(Unicode)


ရန်ကုန် - အသက် (၆) နှစ်အရွယ် လူနာအမှတ်(၃၁၈)သည် နှစ်ကြိမ်ဆက်ပိုးမတွေ့သည့်အတွက် ယနေ့နံနက်တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း တီးတိန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ဇမ်ကျင်က အတည်ပြုပြောကြားသည်။



အိန္ဒိယနိုင်ငံမှပြန်ရောက်ရှိလာသော အဆိုပါကလေးငယ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၉ ရက်တွင် အတည်ပြုလူနာအမှတ်(၃၁၈)အဖြစ် ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် တီးတိန်ဆေးရုံ၌ ကုသမှုခံယူခဲ့ခြင်း ဖြစ်သည်။



အထက်ပါ လူနာကလေးငယ်အား ဆေးရုံစတက်သည့်နေ့တွင် တီးတိန်ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများက ဆော့စရာကားရုပ်များပေးအပ်ခဲ့သည့်အပြင် ယခုဆေးရုံဆင်းချိန်၌လည်း ကလေးစီးစက်ဘီးတစ်စီးပေးရန် စီစဉ်ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။

ထို့ပြင် ကလေး၏ခန္ဓာကိုယ်တွင် ပါဝါရိန်းဂျားအပြာရောင်ဝတ်စုံနှင့်အတူ ကျောပိုးအိတ်တစ်လုံးကိုလည်း စီစဉ်ပေးခဲ့သည်။



ဓာတ်ပုံ - Thaw Thawn (The Tedim Post)
@7 Day News


(Zawgyi)


ရန္ကုန္ - အသက္ (၆) ႏွစ္အရြယ္ လူနာအမွတ္(၃၁၈)သည္ ႏွစ္ႀကိမ္ဆက္ပိုးမေတြ႕သည့္အတြက္ ယေန႔နံနက္တြင္ ေဆး႐ုံမွဆင္းခြင့္ျပဳခဲ့ေၾကာင္း တီးတိန္ၿမိဳ့နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ က်န္းမာေရးမွူးအဆင့္(၁) ေဒၚဇမ္က်င္က အတည္ျပဳေျပာၾကားသည္။



အိႏၵိယနိုင္ငံမွျပန္ေရာက္ရွိလာေသာ အဆိုပါကေလးငယ္ကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ဇူလိုင္ ၉ ရက္တြင္ အတည္ျပဳလူနာအမွတ္(၃၁၈)အျဖစ္ ထုတ္ျပန္ခဲ့ၿပီး ဇူလိုင္ ၁၀ ရက္တြင္ တီးတိန္ေဆး႐ုံ၌ ကုသမွုခံယူခဲ့ျခင္း ျဖစ္သည္။


အထက္ပါ လူနာကေလးငယ္အား ေဆး႐ုံစတက္သည့္ေန႔တြင္ တီးတိန္ေဆး႐ုံအုပ္ႀကီးႏွင့္ ဝန္ထမ္းမ်ားက ေဆာ့စရာကား႐ုပ္မ်ားေပးအပ္ခဲ့သည့္အျပင္ ယခုေဆး႐ုံဆင္းခ်ိန္၌လည္း ကေလးစီးစက္ဘီးတစ္စီးေပးရန္ စီစဥ္ေပးခဲ့ေၾကာင္း ၿမိဳ့နယ္က်န္းမာေရးဝန္ထမ္းမ်ားက ဆိုသည္။

ထို့ျပင္ ကေလး၏ခႏၶာကိုယ္တြင္ ပါဝါရိန္းဂ်ားအျပာေရာင္ဝတ္စုံႏွင့္အတူ ေက်ာပိုးအိတ္တစ္လုံးကိုလည္း စီစဥ္ေပးခဲ့သည္။

ဓာတ္ပုံ - Thaw Thawn (The Tedim Post)
@7 Day News

Post a Comment

Previous Post Next Post