(Unicode)

စစ်ကိုင်း ကောင်းမှုတော်ဘုရား ဇူလိုင် (၁၅) ရက်နေ့မှစတင်၍ အများပြည်သူ ဖူးမြော်ခွင့်ပြုမည်

Covid -19 ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် စစ်ကိုင်မြို့ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရာကြီး ဘုရားဖူဝင် ရောက်ခွင့်များကို ဇူလိုင် (၁၅) ရက်မှစ၍ အများပြည်သူဖူးမြော်ခွင့် ပြုမည်ဖြစ်ကြောင်း ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရာကြီး ဂေါပကအဖွဲ့ကသိရသည်။


ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီး ပြန်လှည်ဖွင့်လှစ်ရန် စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်ပြီး ယနေ့ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော ဂေါပကအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဘုရားကြီးအား ဇူလိုင် (၁၅) ရက်နေ့မှစတင်၍ နံနက် (၇) နာရီမှ ညနေ (၅) အထိ ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်သည်။



” အရင်တုန်းကတော့ ဇွန်လ ၁ ရက်နေ့ဖွင့်ဖို့စီစဉ်ခဲ့ပေမယ့် အစိုးကအဖွဲ့ကခွင့်မပြုလို့ မဖွင့်ခဲ့ရပါဘူး။ ခုတော့ခွင့်ပြုမိန့်ရပါပြီ။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်နေပါတယ် ” ဟု ဂေါပကအဖွဲ့ ဥက္ကဌ ဦးတင်မျိုးလွင့်က ပြောကြားသည်။


ဘုရားဖူးများ ပြန်လည်ခွင့်ပြုရာတွင် ဘုရားဖူးများကို အလိုအလျောက် အပူချိန်တိုင်းကိရိယာများဖြင့် အပူချိန်တိုင်းတာခြင်၊ နှာခေါင်းစည်း မတပ်သူများကို ဝင်ခွင့်မပြုခြင်း၊ ဘုရားဖူးရာတွင် တဦးနှင့်တဦး ခပ်ခွာခွာဖူးနိုင်ရန် အကွက်များ ပြုလုပ်ပေးထားခြင်း၊



လက်ဆေးကန်များထားရှိပေးခြင်း၊ ဘုရားဖူးများ တောင်ဘက်မုခ်မှဝင်၍ အရှေ့ဘက်မုခ်မှပြန်လည်ထွက်ခွာစေခြင်း၊ ဈေးဆိုင်းများရောင်းဝယ်ရာတွင် Social Distancing နှင့်အညီ ရောင်းဝယ်စေခြင်းများပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

ဦးရာဇ

Source – News Watch

(Zawgyi)

စစ္ကိုင္း ေကာင္းမႈေတာ္ဘုရား ဇူလိုင္ (၁၅) ရက္ေန႔မွစတင္၍ အမ်ားျပည္သူ ဖူးေျမာ္ခြင့္ျပဳမည္

Covid -19 ေရာဂါေၾကာင့္ ပိတ္ထားခဲ့ရသည့္ စစ္ကိုင္ၿမိဳ႕က်က္သေရေဆာင္ ရာဇမဏိစူဠာ ေကာင္းမႈေတာ္ဘုရာႀကီး ဘုရားဖူဝင္ ေရာက္ခြင့္မ်ားကို ဇူလိုင္ (၁၅) ရက္မွစ၍ အမ်ားျပည္သူဖူးေျမာ္ခြင့္ ျပဳမည္ျဖစ္ေၾကာင္း ရာဇမဏိစူဠာ ေကာင္းမႈေတာ္ဘုရာႀကီး ေဂါပကအဖြဲ႕ကသိရသည္။


ရာဇမဏိစူဠာ ေကာင္းမႈေတာ္ဘုရားႀကီး ျပန္လွည္ဖြင့္လွစ္ရန္ စစ္ကိုင္းၿမိဳ႕နယ္ စီမံခန႔္ခြဲမႈေကာ္မတီမွ ခြင့္ျပဳခ်က္ရရွိခဲ့ျခင္းျဖစ္ၿပီး ယေန႔ (၁၃) ရက္ေန႔တြင္ က်င္းပျပဳလုပ္ေသာ ေဂါပကအဖြဲ႕ အစည္းအေဝးဆုံးျဖတ္ခ်က္အရ ဘုရားႀကီးအား ဇူလိုင္ (၁၅) ရက္ေန႔မွစတင္၍ နံနက္ (၇) နာရီမွ ညေန (၅) အထိ ျပန္လည္ ဖြင့္လွစ္သြားမည္ ျဖစ္သည္။

” အရင္တုန္းကေတာ့ ဇြန္လ ၁ ရက္ေန႔ဖြင့္ဖို႔စီစဥ္ခဲ့ေပမယ့္ အစိုးကအဖြဲ႕ကခြင့္မျပဳလို႔ မဖြင့္ခဲ့ရပါဘူး။ ခုေတာ့ခြင့္ျပဳမိန႔္ရပါၿပီ။ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနရဲ႕ ၫြန္ၾကားခ်က္ေတြနဲ႔ ကိုက္ညီေအာင္ ေဆာင္႐ြက္ေနပါတယ္ ” ဟု ေဂါပကအဖြဲ႕ ဥကၠဌ ဦးတင္မ်ိဳးလြင့္က ေျပာၾကားသည္။


ဘုရားဖူးမ်ား ျပန္လည္ခြင့္ျပဳရာတြင္ ဘုရားဖူးမ်ားကို အလိုအေလ်ာက္ အပူခ်ိန္တိုင္းကိရိယာမ်ားျဖင့္ အပူခ်ိန္တိုင္းတာျခင္၊ ႏွာေခါင္းစည္း မတပ္သူမ်ားကို ဝင္ခြင့္မျပဳျခင္း၊ ဘုရားဖူးရာတြင္ တဦးႏွင့္တဦး ခပ္ခြာခြာဖူးႏိုင္ရန္ အကြက္မ်ား ျပဳလုပ္ေပးထားျခင္း၊

လက္ေဆးကန္မ်ားထားရွိေပးျခင္း၊ ဘုရားဖူးမ်ား ေတာင္ဘက္မုခ္မွဝင္၍ အေရွ႕ဘက္မုခ္မွျပန္လည္ထြက္ခြာေစျခင္း၊ ေဈးဆိုင္းမ်ားေရာင္းဝယ္ရာတြင္ Social Distancing ႏွင့္အညီ ေရာင္းဝယ္ေစျခင္းမ်ားျပဳလုပ္ႏိုင္ရန္ စီစဥ္ထားေၾကာင္း ေဂါပကအဖြဲ႕မွ သိရသည္။

ဦးရာဇ

Source – News Watch

Post a Comment

Previous Post Next Post