကူအညီရဖို႔ ေနေနသာသာ သူ႔ရဲ႕ႏိုင္ငံတစ္ျခမ္းျဖစ္တဲ့ ေျမာက္ကိုရီးယားနဲ႔က တေဇာင္းနဲ႔မ်က္ေခ်းဆိုသလို ဘယ္အခ်ိန္ ထ’သတ္မလဲဆိုၿပီး အေမရိကန္အဖို႔ ရင္တမမနဲ႔ အေနာက္က က်ားကန္ေပးေနရပါတယ္။

လက္နက္ေတြ မညီးမညဴေရာင္းေပးေနတဲ့ အိႏၵိယႏိုင္ငံကလဲ ေရလမ္းအရ ခရီးေထာက္ေနတဲ့အေျခအေနမွာရွိၿပီး အျခားအာဆီယံ ႏိုင္ငံေတြထဲကလည္း ေလာက္ေလာက္လားလား အားကိုးရဖြယ္ မျမင္တဲ့အျပင္ သူတို႔ကိုယ္တိုင္ တ႐ုတ္ႀကီးရဲ႕အႏိုင္က်င့္မႈကို မၾကာခဏခံေနရတာပါ။ ဆိုေတာ့ ဒီေနရာမွာ အေမရိကန္ႏိုင္ငံအဖို႔ လိုအပ္ေနတဲ့ လက္တြဲရမဲ့ ႏိုင္ငံအေနနဲ႔က အသင့္ေတာ္ဆုံးအျဖစ္ ဂ်ပန္ႏိုင္ငံကလြဲၿပီး တျခားဘယ္ႏိုင္ငံကမွ မျဖစ္ႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္လည္း ေရေၾကာင္းစစ္ေရး ေလ့က်င့္မႈေတြ မၾကာခဏဆိုသလို အတူလက္တြဲ လုပ္ေဆာင္ေနခဲ့ပါတယ္။ အခုလည္း အေမရိကန္ ေရတပ္ရဲ႕ ေလယာဥ္တင္သေဘၤာႀကီး USS Ronald Reagan နဲ႔ ဂ်ပန္ (JMSDF) ရဲ႕ ေလ့က်င့္ေရးတပ္ဖြဲ႕ ‘PASSEX’ တို႔ဟာ ေရေၾကာင္းေလ့က်င့္ေရး ျပဳလုပ္လ်က္ရွိပါတယ္။

ဂ်ပန္အေနနဲ႔ကေတာ့ တ႐ုတ္ႏိုင္ငံအျပင္ သူ႔ရဲ႕အေထာက္အပံ့နဲ႔ ၿဂိဳလ္ႂကြေနတဲ့ ေျမာက္ကိုရီးယားႏိုင္ငံတို႔ အေပၚမွာ တျဖည္းျဖည္းသည္းခံႏိုင္စြမ္းေတြ ကုန္လာခဲ့ဟန္တူပါတယ္။ မၾကာေသးမီကပဲ COVID-19 ကူးစက္ေရာဂါ ျဖစ္ပြားေနဆဲ အခ်ိန္အတြင္းမွာ တ႐ုတ္ႏိုင္ငံထဲမွာရွိတဲ့ သူ႔ႏိုင္ငံက စီးပြားေရး လုပ္ငန္းေတြကို တျခားႏိုင္ငံေတြဆီေျပာင္းေ႐ြ႕ဖို႔ စီမံခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ေရတပ္ကိုလည္း တိုးခ်ဲ႕ဖို႔ျပင္ဆင္လာခဲ့ပါေတာ့တယ္။ ဒီႏွစ္ခုဟာ ေသြး႐ိုးသား႐ိုး ဆက္စပ္ျဖစ္ေပၚလာခဲ့တဲ့ ႏိုင္ငံေရးအေျပာင္းအလဲ မဟုတ္ဘူးဆိုတာကို ပါးႏွပ္တဲ့တ႐ုတ္ႏိုင္ငံအတြက္ သိပ္ရွည္ရွည္ေဝးေဝး ေတြးေနစရာလိုမယ္ မထင္ပါဘူး။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ဂ်ပန္နဲ႔ အိႏၵိယႏိုင္ငံတို႔ရဲ႕ အိႏၵိယ- သမုဒၵရာအတြင္း က်င္းပျပဳလုပ္ခဲ့တဲ့ ေရေၾကာင္းေလ့က်င့္ခန္းဟာ တ႐ုတ္ႏိုင္ႏိုင္ငံကို လႈပ္လႈပ္ရွားရွား ျဖစ္သြားေစခဲ့ပါတယ္။ တ႐ုတ္ေတြရဲ႕ အိႏၵိယနဲ႔ Ladakh ေဒသမွာျဖစ္ပြားေနတဲ့ နယ္စပ္ျပႆနာက ေဒါသေတြဟာ “Himalayan ဆီမွ ေတာင္တ႐ုတ္ပင္လယ္ဆီသို႔” ျပန္လည္ေရာက္ရွိသြားခဲ့ပါၿပီ။ ဂ်ပန္ႏိုင္ငံေရတပ္က ဖ်က္သေဘၤာ ‘Teruzuki’ နဲ႔ အိႏၵိယေရတပ္ရဲ႕ ပဲ့ထိန္းတပ္ဖရီးဂိတ္သေဘၤာ INS Tabar တို႔ အတူယွဥ္တြဲကာ စစ္ေရးေလ့က်င့္ေနမႈကိုၾကည့္ၿပီး တ႐ုတ္အေနနဲ႔ စိတ္မသက္မသာျဖစ္ေနမွာ မလြဲပါဘူး။



