(Unicode)


တရုတ်ပြည်မှာတွေ့တဲ့_ဘူဘိုးနစ်ပလိပ်ရောဂါအခြေအနေ

🇨🇳 တရုတ်ပြည် အတွင်းမွန်ဂိုးလီယားဒေသမှာ တိရိစ္ဆာန်ရိုင်းတွေကို မစားဖို့၊ အနားမကပ်ဖို့နဲ့ မြက်ခင်းလွင်ပြင်ထဲမှာ ညအိပ်ညနေမနေကြဖို့ တရုတ်ပေကျင်း #ကူးစက်ရောဂါကာကွယ်ရေးဌာနကသတိပေးထားပါတယ်။

အကယ်၍ တစ်ယောက်ယောက် ကိုယ်ပူတက်ခဲ့ရင် သူ့ရဲ့ တိရိစ္ဆာန်ရိုင်းထိတွေ့ခဲ့မှုနဲ့ မြက်ခင်းလွင်ပြင်သွားခဲ့မှု ရာဇဝင်ကို ကျန်းမာရေးဌာနကို သတင်းပို့ဖို့ ပြောထားပါတယ်။



ဆရာဝန်နဲ့ သူနာပြုတွေကလည်း bubonic plague ဘူဘိုးနစ်ပလိပ်ရောဂါအကြောင်း အကျွမ်းတဝင်လေ့လာထားကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့စနေနေ့ညက အတွင်းမွန်ဂိုးလီယားဒေသ Bayannur မြို့မှာ bubonic plague ဘူဘိုးနစ်ပလိပ်ရောဂါ သံသယရှိသူကို တွေ့ရှိခဲ့လို့ ဖြစ်ပါတယ်။

ဒီ bubonic plague ဘူဘိုးနစ်ပလိပ်ရောဂါဟာ လူသေဆုံးနိုင်တဲ့ ကမ္ဘာ့ကူးစက်ရောဂါဆိုးကြီးထပ်ဖြစ်သွားနိုင်လို့ ဖြစ်ပါတယ်။

🔹 အခုတွေ့ရှိသူဟာ အခြေအနေကောင်းပြီး ဆေးရုံမှာ ရောဂါကုသမှုခံယူနေပါတယ်။

အခုအဲ့ဒီမြို့မှာ အဆင့်လေးဆင့်မှာ ဒုတိယအနိမ့်ဆုံးဖြစ်တဲ့ တတိယအဆင့်သတိပေးချက် ထုတ်ပြန်ထားပါတယ်။



ဘူဘိုးနစ်ပလိပ်ရောဂါလက္ခဏာများကတော့… ရုတ်တရက်ကိုယ်ပူချိန်တက်မယ်။ ခေါင်းကိုက်မယ်။ byboes လို့ခေါ်တဲ့ ချိုင်းကြား၊ ပေါင်ခြံနေရာတွေက lymph nodes အကျိတ်တွေရောင်မယ်။

#ဖြစ်ရတဲ့အကြောင်းရင်းကတော့… များသောအားဖြင့် အဲ့ဒီရောဂါဖြစ်စေတဲ့ Yersinia pestis ဘက်တီးရီးယားစွဲကပ်နေတဲ့ သန်းကိုက်လို့ဖြစ်ပါတယ်။

အဲ့ဒီဘက်တီးရီးယားဟာ လူ့ကိုယ်ခန္ဓာထဲဝင်ရောက်ပြီး အကိုက်ခံရတဲ့နေရာနဲ့ အနီးဆုံး အကျိတ်တွေ စရောင်ပါတော့တယ်။

💊 အဲ့ဒီရောဂါက antibiotics ဆေးတွေနဲ့ #ကုသလို့ရပါတယ်။



🐀 #စရောဂါဖြစ်စေတတ်တဲ့လက်ခံကောင်ကတော့ မြက်ခင်းထဲမှာနေတဲ့ marmots ပူးတစ်မျိုးကဖြစ်ပါတယ်။

ဒီပလိပ်ရောဂါမျိုးဟာ အဆိုးဆုံး ပလိပ်ရောဂါသုံးမျိုးမှာပါပါတယ်။

14 ရာစုတုန်းက ဥရောပမှာ အနည်းဆုံးလူဦးရေ 3 ပုံ 1 ပုံလောက်သေစေခဲ့တဲ့ Black Death ပလိပ်ဖြစ်ခဲ့ဖူးပြီး 19 ရာစုတုန်းကလည်း အိန္ဒိယနဲ့ တရုတ်မှာ လူသန်းပေါင်းများစွာ ပလိပ်ရောဂါကြောင့်သေဆုံးခဲ့ဖူးပါတယ်။



2014 ခုနှစ်တုန်းကလည်း တရုတိပြည် အနောက်မြောက်ဖက်ရှိ Gansu ဒေသမှာ လူတစ်ယောက် ပလိပ်ရောဂါနဲ့ သေဆုံးခဲ့လို့ လူ 151 ယောက်ကို quarantine ဝင်ခိုင်းရဖူးပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant

(Zawgyi)


