(Unicode)

ပရိသတ်ကြီးကို အခုဖော်ပြပေးမှာကတော့ ဇူလိုင်လ (၁၂) ရက်နေ့မှာ ကွယ်လွန်သွားကြတဲ့ နာမည်ကြီး ဒိတ်ဒိတ်ကြဲမင်းသား တွေရဲ့အကြောင်းပဲဖြစ်ပါတယ် ။ တိုက်ဆိုင်စွာပဲ ဇူလိုင်လ (၁၂) ရက်နေ့မှာကွယ်လွန်ခဲ့တဲ့ မင်းသား (၃) ဦးရှိပါတယ် ။ သူတို့ကတော့ ပြေငြိမ်း ၊ ဒွေး ( ကိုသားကြီး ) နဲ့ ကျော်ဟိန်းတို့ပဲဖြစ်ပါတယ် ။


လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၈) နှစ်ကျော်က မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့ပြီး အဲ့ဒီခေတ်အခါက မိန်းကလေး ပရိသတ်တွေ အသည်းစွဲ ကြိုက်ရတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ပြေငြိမ်းဟာ (၁၉၉၀) ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် ။ ယနေ့ခေတ်ကလေးတွေ မသိလိုက်ပေမယ့်လည်း သူ့ခေတ်သူ့အခါကတော့ တော်တော်လေးကို လူကြိုက်များအောင်မြင်ခဲ့တဲ့ မင်းသားတစ်ယောက်ပဲဖြစ်ပါတယ် ။


ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့တိုင် ရှိနေဆဲပဲဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီဒွေး ကလည်း ဇူလိုင်လ ၁၁ ရက်နေ့မှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ် ။ ဒွေး ( ကိုသားကြီး ) ဟာ ၂၀၀၇ ခုနှစ် ဇူလိုင် လ ၁၁ ရက်နေ့မှာ ရန်ကင်းမြို့နယ် ဘောက်ထော်မှာရှိတဲ့ နေအိမ်မှာပဲ အိပ်ပျော်နေစဉ် နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး အနုပညာ လုပ်ငန်းများစွာ လုပ်ဆောင်လက်စ အနေအထားနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် ။


သဘာဝကျတဲ့ သရုပ်ဆောင်မင်းသားကြီး ဖြစ်ပြီး အနုပညာရှင်အားလုံးကလေးစားပြီး စံထားရတဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဦးကျော်ဟိန်းကတော့ (၂၀၁၇) ဖေဖော်ဝါရီလမှာထဲက နှလုံးသွေးကြောအားလုံးပိတ်ပြီး Heart Attack ရခဲ့တဲ့အပြင် လေးဖြတ်သွားတဲ့အတွက် ဆေးရုံတက်ပြီး ကုသမှုတွေခံယူခဲ့ရပြီး ဇူလိုင်လ (၁၁) ရက်နေ့ (၂၀၂၀) ခုနှစ် အသက် (၇၄) နှစ်မှာ သြစတျေးလျနိုင်ငံမှာပဲ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် ။အခုလို အရမ်းကိုအောင်မြင်ပြီး ပရိသတ်တွေ ချစ်ရတဲ့ အနုပညာလောက ကို တစ်ခေတ်သစ်စေခဲ့တဲ့ အနုပညာရှင်တွေ ကွယ်လွန်သွားတာဟာ အနုပညာလောကအတွက် တကယ့်ကို ဆုံးရှုံးမှုကြီးတစ်ခုပါပဲ ပရိသတ်ကြီးရေ ..။

Credit Original

(Zawgyi)


ပရိသတ္ႀကီးကို အခုေဖာ္ျပေပးမွာကေတာ့ ဇူလိုင္လ (၁၂) ရက္ေန႔မွာ ကြယ္လြန္သြားၾကတဲ့ နာမည္ႀကီး ဒိတ္ဒိတ္ႀကဲမင္းသား ေတြရဲ႕အေၾကာင္းပဲျဖစ္ပါတယ္ ။ တိုက္ဆိုင္စြာပဲ ဇူလိုင္လ (၁၂) ရက္ေန႔မွာကြယ္လြန္ခဲ့တဲ့ မင္းသား (၃) ဦးရွိပါတယ္ ။ သူတို႔ကေတာ့ ေျပၿငိမ္း ၊ ေဒြး ( ကိုသားႀကီး ) နဲ႔ ေက်ာ္ဟိန္းတို႔ပဲျဖစ္ပါတယ္ ။


လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၂၈) ႏွစ္ေက်ာ္က ျမန္မာႏိုင္ငံရဲ႕ ႐ုပ္ရွင္ေလာကမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ေက်ာ္ၾကားခဲ့ၿပီး အဲ့ဒီေခတ္အခါက မိန္းကေလး ပရိသတ္ေတြ အသည္းစြဲ ႀကိဳက္ရတဲ့ မင္းသားတစ္ေယာက္ျဖစ္တဲ့ သ႐ုပ္ေဆာင္ ေျပၿငိမ္းဟာ (၁၉၉၀) ခုႏွစ္ ဇူလိုင္လ (၁၂) ရက္ေန႔မွာ ႐ုတ္တရက္ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္ ။ ယေန႔ေခတ္ကေလးေတြ မသိလိုက္ေပမယ့္လည္း သူ႔ေခတ္သူ႔အခါကေတာ့ ေတာ္ေတာ္ေလးကို လူႀကိဳက္မ်ားေအာင္ျမင္ခဲ့တဲ့ မင္းသားတစ္ေယာက္ပဲျဖစ္ပါတယ္ ။


ပရိသတ္ေတြရဲ႕ ရင္ထဲမွာ ယေန႔တိုင္ ရွိေနဆဲပဲျဖစ္တဲ့ သ႐ုပ္ေဆာင္ အကယ္ဒမီေဒြး ကလည္း ဇူလိုင္လ ၁၁ ရက္ေန႔မွာပဲ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္ ။ ေဒြး ( ကိုသားႀကီး ) ဟာ ၂၀၀၇ ခုႏွစ္ ဇူလိုင္ လ ၁၁ ရက္ေန႔မွာ ရန္ကင္းၿမိဳ႕နယ္ ေဘာက္ေထာ္မွာရွိတဲ့ ေနအိမ္မွာပဲ အိပ္ေပ်ာ္ေနစဥ္ ႏွလုံးရပ္ၿပီး ကြယ္လြန္သြားခဲ့ျခင္း ျဖစ္ၿပီး အႏုပညာ လုပ္ငန္းမ်ားစြာ လုပ္ေဆာင္လက္စ အေနအထားနဲ႔ ႐ုတ္တရက္ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္ ။


သဘာဝက်တဲ့ သ႐ုပ္ေဆာင္မင္းသားႀကီး ျဖစ္ၿပီး အႏုပညာရွင္အားလုံးကေလးစားၿပီး စံထားရတဲ့ ဝါရင့္သ႐ုပ္ေဆာင္မင္းသားႀကီး ဦးေက်ာ္ဟိန္းကေတာ့ (၂၀၁၇) ေဖေဖာ္ဝါရီလမွာထဲက ႏွလုံးေသြးေၾကာအားလုံးပိတ္ၿပီး Heart Attack ရခဲ့တဲ့အျပင္ ေလးျဖတ္သြားတဲ့အတြက္ ေဆး႐ုံတက္ၿပီး ကုသမႈေတြခံယူခဲ့ရၿပီး ဇူလိုင္လ (၁၁) ရက္ေန႔ (၂၀၂၀) ခုႏွစ္ အသက္ (၇၄) ႏွစ္မွာ ၾသစေတ်းလ်ႏိုင္ငံမွာပဲ ေဆးကုသမႈခံယူရင္း ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္ ။အခုလို အရမ္းကိုေအာင္ျမင္ၿပီး ပရိသတ္ေတြ ခ်စ္ရတဲ့ အႏုပညာေလာက ကို တစ္ေခတ္သစ္ေစခဲ့တဲ့ အႏုပညာရွင္ေတြ ကြယ္လြန္သြားတာဟာ အႏုပညာေလာကအတြက္ တကယ့္ကို ဆုံးရႈံးမႈႀကီးတစ္ခုပါပဲ ပရိသတ္ႀကီးေရ ..။


Credit Original


Post a Comment

Previous Post Next Post