(Unicode)

အဲ ဒီအိတ်ပြာလေးကိုအမေ ၂၀၁၁ အကျယ်ချူပ်ကထွက်လာပြီးကထဲက အမေသွားလေရာပါတတ်တယ်.. အမေ့ရဲ့အပါးတော်မြဲဖြစ်တဲ့ အကိုကြီးကိုစိုးဝင်းလွယ်လေ့ရှိပါတယ်။ ပြည်တွင်းသာမကပြည်ပခရီးစဉ်တွေမှာပါ အဲဒီလွယ်အိတ်အပြာလေးပါပါတယ်။ အမေလိုအပ်တဲ့အခါတိုင်းလဲကိုစိုးဝင်းဆီကတောင်းယူတတ်ပါတယ်။


နောက်ပိုင်းမှာတော့ နိုင်ငံတော် အဆင့်တာဝန်တွေထမ်းဆောင်တဲ့အခါ အစိုးရက (ပြည်ထဲရေး အထူးရဲတပ်ဖွဲ့ STF) တာဝန်ပေးတဲ့ သက်တော်စောင့်တွေကိုင်တာ တွေ့ရပါတယ် ။

တစ်ရက်… အမေ့ရဲ့တက္ကသိုလ်ရိပ်သာလမ်းက ခြံနံပါတ် ၅၄ မှာအလှုတခုလုပ်ပါတယ်။ သူရ ဦးရွှေမန်းလဲလာပါတယ် အမေနဲ့စကားပြောပြီး အပြန်ကိုစိုးဝင်းကကားနားအထိလိုက်ပို့ပါတယ်။ သူရဦးရွှေမန်းက ကားပေါ်မတက်ခင် ကိုစိုးဝင်းကိုမေးတယ် “ဦးစိုးဝင်း ခင်ဗျားအဲအိတ်ကြီးတလွယ်လွယ်နဲ့ လက်ကမချဘူးဘာတွေပါလို့လဲ ” တဲ့ ကိုစိုးဝင်းပြုံးနေပါတယ်။ ဘာမှမဖြေခဲ့ပါဘူး။



အမှန်တိုင်းပြောရရင် သူရဦးရွှေမန်းတင်မကဘူး ကျွန်တော်လဲဘာတွေပါတယ်ဆိုတာသိချင်ပါတယ် ။ အမေသွားလေရာ အမြဲယူသွားတတ်တဲ့အိတ်ပြာလေး ဘာတွေများပါလဲပေါ့ သိချင်လာတယ်။

တနေ့ ကိုစိုးဝင်းနဲ့ကျွန်တော် အေးအေးဆေးဆေးစကားပြောချိန်ရခဲ့တယ် “အကို ညီလေးသိချင်တယ် အဲထဲမှာဘာတွေပါလဲ ” “ဘာလို့သိချင်တာလဲ ကိုဖက်” “အော်အကိုရယ် ကျွန်တော်အမေ့ကိုကြည်ညိုတာ အကိုလဲသိသားနဲ့ အမေနဲ့ပတ်သတ်တာဆိုအရာရာကိုစိတ်ဝင်စားတာပေါ့သိချင်တာပေါ့” “အေးဗျာ လူအတော်များများကလဲမေးကြတယ် ဘာတွေလဲပေါ့၊ အစိုးရပိုင်းလူကြီးတဦးကဆို သေနတ်လားလို့မေးတယ်ဗျ” “အေးဗျကျွန်တော်လဲ သိချင်တယ်ပြောပြပါဗျာ”



“ပြောပြပါမယ်” ” အဲဒီအိတ်ကလေးကို ကျွန်တော်အမြဲလွယ်ထားတယ် ခရီးသွားလေရာလဲအမြဲယူသွားတယ် အမတောင်းတဲ့အခါတိုင်း ကျွန်တော်ပေးရတယ်” (ကိုစိုးဝင်းက အမေဒေါ်အောင်ဆန်းစုကြည်ကို အမလို့ခေါ်ပါတယ်) ” အိမ်ကထွက်တော့မယ်ဆို အဲအိတ်ပြာကလေး ကျွန်တော့ဆီကိုအခု မဝေ လာပေးတယ် မဝေမရှိခင်ကအရင်တယောက်ပေါ့ ဒီအိတ်ကလေးကကြာပြီလေ ”