အဆိုပါေလ့က်င့္မႈအတြင္း အေျခအေနကိုအကဲခတ္ေနတဲ့ အေမရိကန္ႀကီးက ေစတနာဂ႐ုဏာ ႐ြာသြန္းၿဖိဳးၿပီး သူပိုင္တဲ့ အင္ဒို- ပစိဖိတ္ေဒသက ဂူအမ္-“Guam” ကြၽန္းကို သူနဲ႔ ပါတ္တနာ ျဖစ္တဲ့ႏိုင္ငံေတြ စစ္ေရးေလ့က်င့္ခ်င္သပ,ဆိုပါလွ်င္ အခ်ိန္မေ႐ြးအသုံးျပဳႏိုင္ေၾကာင္း ေလာကြတ္ဝင္ေခ်ာ ပါတယ္။ အဘယ္ေၾကာင့္ တ႐ုတ္ႏိုင္ငံအေနနဲ႔ အိႏၵိယသမုဒၵရာထဲက စစ္ေရးေလ့က်င့္ေနမႈကို မခံခ်ိမခံသာ ျဖစ္ေနရပါသလဲ-? အေၾကာင္းက ရွိပါတယ္။

တ႐ုတ္ႏိုင္ငံကေနၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြဆီက ႏိုင္ငံရဲ႕အစြန္အဖ်ား “Bohai” ဆိပ္ကမ္းကသေဘၤာက်င္းမွာ ႏူကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာအသစ္ ၂ စင္းကို ႀကိတ္ၿပီးေဆာက္ေနခဲ့တာပါ။ အဲဒီကိစၥ အေထာက္အထားေတြနဲ႔ သတင္းေတြထြက္လာအၿပီးမွာ ႏိုင္ငံတကာရဲ႕အာ႐ုံစိုက္မႈေတြကို တ႐ုတ္အေနနဲ႔ခံခဲ့ရၿပီး ဒီသတင္းနဲ႔ ပတ္သတ္ၿပီး ျငင္းဆိုျခင္းမရွိခဲ့သလို ျပန္လည္ေခ်ပ မႈလည္း မျပဳခဲ့ပါဘူး။ ႏိုင္ငံတကာအကဲခတ္သူေတြအေနနဲ႔ တ႐ုတ္ရဲ႕ ႏူစြမ္းအင္သုံး ေရငုပ္သေဘၤာ ၂ စင္းဟာ အင္ဒို-ပစိဖိတ္ ေဒသနဲ႔ အိႏၵိယသမုဒၵရာအတြင္း တိတ္တဆိတ္ ေျခဆန႔္ ေထာက္လွမ္းဖို႔ ျဖစ္တယ္ဆိုၿပီး ခန႔္မွန္းေျပာဆိုလာၾက ပါေတာ့တယ္။ ဒီလိုအေျခအေနမွာ အိႏၵိယနဲ႔ ဂ်ပန္တို႔ရဲ႕ ေရေၾကာင္း ေလ့က်င့္မႈအတြင္း အိႏၵိယဝန္ႀကီးခ်ဳပ္ နာရန္ျဒာမိုဒီ ရဲ႕ “အိႏၵိယသမုဒၵရာဟာ အိႏၵိယပဲ ပိုင္ရမယ္–ဘယ္သူ႔ကိုမွ ေျခခ်ခြင့္ မျပဳႏိုင္ဘူး-” ဆိုတဲ့စကားဟာ တ႐ုတ္ရဲ႕နားထဲမွာ ခါးသက္သက္ ျဖစ္ေစခဲ့ၿပီး ယမ္းပုံမီးက် ေဒါသမထြက္ယုံပါပဲ။

