(Unicode)


မေရီလန်းပြည်နယ်က ကောလိပ်ကျောင်းသားလေးဟာ မိသားစုကို အမှိုက်သိမ်းတဲ့အလုပ်နဲ့ ရှာကျွေးနေတာဖြစ်ပြီး အခုဆိုရင် ဟားဗက်ဥပဒေကျောင်းမှာ တက်ရောက်ခွင့်ရတော့မှာဖြစ်ပါတယ်။ ရီဟန် စတေတန်ဆိုတဲ့ ကျောင်းသားလေးက သူ့အဖေနဲ့ ညီလေးကို ကူညီပေးဖို့အတွက် မနက် ၄ နာရီထပြီး အလုပ်လုပ်ရတာပါ။ ဒီလိုလုပ်ရတဲ့အတွက် သူ့ရဲ့ပညာရေးကိုတောင် စွန့်လွှတ်ရတော့မလိုတောင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ရီဟန်ရဲ့မိသားစုနဲ့ the Bates Trucking & Trash Removal ကုမ္ပဏီမှာရှိတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို လက်မလျှော့လိုက်ဖို့နဲ့ သူ့ရည်မှန်းချက်၊ အိပ်မက်တွေကို မစွန့်လွှတ်ပစ်ဖို့ တွန်းအားပေးခဲ့ကြပါတယ်။အဲဒါကြောင့် သူဟာ လက်မလျှော့ဘဲ ကြိုးစားအားထုတ်မှုကြောင့် ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့တက္ကသိုလ်ထဲက တစ်ခုဖြစ်တဲ့ ဟားဗက်ဥပဒေကျောင်းကို အခုနှစ်မှာ တက်ရတော့မှာဖြစ်ပါတယ်။ အစက ရီဟန်ရဲ့ဘဝက သာမန်ပါပဲ။ ဒါပေမဲ့ သူ့အသက် ၈ နှစ်အရွယ်လောက်မှာ သူ့အမေက သူ့အဖေကို ထားရစ်ခဲ့ပြီး နိုင်ငံကနေ ပြောင်းရွှေ့သွားခဲ့ပြီးတဲ့နောက်မှာတော့ အဆင်မပြေဖြစ်လာခဲ့ပါတယ်။ သူ့အဖေက ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ကြိုးစားရင်းနဲ့ ငွေကြေးမပြေလည်တာတွေ ဖြစ်လာခဲ့ပါတယ်။



အရင်တုန်းက ရီဟန်တို့ညီအစ်ကိုတွေဟာ ပျော်ရွှင်စွာနဲ့ ကျောင်းတက်ခဲ့ရပေမယ့် နောက်ပိုင်းမှာ အစားအစာရှားပါးခြင်းနဲ့ ရင်ဆိုင်ရပြီး သူတို့ဘဝပြောင်းလဲသွားခဲ့ရပါတယ်။ ရီဟန် (၇) တန်းရောက်တဲ့အခါမှာ သူ့အဆင့်တွေ သိသိသာသာထိခိုက်ခဲ့ရပါတယ်။ “နေ့တိုင်းလိုလို ကျွန်တော်အစားမစားခဲ့ရတဲ့အပြင် အဖေက တစ်ချိန်လုံး အလုပ်ပဲလုပ်နေခဲ့ရတယ်။ တစ်ခါတလေ အိမ်မှာ လျှပ်စစ်မီးတောင်မရဘူး”လို့ ရီဟန်က ပြောပါတယ်။ ဆရာ တစ်ယောက်က သူ့ကို ကျောင်းက ပြန်လည်ကုစားရေးအတန်းမှာ တက်ဖို့ အကြံပေးခဲ့ပြီး လေယာဉ်တည်ဆောက်ရေးအင်ဂျင်နီယာတစ်ဦးကလည်း သူ့ကို အခမဲ့ စာသင်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