တ႐ုတ္ျပည္မွာေတြ႕တဲ့_ဘူဘိုးနစ္ပလိပ္ေရာဂါအေျခအေန

🇨🇳 တ႐ုတ္ျပည္ အတြင္းမြန္ဂိုးလီယားေဒသမွာ တိရိစာၦန္႐ိုင္းေတြကို မစားဖို႔၊ အနားမကပ္ဖို႔နဲ႔ ျမက္ခင္းလြင္ျပင္ထဲမွာ ညအိပ္ညေနမေနၾကဖို႔ တ႐ုတ္ေပက်င္း #ကူးစက္ေရာဂါကာကြယ္ေရးဌာနကသတိေပးထားပါတယ္။

အကယ္၍ တစ္ေယာက္ေယာက္ ကိုယ္ပူတက္ခဲ့ရင္ သူ႔ရဲ႕ တိရိစာၦန္႐ိုင္းထိေတြ႕ခဲ့မႈနဲ႔ ျမက္ခင္းလြင္ျပင္သြားခဲ့မႈ ရာဇဝင္ကို က်န္းမာေရးဌာနကို သတင္းပို႔ဖို႔ ေျပာထားပါတယ္။



ဆရာဝန္နဲ႔ သူနာျပဳေတြကလည္း bubonic plague ဘူဘိုးနစ္ပလိပ္ေရာဂါအေၾကာင္း အကြၽမ္းတဝင္ေလ့လာထားၾကဖို႔ တိုက္တြန္းထားပါတယ္။

ၿပီးခဲ့တဲ့စေနေန႔ညက အတြင္းမြန္ဂိုးလီယားေဒသ Bayannur ၿမိဳ႕မွာ bubonic plague ဘူဘိုးနစ္ပလိပ္ေရာဂါ သံသယရွိသူကို ေတြ႕ရွိခဲ့လို႔ ျဖစ္ပါတယ္။

ဒီ bubonic plague ဘူဘိုးနစ္ပလိပ္ေရာဂါဟာ လူေသဆုံးႏိုင္တဲ့ ကမာၻ႔ကူးစက္ေရာဂါဆိုးႀကီးထပ္ျဖစ္သြားႏိုင္လို႔ ျဖစ္ပါတယ္။

🔹 အခုေတြ႕ရွိသူဟာ အေျခအေနေကာင္းၿပီး ေဆး႐ုံမွာ ေရာဂါကုသမႈခံယူေနပါတယ္။

အခုအဲ့ဒီၿမိဳ႕မွာ အဆင့္ေလးဆင့္မွာ ဒုတိယအနိမ့္ဆုံးျဖစ္တဲ့ တတိယအဆင့္သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။



ဘူဘိုးနစ္ပလိပ္ေရာဂါလကၡဏာမ်ားကေတာ့… ႐ုတ္တရက္ကိုယ္ပူခ်ိန္တက္မယ္။ ေခါင္းကိုက္မယ္။ byboes လို႔ေခၚတဲ့ ခ်ိဳင္းၾကား၊ ေပါင္ၿခံေနရာေတြက lymph nodes အက်ိတ္ေတြေရာင္မယ္။

#ျဖစ္ရတဲ့အေၾကာင္းရင္းကေတာ့… မ်ားေသာအားျဖင့္ အဲ့ဒီေရာဂါျဖစ္ေစတဲ့ Yersinia pestis ဘက္တီးရီးယားစြဲကပ္ေနတဲ့ သန္းကိုက္လို႔ျဖစ္ပါတယ္။

အဲ့ဒီဘက္တီးရီးယားဟာ လူ႔ကိုယ္ခႏၶာထဲဝင္ေရာက္ၿပီး အကိုက္ခံရတဲ့ေနရာနဲ႔ အနီးဆုံး အက်ိတ္ေတြ စေရာင္ပါေတာ့တယ္။

💊 အဲ့ဒီေရာဂါက antibiotics ေဆးေတြနဲ႔ #ကုသလို႔ရပါတယ္။



🐀 #စေရာဂါျဖစ္ေစတတ္တဲ့လက္ခံေကာင္ကေတာ့ ျမက္ခင္းထဲမွာေနတဲ့ marmots ပူးတစ္မ်ိဳးကျဖစ္ပါတယ္။

ဒီပလိပ္ေရာဂါမ်ိဳးဟာ အဆိုးဆုံး ပလိပ္ေရာဂါသုံးမ်ိဳးမွာပါပါတယ္။

14 ရာစုတုန္းက ဥေရာပမွာ အနည္းဆုံးလူဦးေရ 3 ပုံ 1 ပုံေလာက္ေသေစခဲ့တဲ့ Black Death ပလိပ္ျဖစ္ခဲ့ဖူးၿပီး 19 ရာစုတုန္းကလည္း အိႏၵိယနဲ႔ တ႐ုတ္မွာ လူသန္းေပါင္းမ်ားစြာ ပလိပ္ေရာဂါေၾကာင့္ေသဆုံးခဲ့ဖူးပါတယ္။



2014 ခုႏွစ္တုန္းကလည္း တ႐ုတိျပည္ အေနာက္ေျမာက္ဖက္ရွိ Gansu ေဒသမွာ လူတစ္ေယာက္ ပလိပ္ေရာဂါနဲ႔ ေသဆုံးခဲ့လို႔ လူ 151 ေယာက္ကို quarantine ဝင္ခိုင္းရဖူးပါတယ္။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant

Post a Comment

Previous Post Next Post