(Zawgyi)


ဒီပိတ္ရက္ ေတြမွာ ဧည့္သည္ေတြ မ်ားလာ မွာစိုးရိမ္ တာေၾကာင့္ အခုလိုသတိေပး လိုက္တာပါ။ ဇူလိုင္ ၃၁ ရက္ကေန ၾသဂုတ္ ၃ ရက္ေန႔ အထိ ဧရာဝတီ တိုင္း အတြင္းက ကမ္းေျခေတြ ကို လာေရာက္ လည္ပတ္ျခင္းမျပဳဖို႔ တိုင္းအစိုးရက ဗီနိုင္းေတြ ထုတ္ၿပီး ေၾကညာ ထားမယ္လို႔ သိရပါတယ္။ “ဒီပိတ္ရက္ ေလးရက္ ကို ကမ္းေျခေတြမဖြင့္ဘူး။ ကမ္းေျခေတြ မလာဖို႔ တားျမစ္ေၾကညာခ်က္ေတြကို အခုပဲ ဗီနိုင္းေတြ ကပ္ၿပီး ထုတ္ျပန္မယ္လို႔သိရပါတယ္” လို႔ ဧရာဝတီတိုင္း လ.ဝ.က ဝန္ႀကီး ေဒါက္တာ စိုးဝင္း က ေျပာပါတယ္။


လက္ရွိမွာ ဧရာဝတီ တိုင္း အတြင္းက ကမ္းေျခနဲ႔ ဟိုတယ္ေတြကို ကိုဗစ္ကာကြယ္ေရးစည္းကမ္းခ်က္ေတြနဲ႔အညီ ျပင္ဆင္ထားတာရွိ၊မရွိ စစ္ေဆးၿပီး ကိုဗစ္ေကာ္မတီကို တင္ျပထားဆဲျဖစ္ပါတယ္။ ဒါေၾကာင့္ အခုခ်ိန္ထိ ကမ္းေျခနဲ႔ ဟိုတယ္ေတြကို ျပန္လည္ဖြင့္လွစ္နိုင္ျခင္း မရွိေသးဘူးလို႔လည္းသိရပါတယ္။ ျပန္ဖြင့္တဲ့အခါမွာဆိုရင္လည္း ကမ္းေျခနဲ႔ ဟိုတယ္ေတြမွာ လိုက္နာရမယ့္စည္းကမ္းခ်က္ေတြ၊ဧည့္သည္ေတြဘက္က လိုက္နာရမယ့္ စည္းကမ္းခ်က္ေတြကို ထုတ္ျပန္သြားမွာျဖစ္တယ္လို႔လည္း ေခ်ာင္းသာဟိုတယ္ဇုန္လုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးေက်ာ္ခိုင္က ေျပာပါတယ္။


ဧရာဝတီတိုင္း အတြင္းက ေခ်ာင္းသာ ကမ္းေျခ၊ ေငြေဆာင္၊ ေဂၚရင္ဂ်ီ၊ ေရႊေသာင္ယံ စတဲ့ကမ္းေျခေတြကို မတ္လ ပိုင္းေလာက္ကတည္းက လာေရာက္ လည္ပတ္ခြင့္ ပိတ္ပင္ ထားတာ လက္ရွိ အခ်ိန္ထိ ျဖစ္ပါတယ္။ဒါ့အျပင္ လာမယ့္႐ုံးပိတ္ရက္ ေလးရက္မွာလည္း ဘုရားဖူးျပည္သူေတြ မ်ားျပားၿပီး လူစုလူေဝးေတြ ပိုၿပီး ျဖစ္ေပၚလာနိုင္တာေၾကာင့္ ပုဂံေဒသက ဘုရား (၁၇) ဆူကိုလည္း ျပန္ပိတ္ထားလိုက္ရတယ္လို႔ ေညာင္ဦးခရိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေက်ာ္အုံးက ေျပာခဲ့ပါတယ္။


(Unicode)


ဒီပိတ်ရက် တွေမှာ ဧည့်သည်တွေ များလာ မှာစိုးရိမ် တာကြောင့် အခုလိုသတိပေး လိုက်တာပါ။ ဇူလိုင် ၃၁ ရက်ကနေ သြဂုတ် ၃ ရက်နေ့ အထိ ဧရာဝတီ တိုင်း အတွင်းက ကမ်းခြေတွေ ကို လာရောက် လည်ပတ်ခြင်းမပြုဖို့ တိုင်းအစိုးရက ဗီနိုင်းတွေ ထုတ်ပြီး ကြေညာ ထားမယ်လို့ သိရပါတယ်။ “ဒီပိတ်ရက် လေးရက် ကို ကမ်းခြေတွေမဖွင့်ဘူး။ ကမ်းခြေတွေ မလာဖို့ တားမြစ်ကြေညာချက်တွေကို အခုပဲ ဗီနိုင်းတွေ ကပ်ပြီး ထုတ်ပြန်မယ်လို့သိရပါတယ်” လို့ ဧရာဝတီတိုင်း လ.ဝ.က ဝန်ကြီး ဒေါက်တာ စိုးဝင်း က ပြောပါတယ်။


လက်ရှိမှာ ဧရာဝတီ တိုင်း အတွင်းက ကမ်းခြေနဲ့ ဟိုတယ်တွေကို ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်ထားတာရှိ၊မရှိ စစ်ဆေးပြီး ကိုဗစ်ကော်မတီကို တင်ပြထားဆဲဖြစ်ပါတယ်။ ဒါကြောင့် အခုချိန်ထိ ကမ်းခြေနဲ့ ဟိုတယ်တွေကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘူးလို့လည်းသိရပါတယ်။ ပြန်ဖွင့်တဲ့အခါမှာဆိုရင်လည်း ကမ်းခြေနဲ့ ဟိုတယ်တွေမှာ လိုက်နာရမယ့်စည်းကမ်းချက်တွေ၊ဧည့်သည်တွေဘက်က လိုက်နာရမယ့် စည်းကမ်းချက်တွေကို ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်း ချောင်းသာဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ခိုင်က ပြောပါတယ်။


ဧရာဝတီတိုင်း အတွင်းက ချောင်းသာ ကမ်းခြေ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီ၊ ရွှေသောင်ယံ စတဲ့ကမ်းခြေတွေကို မတ်လ ပိုင်းလောက်ကတည်းက လာရောက် လည်ပတ်ခွင့် ပိတ်ပင် ထားတာ လက်ရှိ အချိန်ထိ ဖြစ်ပါတယ်။ဒါ့အပြင် လာမယ့်ရုံးပိတ်ရက် လေးရက်မှာလည်း ဘုရားဖူးပြည်သူတွေ များပြားပြီး လူစုလူဝေးတွေ ပိုပြီး ဖြစ်ပေါ်လာနိုင်တာကြောင့် ပုဂံဒေသက ဘုရား (၁၇) ဆူကိုလည်း ပြန်ပိတ်ထားလိုက်ရတယ်လို့ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုံးက ပြောခဲ့ပါတယ်။

Post a Comment

Previous Post Next Post