သူဟာ ဒဏ်ရာရပြီးနောက်မှာတော့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဖြစ်ချင်တဲ့ သူ့အိပ်မက်တွေကို စွန့်လွှတ်ခဲ့ပြီး အမှိုက်သိမ်းကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ “ကျွန်တော် အားကစားမှာ တော်လို့မဟုတ်ဘဲ ကျွန်တော့်အကျိုးကို လိုလာတဲ့အတွက် ကျွန်တော့်ကို လူတွေက ပျိုးထောင်ကူညီပေးခဲ့တာ ကျွန်တော့်ဘဝမှာပထမဆုံးပါပဲ”လို့ ရီဟန်က ဆိုပါတယ်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်း ကုမ္ပဏီသူဌေးကို ရီဟန်အကြောင်း သွားပြောခဲ့ကြပါတယ်။ အဲဒါကြောင့်ပဲ သူဌေးရဲ့သားက Bowie State University မှာ နေရာတစ်နေရာရဖို့အတွက် ကူညီပေးခဲ့ပါတယ်။ ရီဟန်က ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ပြီး ဒုတိယနှစ်ပြီးတဲ့အချိန်မှာ ဥပဒေကျောင်းတက်ချင်ခဲ့တာကို ရီဟန်သိရှိသွားခဲ့ပါတယ်။



အဲဒီနောက်မှာ မေရီလန်းတက္ကသိုလ် (University of Maryland)ကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၈ခုနှစ်မှာတော့ ဘွဲ့ရရှိခဲ့ပါတယ်။ နောက်တစ်နှစ်ကျော်လောက်မှာ ဥပဒေကျောင်းဝင်ခွင့်စာမေးပွဲ (Law School Admission Test)အတွက် လေ့လာရင်းနဲ့ နိုင်ငံရေးအကြံပေးအနေနဲ့ အလုပ်လုပ်ခဲ့ပြီး ဟားဗက်ဥပဒေကျောင်းမှာ ဝင်ခွင့်ရရှိသွားခဲ့ပါတယ်။“ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကို အဆိုးဆုံးအခြေအနေတွေကို အကောင်းဆုံးဖြစ်အောင် ကျွန်တော်လုပ်ခဲ့တာပဲ။ ကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့ ဝမ်းနည်းစရာတစ်ခုချင်းက ကျွန်တော့်ကို သက်သောင့်သက်သာဇုန် အပြင်ဘက်ကို ဆွဲထုတ်ပေးခဲ့တာပါ။ ဒီအခြေအနေတွေကနေ ရပ်တည်နိုင်ဖို့ ကျွန်တော့်ကို ကူညီပံ့ပိုးအားပေးခဲ့ကြတဲ့သူတွေရှိတဲ့အတွက် ကျွန်တော် ကံကောင်းပါတယ်”လို့ ရီဟန်က ပြောပါတယ်။ရီဟန်က သူ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကူညီပေးခဲ့တဲ့လူတွေလိုပဲ လူငယ်တွေကို ဥပဒေအကြံပေးမှုနဲ့ ကူညီပေးဖို့ စီစဉ်ထားပါတယ်။ ရီဟန်က အခုနှစ်ထဲမှာပဲ ဟားဗက်ဥပဒေကျောင်းရဲ့ အွန်လိုင်းတန်းခွဲ (Online Class) တွေကို စတင်သင်ယူရတော့မှာဖြစ်ပါတယ်။



Credit The Lifestyle Myanmar
Source: Daily Mail

(Zawgyi)


