(Unicode)

၈-၇-၂၀၁၉ ရက်နေ့ (၁ဝဝဝ) အချိန်ခန့် ရွှေကျင်မြို့နေ တရားလို သည် မြေး ၂ ဦးနှင့်အတူ အိပ်ပျော် နေရာမှ တစ်ရေးနိုးသောအခါ မြေးအငယ်ဖြစ်သူ မ--- (၆) နှစ်အား မတွေ့သဖြင့် အော်ခေါ်စဉ် မျက်နှာချင်း ဆိုင်အိမ်နေ ရဲရွှေ (၃၈) နှစ်မှ မ -- အား ချီကာ ခေါင်းရင်းရှိ ခြံထဲမှ လာပို့သည်ကိုတွေ့ရှိရပြီး မ --- ၏ မိန်းမ အင်္ဂါယောင်၍ နီနေသည်ကိုတွေ့ရသောကြောင့် မေးမြန်းခဲ့ရာ ရဲရွှေမှ ခေါင်းရင်းခြံနောက် အပြင်ဘက်တွင် သားမယားအဖြစ် ၂ ကြိမ်ပြုကျင့်ခဲ့သည်ဟု ပြောပြ သိရှိခဲ့ရပါသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ၁၃-၇-၂၀၁၉ ရက်နေ့တွင် ရွှေကျင်မြို့မရဲစခန်း (ပ)၁၆၆/ ၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ၁၃-၇-၂၀၁၉ ရက်နေ့ ၁၂၅၀ အချိန် ရဲရွှေ အား ဖမ်းဆီးစစ်ဆေး၍ တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ၈-၇-၂၀၂၀ ရက်နေ့တွင် တရားခံ ရဲရွှေ အား ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ်(၂၀) ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည် ။

Credit- Bago Regional Police Force


(Zawgyi)





Post a Comment

Previous Post Next Post