(Unicode)


၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆို ထားသူများ၏ အောင်စာရင်းများကို ဩဂုတ်လ ပထမအပတ်တွင် ထုတ်ပြန်နိုင်ရန် လျာထားကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။



တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ခြင်းလုပ်ငန်းကို ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့ထိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ဩဂုတ်လ ပထမအပတ် နောက်ပိုင်းမှာထွက်လိမ့်မယ်။ ပထမအပတ်ကို နည်းနည်းနောက်ကျရင်လည်း နောက်ကျလိမ့်မယ်။ အတိအကျကိုတော့ မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာနကနေထုတ်လိမ့်မယ်” ဟု ဦးကိုလေးဝင်းကပြောသည်။



၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၂၀ ရက်ထိကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူ (၉) သိန်းကျော်ရှိပြီး (၆) သောင်းကျော် ပျက်ကွက်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ (၈) သိန်းကျော်ရှိသည့်အနက် (၄) သောင်းကျောင်း ပျက်ကွက်ခဲ့သည်။


(Zawgyi)


၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ တကၠသိုလ္ဝင္တန္းဝင္ေရာက္ေျဖဆို ထားသူမ်ား၏ ေအာင္စာရင္းမ်ားကို ဩဂုတ္လ ပထမအပတ္တြင္ ထုတ္ျပန္ႏိုင္ရန္ လ်ာထားေၾကာင္း အေျခခံပညာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာသည္။



တကၠသိုလ္ဝင္တန္းစာေမးပြဲ စာစစ္ျခင္းလုပ္ငန္းကို ဇြန္လ ၅ ရက္ေန႔မွ ဇြန္လ ၁၉ ရက္ေန႔ထိ လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

“ဩဂုတ္လ ပထမအပတ္ ေနာက္ပိုင္းမွာထြက္လိမ့္မယ္။ ပထမအပတ္ကို နည္းနည္းေနာက္က်ရင္လည္း ေနာက္က်လိမ့္မယ္။ အတိအက်ကိုေတာ့ ျမန္မာႏိုင္ငံ စာစစ္အဖြဲ႕ ဦးစီးဌာနကေနထုတ္လိမ့္မယ္” ဟု ဦးကိုေလးဝင္းကေျပာသည္။



၂၀၂၀ ျပည့္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္ ၁၁ ရက္မွ ၂၀ ရက္ထိက်င္းပခဲ့ရာ ဝင္ေရာက္ေျဖဆိုသူ (၉) သိန္းေက်ာ္ရွိၿပီး (၆) ေသာင္းေက်ာ္ ပ်က္ကြက္ခဲ့ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္တြင္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုသူ (၈) သိန္းေက်ာ္ရွိသည့္အနက္ (၄) ေသာင္းေက်ာင္း ပ်က္ကြက္ခဲ့သည္။

Post a Comment

Previous Post Next Post