ေမရီလန္းျပည္နယ္က ေကာလိပ္ေက်ာင္းသားေလးဟာ မိသားစုကို အမႈိက္သိမ္းတဲ့အလုပ္နဲ႔ ရွာေကြၽးေနတာျဖစ္ၿပီး အခုဆိုရင္ ဟားဗက္ဥပေဒေက်ာင္းမွာ တက္ေရာက္ခြင့္ရေတာ့မွာျဖစ္ပါတယ္။ ရီဟန္ စေတတန္ဆိုတဲ့ ေက်ာင္းသားေလးက သူ႔အေဖနဲ႔ ညီေလးကို ကူညီေပးဖို႔အတြက္ မနက္ ၄ နာရီထၿပီး အလုပ္လုပ္ရတာပါ။ ဒီလိုလုပ္ရတဲ့အတြက္ သူ႔ရဲ႕ပညာေရးကိုေတာင္ စြန႔္လႊတ္ရေတာ့မလိုေတာင္ ျဖစ္ခဲ့ရပါတယ္။ ဒါေပမဲ့ ရီဟန္ရဲ႕မိသားစုနဲ႔ the Bates Trucking & Trash Removal ကုမၸဏီမွာရွိတဲ့ သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြက သူ႔ကို လက္မေလွ်ာ့လိုက္ဖို႔နဲ႔ သူ႔ရည္မွန္းခ်က္၊ အိပ္မက္ေတြကို မစြန႔္လႊတ္ပစ္ဖို႔ တြန္းအားေပးခဲ့ၾကပါတယ္။အဲဒါေၾကာင့္ သူဟာ လက္မေလွ်ာ့ဘဲ ႀကိဳးစားအားထုတ္မႈေၾကာင့္ ကမာၻေပၚမွာ နာမည္ႀကီးတဲ့တကၠသိုလ္ထဲက တစ္ခုျဖစ္တဲ့ ဟားဗက္ဥပေဒေက်ာင္းကို အခုႏွစ္မွာ တက္ရေတာ့မွာျဖစ္ပါတယ္။ အစက ရီဟန္ရဲ႕ဘဝက သာမန္ပါပဲ။ ဒါေပမဲ့ သူ႔အသက္ ၈ ႏွစ္အ႐ြယ္ေလာက္မွာ သူ႔အေမက သူ႔အေဖကို ထားရစ္ခဲ့ၿပီး ႏိုင္ငံကေန ေျပာင္းေ႐ႊ႕သြားခဲ့ၿပီးတဲ့ေနာက္မွာေတာ့ အဆင္မေျပျဖစ္လာခဲ့ပါတယ္။ သူ႔အေဖက ကေလးႏွစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ဖို႔ႀကိဳးစားရင္းနဲ႔ ေငြေၾကးမေျပလည္တာေတြ ျဖစ္လာခဲ့ပါတယ္။



အရင္တုန္းက ရီဟန္တို႔ညီအစ္ကိုေတြဟာ ေပ်ာ္႐ႊင္စြာနဲ႔ ေက်ာင္းတက္ခဲ့ရေပမယ့္ ေနာက္ပိုင္းမွာ အစားအစာရွားပါးျခင္းနဲ႔ ရင္ဆိုင္ရၿပီး သူတို႔ဘဝေျပာင္းလဲသြားခဲ့ရပါတယ္။ ရီဟန္ (၇) တန္းေရာက္တဲ့အခါမွာ သူ႔အဆင့္ေတြ သိသိသာသာထိခိုက္ခဲ့ရပါတယ္။ “ေန႔တိုင္းလိုလို ကြၽန္ေတာ္အစားမစားခဲ့ရတဲ့အျပင္ အေဖက တစ္ခ်ိန္လုံး အလုပ္ပဲလုပ္ေနခဲ့ရတယ္။ တစ္ခါတေလ အိမ္မွာ လွ်ပ္စစ္မီးေတာင္မရဘူး”လို႔ ရီဟန္က ေျပာပါတယ္။ ဆရာ တစ္ေယာက္က သူ႔ကို ေက်ာင္းက ျပန္လည္ကုစားေရးအတန္းမွာ တက္ဖို႔ အႀကံေပးခဲ့ၿပီး ေလယာဥ္တည္ေဆာက္ေရးအင္ဂ်င္နီယာတစ္ဦးကလည္း သူ႔ကို အခမဲ့ စာသင္ေပးမယ္လို႔ ကမ္းလွမ္းခဲ့ပါတယ္။

