(Unicode)
၁၄.၇.၂၀၂၀ နေ့ ည (၆း၀၀) အချိန်က ဘိုကလေးမြို့နယ်၊သရော်ချောင်းကျေးရွာအုပ်စု၊ သဲဖြူကျေးရွာတွင် နေထိုင်သော ကိုမျိုးဇော် (ဘ) ဦးမောင်ဦး (အမိ) ဒေါ်မြ ၊အသက် (၃၃) နှစ်သည် လယ်တောမှပြန်လာပြီး အိမ်ရှေ့ချောင်းထဲတွင် ရေဆင်းချိုးပါသည်။
ချောင်းမှာ ၁၂ ပေခန့် ကျယ်ပြီး ရေစစ်ချိန်တွင် ရင်ဘတ်လောက်သာ နက်ပါသည်။ ရေချိုးနေစဉ် ဝဲဖက်ခြေသလုံးအား မိကျောင်းမှ စကိုက်ပြီး ဆွဲသွားစဉ် ၊ ယာဖက်ခြေသလုံးဖြင့် မိကျောင်း၏ ဦခေါင်းအားကန်လိုက်ရာ ညာဖက်ခြေသလုံးအား ထပ်မံကိုက်ပြီး ရေထဲသို့ ဆင်းသွားပါသည်။
မိချေင်းကိုက်ခြင်းကြောင့် ဝဲ/ယာ ခြေထောက်များတွင် ဒဏ်ရာများရရှိခဲ့သည်။ ဒဏ်ရာများမှာ
၁။ဝဲဖက် ဖနောင့်ကြော စုတ်ပြဲဒဏ်ရာ၊ ဖနောင့်ကြောပြတ်ထွက်သွား၊ အလျား ၅ လက္မခန့်ရှိ၊
၂။ဝဲဖက် ခြေဖဝါးပေါက်ပြဲဒဏ်ရာ ၃ ခု၊အလျား ၁ လက္မခန့်ရှိ၊
၃။ယာဖက် ဒူးအောက် စုတ်ပြဲဒဏ်ရာတစ်ခု၊ အလျား ၄ လက္မခန့်ရှိ၊
၄။ယာဖက်ခြေသလုံး စုတ်ပြဲဒဏ်ရာ ၃ ခု၊အလျား တစ်လက္မခန့်ရှိ၊
၅။ယာဖက်ခြေချင်းဝတ် အတွင်းဖက် ပေါက်ပြဲဒဏ်ရာတစ်ခု၊အလျား တစ်စင်တီမီတာခန့်ရှိ ပါသည်။ ရရှိသောဒဏ်ရာများအား ကဒုံကနိ တိုက်နယ် ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေလျှက် ရှိကြောင်း သိရပါသည်။
Source – Nyan Min
(Zawgyi)
Source – Nyan Min
Post a Comment
Previous Post Next Post