တ႐ုတ္ႏိုင္ငံအေနနဲ႔ အေမရိကန္ရဲ႕ စူပါပါဝါအင္အားႀကီးႏိုင္ငံ နံပါတ္တစ္ ေနရာကို လႊဲေျပာင္းရယူခ်င္ေနတယ္လို႔ ႏိုင္ငံေရး သုေတသီမ်ားက အကဲခတ္ေျပာဆိုေနခဲ့တာ ၾကာပါၿပီ။ ဒီလို ေျပာဆိုေဝဘန္ ရေလာက္ေအာင္ပဲ ကမာၻမွာ ခ်မ္းသာဖြံ႕ၿဖိဳးမူ တိုးတက္ျမန္ဆန္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံဟာ နည္းပညာပိုင္းဆိုင္ရာ အျပင္ စစ္အင္အားမွာပါ ႀကီးထြားတိုးတက္ေအာင္ျပင္ဆင္ၿပီး ေနရာတကာမွာ အေမရိကန္နဲ႔ ေျခရာျခင္းတိုင္းတဲ့အျပဳအမူေတြ ျပဳလာပါတယ္။

ၿဗိတိန္ဆီက ျပန္လည္ရရွိခဲ့ၿပီးျဖစ္တဲ့ ေဟာင္ေကာင္ကြၽန္းကို သူ႔ရဲ႕အမိန႔္အာဏာတည္ေစဖို႔ ႀကိဳးပမ္းလ်က္ရွိၿပီး အခုခ်ိန္မွာ အဆိုပါျပႆနာေၾကာင့္ပဲ ေဟာင္ေကာင္ကြၽန္းမွာ အေျခအေန မၿငိမ္မသက္ျဖစ္ေနပါတယ္။ အလားတူ တစ္ခ်ိန္ကခြဲထြက္သြားသူ မ်ားျဖစ္တဲ့ ထိုင္ဝမ္ကြၽန္းကိုလည္း သူ႔ရဲ႕ ျပည္မႀကီးျဖစ္တဲ့ တ႐ုတ္ႏိုင္ငံအတြင္းပိုင္းနဲ႔ ျပန္လည္ ေပါင္းစည္းေစဖို႔ စဥ္ဆက္မျပတ္ ဖိအားေပးေဆာင္႐ြက္ေနၿပီး ထိုင္ဝမ္အေနနဲ႔ကေတာ့ အေမရိကန္ရဲ႕ အားေပးေထာက္ပံ့မႈ ေတြနဲ႔ ႀကံ့ႀကံ့ခံ ခုခံကာကြယ္လ်က္ ရွိေနပါေသးတယ္။ ဒါေပမဲ့ အေမရိကန္က ေက်ာေထာက္ေနာက္ခံမေပးေတာ့တဲ့ အခ်ိန္မွာ ထိုင္ဝမ္အေနနဲ႔ကလည္း အခ်ိန္မေ႐ြး တ႐ုတ္ရဲ႕လက္ေအာက္ကို ျပန္ေရာက္သြားမွာ မလြဲပါဘူး။



