(Unicode)

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ၂၀၂၀ ပြည့်နှစ်အတွင်း ဇူလိုင်လအထိ ငှက်ဖျားရောဂါဖြစ်ပွားသူပေါင်း ၄၀၃ ဦးရှိနေပြီး လက်ရှိမှာ သေဆုံးသူ မရှိသေးဘူးလို့ ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။ငှက်ဖျားရောဂါကူးစက်မှုဟာ အသက် ၅ နှစ်အောက်ကလေးနဲ့ အသက် ၆၀ အထက်လူကြီးတွေမှာပါဖြစ်ပွားခဲ့ပြီး နှစ်ကုန်အထိဆိုရင်တော့ ရောဂါဖြစ်ပွားသူတွေ ပိုမိုဖြစ်ပွါးလာနိုင်တယ်လို့ဆိုပါတယ်။




အခုနှစ် မိုးရာသီမစခင်ကတည်းက စတင်ဖြစ်ပွားလာခဲ့ရာမှာ အရင်နှစ်ကထက် ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားလာတာကို တွေ့ရှိရပြီးပါတယ်။ ၂၀၁၉ ခုနှစ်က မွန်ပြည်နယ်မှာ ငှက်ဖျားရောဂါဖြစ်ပွားသူ ၅၉၉ ဦး ဖြစ်ခဲ့ပြီး သေဆုံးသူတဦးမှ မရှိခဲ့ပါဘူး။ငှက်ဖျားရောဂါကူးစက်မှုများတဲ့ အရပ်ဒေသမှာ သွားရောက်လုပ်ကိုင်နေထိုင်ကြတဲ့ သူတွေဟာ ငှက်ဖျားရောဂါသယ်ဆောင်နိုင်တဲ့ အနိုးဖလိစ် (Anopheles) ခြင်အမျိုးအစားတွေ ကိုက်ခံရာကနေ ရောဂါကူးစက်ခံရတာ အဖြစ်များပါတယ်။


ငှက်ဖျားရောဂါကို မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသ အပြင် ကရင်ပြည်နယ် တနင်္လာရီတိုင်းဒေသကြီးနဲ့ ထိစပ်နေတဲ့ နယ်မြေဒေသတွေမှာ ပိုမိုအဖြစ်များလာတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ငှက်ဖျားရောဂါဖြစ်ပွါးတဲ့ အရပ်ဒေသက ငှက်ဖျားလူနာတွေအနေနဲ့ ငှက်ဖျားဆေးတွေကို စနစ်တကျ သောက်သုံးကြဖို့နဲ့ တာရှည်ခံဆေးစိမ် ခြင်ထောင်တွေကို သုံးစွဲကြဖို့ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေကို ကျန်းမာရေးဝန်ထမ်းတွေက ဆောင်ရွက်နေပါတယ်။

ဒီဗွီဘီ

(Zawgyi)


မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္မွာ ၂၀၂၀ ျပည့္ႏွစ္အတြင္း ဇူလိုင္လအထိ ငွက္ဖ်ားေရာဂါျဖစ္ပြားသူေပါင္း ၄၀၃ ဦးရွိေနၿပီး လက္ရွိမွာ ေသဆုံးသူ မရွိေသးဘူးလို႔ ငွက္ဖ်ားတိုက္ဖ်က္ေရးအဖြဲ႕က ေျပာပါတယ္။ငွက္ဖ်ားေရာဂါကူးစက္မႈဟာ အသက္ ၅ ႏွစ္ေအာက္ကေလးနဲ႔ အသက္ ၆၀ အထက္လူႀကီးေတြမွာပါျဖစ္ပြားခဲ့ၿပီး ႏွစ္ကုန္အထိဆိုရင္ေတာ့ ေရာဂါျဖစ္ပြားသူေတြ ပိုမိုျဖစ္ပြါးလာႏိုင္တယ္လို႔ဆိုပါတယ္။


အခုႏွစ္ မိုးရာသီမစခင္ကတည္းက စတင္ျဖစ္ပြားလာခဲ့ရာမွာ အရင္ႏွစ္ကထက္ ငွက္ဖ်ားေရာဂါ ပိုမိုျဖစ္ပြားလာတာကို ေတြ႕ရွိရၿပီးပါတယ္။ ၂၀၁၉ ခုႏွစ္က မြန္ျပည္နယ္မွာ ငွက္ဖ်ားေရာဂါျဖစ္ပြားသူ ၅၉၉ ဦး ျဖစ္ခဲ့ၿပီး ေသဆုံးသူတဦးမွ မရွိခဲ့ပါဘူး။ငွက္ဖ်ားေရာဂါကူးစက္မႈမ်ားတဲ့ အရပ္ေဒသမွာ သြားေရာက္လုပ္ကိုင္ေနထိုင္ၾကတဲ့ သူေတြဟာ ငွက္ဖ်ားေရာဂါသယ္ေဆာင္ႏိုင္တဲ့ အႏိုးဖလိစ္ (Anopheles) ျခင္အမ်ိဳးအစားေတြ ကိုက္ခံရာကေန ေရာဂါကူးစက္ခံရတာ အျဖစ္မ်ားပါတယ္။


ငွက္ဖ်ားေရာဂါကို မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ ေရးေခ်ာင္းဖ်ားေဒသ အျပင္ ကရင္ျပည္နယ္ တနလၤာရီတိုင္းေဒသႀကီးနဲ႔ ထိစပ္ေနတဲ့ နယ္ေျမေဒသေတြမွာ ပိုမိုအျဖစ္မ်ားလာတာကို ေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။ငွက္ဖ်ားေရာဂါျဖစ္ပြါးတဲ့ အရပ္ေဒသက ငွက္ဖ်ားလူနာေတြအေနနဲ႔ ငွက္ဖ်ားေဆးေတြကို စနစ္တက် ေသာက္သုံးၾကဖို႔နဲ႔ တာရွည္ခံေဆးစိမ္ ျခင္ေထာင္ေတြကို သုံးစြဲၾကဖို႔ က်န္းမာေရး အသိပညာေပးလုပ္ငန္းေတြကို က်န္းမာေရးဝန္ထမ္းေတြက ေဆာင္႐ြက္ေနပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post