“ကိုဖက်” ” ဗျာ” ကျွန်တော်အမှန်တိုင်းပြောမယ်နော်” ” ဟုတ် အကို ” ” အဲဒီအိတ်ပြာလေးထဲမှာဘာတွေပါတယ်ဆိုတာ ” ကိုစိုးဝင်း စီးကရက်တစ်လိပ်ကို မီးညှိလိုက်တယ်။ မီးခိုးငွေ့တွေမှုတ်ထုတ်ရင်း ” ကျွန်တော်တကယ်မသိဘူး ” ” ကျွန်တော်တကယ်မသိဘူး ” ” ဟင် ” “တကယ်ပြောတာ မညာဘူး ” ” ကျွန်တော်တို့ခေါင်းဆောင်က အမျိုးသမီးလေ ကျွန်တော်က နေရာတကာစပ်စုလို့မကောင်းဘူး သိစေချင်တာရှိသလိုမသိစေအပ်တဲ့အရာတွေလဲရှိချင်ရှိမှာပေါ့ အဲတာကြောင့် ကျွန်တော် စည်းထားလိုက်တယ် အမတောင်းတဲ့အခါ ပေးလိုက်တယ် ကျွန်တော်လွယ်ထားရပေမယ့် ဘယ်တော့မှဖွင့်မကြည့်ဘူး ဘာတွေလဲလို့မေးလဲမကြည့်ဘူး ”



” ကျွန်တော် ဘယ်တုန်းကမှ ဖွင့်မကြည့်ခဲ့ဘူး မစပ်စုခဲ့ဘူး။သိလဲမသိချင်ခဲ့ဘူး သိအောင်လဲကြိုးစားမှာမဟုတ်ဘူး အိတ်ပြာလေးနဲ့ပတ်သတ်လို့ ကျွန်တော့အလုပ်က မတောင်းရင် လွယ်ထားမယ် တောင်းရင်ပေးလိုက်မယ် ဒါတာဝန်ဘဲ”

” ကျွန်တောနားလည်ပြီ ကိုစိုးဝင်း အဲတာဆို ခုနောက်ပိုင်း ခင်ဗျားမလိုက်ဖြစ်တဲ့ ပြည်ပခရီးစဉ်တွေမှာဆိုရင်ရော ”

” ကျွန်တော်သေချာမှာထားတယ် လုံခြုံရေးယူတဲ့ကလေးမလေးတွေကို ကျွန်တော်ဘယ်လိုနေတယ် ဘာလိုလုပ်တယ်ဆိုတာ အမနဲ့ပါတ်သတ်တာတွေအတော်များများ အကုန်ပြောပြထားတယ် ကလေးမလေးတွေကလဲ ကောင်းကောင်းနားထောင်ကြတယ် နားလည်ကြတယ်သူတို့လဲ အမနားမှာကြာလာတော့ တာဝန်ဆိုတာထက်ပိုနားလည်လည်ကြတယ် ကျွန်တော်စိတ်ချရတယ် သူတို့ကို ”

ကဲ ကျွန်တော် တို့ သိချင်နေတဲ့အိတ်ပြာလေးထဲမှာဘာတွေရှိလဲဘာတွေပါလဲသိချင်ကြတယ် ခုတော့ရှင်းပါပြီ အမေ့နားမှာအမြဲနေနေဆဲ အိတ်ပြာလေးကို အမြဲလွယ်ခဲ့တဲ့အမေ့အပါးတော်မြဲ ကိုစိုးဝင်းတောင်မှမသိပါဘူး မသိချင်ပါဘူးဆိုမှတော့ကျွန်တော်တို့လဲမသိချင်ပါနဲ့တော့ဗျာ…

ဒီလောက်ထိ ခေါင်းဆောင်အပေါ်မှာ သစ္စာရှိမှု စောင့်စည်းမှုတွေနဲ့ အပြည့်အဝ တာဝန်ယူခဲ့တဲ့သူကြီး… အမေက ပုဆိုးလေးတထည် ပေးတာတောင် မယူခဲ့တဲ့သူ…

ခုတော့ သီလ သမာဓိ သစ္စာတရားတွေ အပြည့်ရှိနေတဲ့ ခေါင်းဆောင်ဘေးနားမှာ နေခဲ့တဲ့သူ ဆိုတော့… ကောင်းရာ သုဂတိလားမှာပါ…

Chan Aye MgMg

(Zawgyi)


အဲ ဒီအိတ္ျပာေလးကိုအေမ ၂၀၁၁ အက်ယ္ခ်ဴပ္ကထြက္လာၿပီးကထဲက အေမသြားေလရာပါတတ္တယ္.. အေမ့ရဲ႕အပါးေတာ္ၿမဲျဖစ္တဲ့ အကိုႀကီးကိုစိုးဝင္းလြယ္ေလ့ရွိပါတယ္။ ျပည္တြင္းသာမကျပည္ပခရီးစဥ္ေတြမွာပါ အဲဒီလြယ္အိတ္အျပာေလးပါပါတယ္။ အေမလိုအပ္တဲ့အခါတိုင္းလဲကိုစိုးဝင္းဆီကေတာင္းယူတတ္ပါတယ္။


