(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၆ ရက် မွန်းလွဲ ၃ နာရီကျော်က သိန်းနီမြို့နယ် မူဆယ်-မန္တလေးသွား ကားလမ်းမှာ ကွတ်ခိုင်ဘက်ကနေ လားရှိုးဘက်ကို လားရှိုးမြို့ ရပ်ကွက်(၆)နေ ကျော်အေး (၅၂)နှစ် မောင်းနှင်ပြီး ကွတ်ခိုင်မြို့နယ် နန်းနွယ်ကျေးရွာအုပ်စု ထန်လောင်းကျေးရွာနေ မရန်ရှောက်တီ (၃၀)နှစ် စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ်ပေါ်မှာ ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။

လက်ဆွဲအိတ်အတွင်းက ပလတ်စတစ်ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ ပြား (ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၃၈ သိန်း)နဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။



#မူးယစ်ဆေးဝါး #သိန်းနီ #ဖမ်းဆီးရမိ
#ဓာတ်ပုံ- CCDAC


(Zawgyi)


ရွမ္းျပည္နယ္ေျမာက္ပိုင္း သိန္းနီၿမိဳ႕နယ္မွာ စိတ္ႂကြ႐ူးသြပ္ေဆးျပားေတြ ဖမ္းဆီးရမိခဲ့တယ္လို႔ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

ဇူလိုင္လ ၁၆ ရက္ မြန္းလြဲ ၃ နာရီေက်ာ္က သိန္းနီၿမိဳ႕နယ္ မူဆယ္-မႏၲေလးသြား ကားလမ္းမွာ ကြတ္ခိုင္ဘက္ကေန လားရႈိးဘက္ကို လားရႈိးၿမိဳ႕ ရပ္ကြက္(၆)ေန ေက်ာ္ေအး (၅၂)ႏွစ္ ေမာင္းႏွင္ၿပီး ကြတ္ခိုင္ၿမိဳ႕နယ္ နန္းႏြယ္ေက်း႐ြာအုပ္စု ထန္ေလာင္းေက်း႐ြာေန မရန္ေရွာက္တီ (၃၀)ႏွစ္ စီးနင္းလိုက္ပါလာတဲ့ ေမာ္ေတာ္ယာဥ္ေပၚမွာ ဖမ္းဆီးရမိခဲ့တာပဲ ျဖစ္ပါတယ္။

လက္ဆြဲအိတ္အတြင္းက ပလတ္စတစ္ကပ္ခြာအိတ္ေတြနဲ႔ ထည့္ထားတဲ့ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁,၉၀၀ ျပား (ကာလေပါက္ေဈး တန္ဖိုးေငြက်ပ္ ၃၈ သိန္း)နဲ႔ လက္ကိုင္ဖုန္း ၂ လုံးတို႔ကို သိမ္းဆည္းရမိခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

#မူးယစ္ေဆးဝါး #သိန္းနီ #ဖမ္းဆီးရမိ
#ဓာတ္ပုံ- CCDAC

Post a Comment

Previous Post Next Post