(Zawgyi)


တ႐ုတ္ျပည္မႀကီးမွာ ၾကာသပေတးေန႔( ဇူလိုင္ ၃၀ ရက္) က ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လူနာ ၁၂၇ ဦး ထပ္တိုးလာတယ္လို႔ ႏိုင္ငံက်န္းမာေရး အာဏာပိုင္ေတြက ေသာၾကာေန႔ ( ဇူလိုင္ ၃၁ ရက္) မွာ ေျပာၾကားပါတယ္။

ယင္းထပ္တိုးလာတဲ့ ပိုးကူးစက္လူနာ အေရအတြက္ဟာ ႏိုင္ငံမွာ အေစာပိုင္းေန႔က ထပ္တိုးလာတဲ့ ဗိုင္းရပ္စ္ကူးစက္လူနာ ၁၀၅ ဦး အေရအတြက္ကို ေက်ာ္လြန္သြားၿပီး လြန္ခဲ့တဲ့ မတ္လ ၅ ရက္ေန႔ေနာက္ပိုင္း အျမင့္ဆုံး ဗိုင္းရပ္စ္ကူးစက္လူနာ ထပ္တိုးအေရအတြက္ ျဖစ္ခဲ့ပါတယ္။


ထပ္တိုးဗိုင္းရပ္စ္ကူးစက္လူနာေတြထဲမွ ၁၁၂ ဦးဟာ ႏိုင္ငံအေနာက္ေျမာက္ပိုင္း Xinjiang ေဒသမွျဖစ္ၿပီး ႏိုင္ငံအေရွ႕ေျမာက္ပိုင္း Liaoning ျပည္နယ္မွာေတာ့ ၁၁ ဦး ထပ္တိုးလာတယ္လို႔ သိရပါတယ္။ က်န္ ၄ ဦးကေတာ့ ႏိုင္ငံျခားမွ ဝင္ေရာက္လာသူေတြ ျဖစ္တယ္လို႔ သိရပါတယ္။


တ႐ုတ္ႏိုင္ငံမွာ အခုဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လူနာ ၈၄၂၉၂ ဦး၊ ေသဆုံးသူ ၄၆၃၄ ဦး ရွိေနၿပီး ျပန္လည္သက္သာလာသူကေတာ့ ၇၈၉၇၄ ဦးအထိ ရွိလာၿပီ ျဖစ္တယ္လို႔ Worldometer မွ ေဖာ္ျပထားခ်က္အရ သိရပါတယ္။


Credit – အကုန္သိ


(Unicode)

တရုတ်ပြည်မကြီးမှာ ကြာသပတေးနေ့( ဇူလိုင် ၃၀ ရက်) က ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၂၇ ဦး ထပ်တိုးလာတယ်လို့ နိုင်ငံကျန်းမာရေး အာဏာပိုင်တွေက သောကြာနေ့ ( ဇူလိုင် ၃၁ ရက်) မှာ ပြောကြားပါတယ်။

ယင်းထပ်တိုးလာတဲ့ ပိုးကူးစက်လူနာ အရေအတွက်ဟာ နိုင်ငံမှာ အစောပိုင်းနေ့က ထပ်တိုးလာတဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ ၁၀၅ ဦး အရေအတွက်ကို ကျော်လွန်သွားပြီး လွန်ခဲ့တဲ့ မတ်လ ၅ ရက်နေ့နောက်ပိုင်း အမြင့်ဆုံး ဗိုင်းရပ်စ်ကူးစက်လူနာ ထပ်တိုးအရေအတွက် ဖြစ်ခဲ့ပါတယ်။




ထပ်တိုးဗိုင်းရပ်စ်ကူးစက်လူနာတွေထဲမှ ၁၁၂ ဦးဟာ နိုင်ငံအနောက်မြောက်ပိုင်း Xinjiang ဒေသမှဖြစ်ပြီး နိုင်ငံအရှေ့မြောက်ပိုင်း Liaoning ပြည်နယ်မှာတော့ ၁၁ ဦး ထပ်တိုးလာတယ်လို့ သိရပါတယ်။ ကျန် ၄ ဦးကတော့ နိုင်ငံခြားမှ ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။



တရုတ်နိုင်ငံမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၈၄၂၉၂ ဦး၊ သေဆုံးသူ ၄၆၃၄ ဦး ရှိနေပြီး ပြန်လည်သက်သာလာသူကတော့ ၇၈၉၇၄ ဦးအထိ ရှိလာပြီ ဖြစ်တယ်လို့ Worldometer မှ ဖော်ပြထားချက်အရ သိရပါတယ်။


Credit – အကုန်သိ

Post a Comment

Previous Post Next Post