ေနာက္ပိုင္းမွာေတာ့ ႏိုင္ငံေတာ္ အဆင့္တာဝန္ေတြထမ္းေဆာင္တဲ့အခါ အစိုးရက (ျပည္ထဲေရး အထူးရဲတပ္ဖြဲ႕ STF) တာဝန္ေပးတဲ့ သက္ေတာ္ေစာင့္ေတြကိုင္တာ ေတြ႕ရပါတယ္ ။

တစ္ရက္… အေမ့ရဲ႕တကၠသိုလ္ရိပ္သာလမ္းက ၿခံနံပါတ္ ၅၄ မွာအလႈတခုလုပ္ပါတယ္။ သူရ ဦးေ႐ႊမန္းလဲလာပါတယ္ အေမနဲ႔စကားေျပာၿပီး အျပန္ကိုစိုးဝင္းကကားနားအထိလိုက္ပို႔ပါတယ္။ သူရဦးေ႐ႊမန္းက ကားေပၚမတက္ခင္ ကိုစိုးဝင္းကိုေမးတယ္ “ဦးစိုးဝင္း ခင္ဗ်ားအဲအိတ္ႀကီးတလြယ္လြယ္နဲ႔ လက္ကမခ်ဘူးဘာေတြပါလို႔လဲ ” တဲ့ ကိုစိုးဝင္းၿပဳံးေနပါတယ္။ ဘာမွမေျဖခဲ့ပါဘူး။



အမွန္တိုင္းေျပာရရင္ သူရဦးေ႐ႊမန္းတင္မကဘူး ကြၽန္ေတာ္လဲဘာေတြပါတယ္ဆိုတာသိခ်င္ပါတယ္ ။ အေမသြားေလရာ အၿမဲယူသြားတတ္တဲ့အိတ္ျပာေလး ဘာေတြမ်ားပါလဲေပါ့ သိခ်င္လာတယ္။

တေန႔ ကိုစိုးဝင္းနဲ႔ကြၽန္ေတာ္ ေအးေအးေဆးေဆးစကားေျပာခ်ိန္ရခဲ့တယ္ “အကို ညီေလးသိခ်င္တယ္ အဲထဲမွာဘာေတြပါလဲ ” “ဘာလို႔သိခ်င္တာလဲ ကိုဖက္” “ေအာ္အကိုရယ္ ကြၽန္ေတာ္အေမ့ကိုၾကည္ညိဳတာ အကိုလဲသိသားနဲ႔ အေမနဲ႔ပတ္သတ္တာဆိုအရာရာကိုစိတ္ဝင္စားတာေပါ့သိခ်င္တာေပါ့” “ေအးဗ်ာ လူအေတာ္မ်ားမ်ားကလဲေမးၾကတယ္ ဘာေတြလဲေပါ့၊ အစိုးရပိုင္းလူႀကီးတဦးကဆို ေသနတ္လားလို႔ေမးတယ္ဗ်” “ေအးဗ်ကြၽန္ေတာ္လဲ သိခ်င္တယ္ေျပာျပပါဗ်ာ”



“ေျပာျပပါမယ္” ” အဲဒီအိတ္ကေလးကို ကြၽန္ေတာ္အၿမဲလြယ္ထားတယ္ ခရီးသြားေလရာလဲအၿမဲယူသြားတယ္ အမေတာင္းတဲ့အခါတိုင္း ကြၽန္ေတာ္ေပးရတယ္” (ကိုစိုးဝင္းက အေမေဒၚေအာင္ဆန္းစုၾကည္ကို အမလို႔ေခၚပါတယ္) ” အိမ္ကထြက္ေတာ့မယ္ဆို အဲအိတ္ျပာကေလး ကြၽန္ေတာ့ဆီကိုအခု မေဝ လာေပးတယ္ မေဝမရွိခင္ကအရင္တေယာက္ေပါ့ ဒီအိတ္ကေလးကၾကာၿပီေလ ”