ဂ်ပန္ဟာ တ႐ုတ္ရဲ႕ေျခလွမ္းေတြကို မသိတာမဟုတ္ပါဘူး။ ဒါေပမဲ့ ကိုယ့္ရဲ႕ႏိုင္ငံနဲ႔ ဘာမွမပတ္သတ္တာေၾကာင့္ ေရငုံႏုတ္ပိတ္ၿပီး အသာေနခဲ့ပါတယ္။ စီးပြားေရးကိုသာ ေစာက္ခ်လုပ္ရင္း ဒုတိယကမာၻစစ္ အတြင္းကအမွားေတြကို သခၤန္းစာယူၿပီး ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးေတြကိုသာ ဦးစားေပး လုပ္ေနခဲ့ပါတယ္။ ဒါေပမဲ့ ႏိုင္ငံေတာ္ရဲ႕လုံၿခဳံေရးနဲ႔ ကာကြယ္ေရး အပိုင္းမွာေတာ့ တျဖည္းျဖည္း ထိပါးခံရမႈေတြ ရွိလာခဲ့တဲ့အခါမွာ ယခင္ကရွိခဲ့တဲ့ အမ်ိဳးသားေရးစိတ္ဓါတ္ေတြ ျပန္လည္ ႏိုးထလာေစခဲ့ပါၿပီ။ တခ်ိန္က သူ႔ေျခဖဝါးေအာက္ ေရာက္ခဲ့ဖူးတဲ့ ေျမာက္ကိုရီးယားနဲ႔ တ႐ုတ္တို႔လိုႏိုင္ငံေတြက တာေဝးပစ္မစ္ဆိုင္းေတြ ပင္လယ္အတြင္းက သူ႔စီးပြားေရးဇုံနယ္ထဲ တဒိုင္းဒိုင္းပစ္ျပလိုက္, ေရငုပ္သေဘၤာ အပါအဝင္ ေလယာဥ္မ်ိဳးစုံနဲ႔ သူ႔နယ္နိမိတ္အတြင္း ဥဒဟို ဝင္ထြက္ သြားလာေနမႈကို မခ်စ္ေသာ္လည္း ေအာင့္ကာနမ္း ဆိုသလို ေရရွည္မွာ ျဖစ္လာမဲ့ျပႆနာမ်ားအတြက္ ထိန္းသိမ္းၿပီး မခ်ိၿပဳံးနဲ႔သာ ေနခဲ့ရမယ္ဆိုတာ ေသခ်ာပါတယ္။

သို႔ရာတြင္ သည္းခံမႈအတိုင္းအတာ ကုန္ဆုံးလာခဲ့ၿပီျဖစ္တဲ့ တခ်ိန္က အင္ပါယာႏိုင္ငံျဖစ္ခဲ့ၿပီး စစ္အင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံ လည္းျဖစ္ခဲ့သူ ဂ်ပန္အေနနဲ႔ အရင္လိုစစ္အင္အားေတာင့္တင္းလာေအာင္ တျဖည္းျဖည္း ျပန္လည္တည္ေဆာက္လာမႈကိုေတာ့ သိသိသာသာျမင္ေနရၿပီ ျဖစ္ပါတယ္။ ေရေၾကာင္း ေလေၾကာင္းေတြ တစ္စထက္ တစ္စ တိုးခ်ဲ႕လာမႈနဲ႔အတူ အခ်ိန္မေ႐ြးဆင့္ေခၚတာဝန္ထမ္းႏိုင္ေစတဲ့ စစ္သည္အင္အား တိုးခ်ဲ႕လာမလားဆိုတာကလည္း ေစာင့္ၾကည့္ ရမွာျဖစ္ပါတယ္။

မည္သို႔ပင္ဆိုေစကာမူ ဂ်ပန္ႏိုင္ငံဟာ အမ်ိဳးသားအက်ိဳးစီးပြား အတြက္သာမက ႏိုင္ငံေတာ္လုံၿခဳံေရးထိပါးလာမႈမ်ားအတြက္ သူ႔ရဲ႕ ကန္တာနာ ဓားအိမ္ထဲက ဓားရွည္ကို ျဖည္းျဖည္းခ်င္း ဆြဲထုတ္လာသလိုမ်ိဳး စစ္အင္အားကိုလည္း ပိုမိုေတာင့္တင္းလာေစရန္ တစ္စစ ႀကိဳးပမ္းလာေနတာကိုေတာ့ ဘယ္သူမွ မျငင္းႏိုင္သကဲ့သို႔ ဘယ္အခ်ိန္မွာ သူ႔ရဲ႕ဓားရွည္ကို အဆုံးထိဆြဲထုတ္လာၿပီး အသုံးျပဳလာမွာလဲ ဆိုတာကိုေတာ့–။

#KoPheon

#DefenceBlog – #DefPost

Post a Comment

Previous Post Next Post