(Unicode)


သာယာဝတီမြို့တွင် လွန်ခဲ့သော(၁၄)နှစ်က လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးနေသူကို ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၁၂ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။ သာယာဝတီခရိုင်၊သာယာဝတီမြို့၊ဈေးပိုင်းရပ်ကွက်၊ဈေးလမ်းတွင် ဇူလိုင် ၈ရက် မွန်းလွဲ၂နာရီခန့်က သုံးဆယ်မြို့၊ အောက်လက်ပံခုန်ရပ်ကွက်နေ ဦးဝင်းဦး ( ၅၅ )နှစ်ကို တရားခံပြေးအဖြစ် မသင်္ကာသဖြင့် ရဲတပ်ကြပ်ကျော်သန်းဦးနှင့်အဖွဲ့က စစ်မေးခဲ့သည်။



၎င်းသည်သာယာဝတီမြို့မရဲစခန်းက( ပ ) ၅၂၂ /၂၀၀၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ၊ကျင့်၅၁၂အမှုမှ တရားခံပြေးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့သည်။



တရားခံပြေးဦးဝင်းဦးသည် လွန်ခဲ့သော ၂၀၀၆ ခုနှစ် ရက်/လ မမှတ်မိနေ့က သာယာဝတီမြို့နယ် ကိုးပင်ရိုးကျေးရွာနေ ” ဦးဌေးကြွယ်”ဆိုသူအား သတ်ခဲ့ပြီး ကရင်ပြည်နယ်ဘုရားသုံးဆူနယ်စပ်သို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ကာ ယခုနှစ် ဖေဖော်ဝါရီ ၄ရက်တွင် ဇနီးရှိသူနေထိုင်ရာ သုံးဆယ်မြို့ရှိ အောက်လက်ပံခုန်ရပ်ကွက်သို့ ပြန်လည်ရောက်ရှိနေထိုင်ခဲ့စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

မြန်မာတိုင်းမ်


(Zawgyi)


သာယာဝတီၿမိဳ႕တြင္ လြန္ခဲ့ေသာ(၁၄)ႏွစ္က လူသတ္မႈက်ဴးလြန္ၿပီး ထြက္ေျပးေနသူကို ဖမ္းဆီးရမိခဲ့ေၾကာင္း ဇူလိုင္ ၁၂ ရက္တြင္ ရဲတပ္ဖြဲ႕ထံမွ သိရသည္။ သာယာဝတီခ႐ိုင္၊သာယာဝတီၿမိဳ႕၊ေဈးပိုင္းရပ္ကြက္၊ေဈးလမ္းတြင္ ဇူလိုင္ ၈ရက္ မြန္းလြဲ၂နာရီခန႔္က သုံးဆယ္ၿမိဳ႕၊ ေအာက္လက္ပံခုန္ရပ္ကြက္ေန ဦးဝင္းဦး ( ၅၅ )ႏွစ္ကို တရားခံေျပးအျဖစ္ မသကၤာသျဖင့္ ရဲတပ္ၾကပ္ေက်ာ္သန္းဦးႏွင့္အဖြဲ႕က စစ္ေမးခဲ့သည္။



၎သည္သာယာဝတီၿမိဳ႕မရဲစခန္းက( ပ ) ၅၂၂ /၂၀၀၆၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂ ၊က်င့္၅၁၂အမႈမွ တရားခံေျပးျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ဖမ္းဆီးခဲ့သည္။



တရားခံေျပးဦးဝင္းဦးသည္ လြန္ခဲ့ေသာ ၂၀၀၆ ခုႏွစ္ ရက္/လ မမွတ္မိေန႔က သာယာဝတီၿမိဳ႕နယ္ ကိုးပင္႐ိုးေက်း႐ြာေန ” ဦးေဌးႂကြယ္”ဆိုသူအား သတ္ခဲ့ၿပီး ကရင္ျပည္နယ္ဘုရားသုံးဆူနယ္စပ္သို႔ သြားေရာက္အလုပ္လုပ္ကိုင္ခဲ့ကာ ယခုႏွစ္ ေဖေဖာ္ဝါရီ ၄ရက္တြင္ ဇနီးရွိသူေနထိုင္ရာ သုံးဆယ္ၿမိဳ႕ရွိ ေအာက္လက္ပံခုန္ရပ္ကြက္သို႔ ျပန္လည္ေရာက္ရွိေနထိုင္ခဲ့စဥ္ ဖမ္းဆီးခံရျခင္းျဖစ္သည္။

ျမန္မာတိုင္းမ္

Post a Comment

Previous Post Next Post