“ကိုဖက္” ” ဗ်ာ” ကြၽန္ေတာ္အမွန္တိုင္းေျပာမယ္ေနာ္” ” ဟုတ္ အကို ” ” အဲဒီအိတ္ျပာေလးထဲမွာဘာေတြပါတယ္ဆိုတာ ” ကိုစိုးဝင္း စီးကရက္တစ္လိပ္ကို မီးညႇိလိုက္တယ္။ မီးခိုးေငြ႕ေတြမႈတ္ထုတ္ရင္း ” ကြၽန္ေတာ္တကယ္မသိဘူး ” ” ကြၽန္ေတာ္တကယ္မသိဘူး ” ” ဟင္ ” “တကယ္ေျပာတာ မညာဘူး ” ” ကြၽန္ေတာ္တို႔ေခါင္းေဆာင္က အမ်ိဳးသမီးေလ ကြၽန္ေတာ္က ေနရာတကာစပ္စုလို႔မေကာင္းဘူး သိေစခ်င္တာရွိသလိုမသိေစအပ္တဲ့အရာေတြလဲရွိခ်င္ရွိမွာေပါ့ အဲတာေၾကာင့္ ကြၽန္ေတာ္ စည္းထားလိုက္တယ္ အမေတာင္းတဲ့အခါ ေပးလိုက္တယ္ ကြၽန္ေတာ္လြယ္ထားရေပမယ့္ ဘယ္ေတာ့မွဖြင့္မၾကည့္ဘူး ဘာေတြလဲလို႔ေမးလဲမၾကည့္ဘူး ”



” ကြၽန္ေတာ္ ဘယ္တုန္းကမွ ဖြင့္မၾကည့္ခဲ့ဘူး မစပ္စုခဲ့ဘူး။သိလဲမသိခ်င္ခဲ့ဘူး သိေအာင္လဲႀကိဳးစားမွာမဟုတ္ဘူး အိတ္ျပာေလးနဲ႔ပတ္သတ္လို႔ ကြၽန္ေတာ့အလုပ္က မေတာင္းရင္ လြယ္ထားမယ္ ေတာင္းရင္ေပးလိုက္မယ္ ဒါတာဝန္ဘဲ”

” ကြၽန္ေတာနားလည္ၿပီ ကိုစိုးဝင္း အဲတာဆို ခုေနာက္ပိုင္း ခင္ဗ်ားမလိုက္ျဖစ္တဲ့ ျပည္ပခရီးစဥ္ေတြမွာဆိုရင္ေရာ ”

” ကြၽန္ေတာ္ေသခ်ာမွာထားတယ္ လုံၿခဳံေရးယူတဲ့ကေလးမေလးေတြကို ကြၽန္ေတာ္ဘယ္လိုေနတယ္ ဘာလိုလုပ္တယ္ဆိုတာ အမနဲ႔ပါတ္သတ္တာေတြအေတာ္မ်ားမ်ား အကုန္ေျပာျပထားတယ္ ကေလးမေလးေတြကလဲ ေကာင္းေကာင္းနားေထာင္ၾကတယ္ နားလည္ၾကတယ္သူတို႔လဲ အမနားမွာၾကာလာေတာ့ တာဝန္ဆိုတာထက္ပိုနားလည္လည္ၾကတယ္ ကြၽန္ေတာ္စိတ္ခ်ရတယ္ သူတို႔ကို ”

ကဲ ကြၽန္ေတာ္ တို႔ သိခ်င္ေနတဲ့အိတ္ျပာေလးထဲမွာဘာေတြရွိလဲဘာေတြပါလဲသိခ်င္ၾကတယ္ ခုေတာ့ရွင္းပါၿပီ အေမ့နားမွာအၿမဲေနေနဆဲ အိတ္ျပာေလးကို အၿမဲလြယ္ခဲ့တဲ့အေမ့အပါးေတာ္ၿမဲ ကိုစိုးဝင္းေတာင္မွမသိပါဘူး မသိခ်င္ပါဘူးဆိုမွေတာ့ကြၽန္ေတာ္တို႔လဲမသိခ်င္ပါနဲ႔ေတာ့ဗ်ာ…

ဒီေလာက္ထိ ေခါင္းေဆာင္အေပၚမွာ သစၥာရွိမႈ ေစာင့္စည္းမႈေတြနဲ႔ အျပည့္အဝ တာဝန္ယူခဲ့တဲ့သူႀကီး… အေမက ပုဆိုးေလးတထည္ ေပးတာေတာင္ မယူခဲ့တဲ့သူ…

ခုေတာ့ သီလ သမာဓိ သစၥာတရားေတြ အျပည့္ရွိေနတဲ့ ေခါင္းေဆာင္ေဘးနားမွာ ေနခဲ့တဲ့သူ ဆိုေတာ့… ေကာင္းရာ သုဂတိလားမွာပါ…

Chan Aye MgMg

Post a Comment

Previous Post Next Post