သူဟာ ဒဏ္ရာရၿပီးေနာက္မွာေတာ့ ပေရာ္ဖက္ရွင္နယ္ လက္ေဝွ႔သမားျဖစ္ခ်င္တဲ့ သူ႔အိပ္မက္ေတြကို စြန႔္လႊတ္ခဲ့ၿပီး အမႈိက္သိမ္းကုမၸဏီတစ္ခုမွာ အလုပ္ဝင္လုပ္ခဲ့ပါတယ္။ “ကြၽန္ေတာ္ အားကစားမွာ ေတာ္လို႔မဟုတ္ဘဲ ကြၽန္ေတာ့္အက်ိဳးကို လိုလာတဲ့အတြက္ ကြၽန္ေတာ့္ကို လူေတြက ပ်ိဳးေထာင္ကူညီေပးခဲ့တာ ကြၽန္ေတာ့္ဘဝမွာပထမဆုံးပါပဲ”လို႔ ရီဟန္က ဆိုပါတယ္။ သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြကလည္း ကုမၸဏီသူေဌးကို ရီဟန္အေၾကာင္း သြားေျပာခဲ့ၾကပါတယ္။ အဲဒါေၾကာင့္ပဲ သူေဌးရဲ႕သားက Bowie State University မွာ ေနရာတစ္ေနရာရဖို႔အတြက္ ကူညီေပးခဲ့ပါတယ္။ ရီဟန္က ေက်ာင္းသားေခါင္းေဆာင္ျဖစ္ခဲ့ၿပီး ဒုတိယႏွစ္ၿပီးတဲ့အခ်ိန္မွာ ဥပေဒေက်ာင္းတက္ခ်င္ခဲ့တာကို ရီဟန္သိရွိသြားခဲ့ပါတယ္။



အဲဒီေနာက္မွာ ေမရီလန္းတကၠသိုလ္ (University of Maryland)ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၂၀၁၈ခုႏွစ္မွာေတာ့ ဘြဲ႕ရရွိခဲ့ပါတယ္။ ေနာက္တစ္ႏွစ္ေက်ာ္ေလာက္မွာ ဥပေဒေက်ာင္းဝင္ခြင့္စာေမးပြဲ (Law School Admission Test)အတြက္ ေလ့လာရင္းနဲ႔ ႏိုင္ငံေရးအႀကံေပးအေနနဲ႔ အလုပ္လုပ္ခဲ့ၿပီး ဟားဗက္ဥပေဒေက်ာင္းမွာ ဝင္ခြင့္ရရွိသြားခဲ့ပါတယ္။“ကြၽန္ေတာ့္ရဲ႕ အေတြ႕အႀကဳံေတြကို အဆိုးဆုံးအေျခအေနေတြကို အေကာင္းဆုံးျဖစ္ေအာင္ ကြၽန္ေတာ္လုပ္ခဲ့တာပဲ။ ကြၽန္ေတာ္ရင္ဆိုင္ခဲ့ရတဲ့ ဝမ္းနည္းစရာတစ္ခုခ်င္းက ကြၽန္ေတာ့္ကို သက္ေသာင့္သက္သာဇုန္ အျပင္ဘက္ကို ဆြဲထုတ္ေပးခဲ့တာပါ။ ဒီအေျခအေနေတြကေန ရပ္တည္ႏိုင္ဖို႔ ကြၽန္ေတာ့္ကို ကူညီပံ့ပိုးအားေပးခဲ့ၾကတဲ့သူေတြရွိတဲ့အတြက္ ကြၽန္ေတာ္ ကံေကာင္းပါတယ္”လို႔ ရီဟန္က ေျပာပါတယ္။ရီဟန္က သူ႔အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ကူညီေပးခဲ့တဲ့လူေတြလိုပဲ လူငယ္ေတြကို ဥပေဒအႀကံေပးမႈနဲ႔ ကူညီေပးဖို႔ စီစဥ္ထားပါတယ္။ ရီဟန္က အခုႏွစ္ထဲမွာပဲ ဟားဗက္ဥပေဒေက်ာင္းရဲ႕ အြန္လိုင္းတန္းခြဲ (Online Class) ေတြကို စတင္သင္ယူရေတာ့မွာျဖစ္ပါတယ္။

Credit The Lifestyle Myanmar
Source: Daily Mail

Post a Comment

Previous Post Next Post