(Unicode)

တရုတ်နိုင်ငံရဲ့ ဆည်ကြီးတွေက စစ်ဖြစ်လာရင် အမေရိကန်အတွက် သားချက်ဖြစ်လာနေပြီလား ( စစ်ဖြစ်လို့ကတော့ ဘာ မှ မလုပ်ဘူး ဆည်တွေ ရေကာတွေပဲ ပစ် ချလိုက် ပေါက်ဖော် တို့ ရေမျှော ကမ်းတင် ဖြစ်ပြီ )
ရွေးကောက်ပွဲကာလမှို့ ကမ္ဘာ့ရေးရာတွေ သိပ်တောင်မဖတ်ဖြစ် တရုတ်နဲ့US အကြောင်း ရှုထောင့်စုံက ရေးနေကြတာတော့တွေ့ရပါတယ် တရုတ်နဲ့US တစ်ကယ်ချလဲ ကျနော့်အနေနဲ့ ဘာမှမစိုးရိမ်ပါဘူး၊ နျူလက်နက်ပိုင်နိုင်ငံချင်းမို့ ကန့်သတ်စစ်ပွဲလောက်ပဲ ဖြစ်လာမလား၊ ဒါမှမဟုတ် တရုတ်ရဲ့လူတွင်ကျယ်လုပ်မှုကို တောင်တရုတ်ပင်လယ်အတွင်း USက အင်အားလာပြလေသလားပေါ့ ၊




တောင်တရုတ်ပင်လယ်အတွင်း US စစ်ရေယာဉ်အုပ်စု ပေါ်တင်သွးလာနေပေမယ့် တရုတ်ကြီးဘာမှမလုပ်ရဲဘူးမလား၊ အများကြီးမဟုတ်ပါဘူး ၊ တရုတ်က သူ့နိုင်ငံအတွင်း ကမ္ဘာ့အကြီးဆုံးဆည်တွေဆောက်ထားတာနဲ့တင် USက စစ်ရေးအရ တပန်းသာနေပြီးသားမလား၊ ဘယ်နေရာမှ မပစ်ပဲ ဆည်တွေကိုပစ်ခွဲလိုက်ရင်ကို တရုတ်တိုင်ပတ်ပါတယ်၊ တရုတ်က နျူနဲ့ပြန်ဆော်မယ်မစဉ်းစားလေနဲ့ တရုတ်နျူလက်နက်တပ်ဆင်ဒုံးတွေ USမရောက်ခင် ၊ အာရှတခွင်က USတပ်တွေ တရုတ်ကို အမှုန့်ကြိတ်မှာမို့ တရုတ်အနေနဲ့ စစ်ရေးအရ USကို စိန်ခေါ်ဖို့ မလွယ်၊



USဆိုတာမျိုးကလဲ စစ်တိုက်မယ်ဆို လူကနောက်မှ ဒုံးတွေ ဗုံးတွေကအရင်လာမှာမလား၊ တရုတ်မှာ ရုရှားအကျ လေယာဉ်တင်သင်္ဘောလေးတစ်စီးလောက်ပဲရှိတာ၊ USကို စစ်ရေးအရ ယှဉ်နိုင်ဖို့ အဝေးကြီးပါ၊ ဒါ့အပြင် တရုတ်အတွက် စစ်ရေးအရ မဟာမိတ် လောက်လောက်လားလား ဘယ်နိုင်ငံရှိသလဲ၊ တရုတ်နဲ့မဟာမိတ်ယောင်ယောင်ရှိတဲ့ ရုရှားဆိုတာကလဲ လူလည်၊ စစ်အေးကာလ USနဲ့ခဏခဏငြိပေမယ့် ဘယ်တော့မှ ထိပ်တိုက်ရင်ဆိုင်တာမလုပ်ဘူး၊



ကြားခံနိုင်ငံရှာပြီး ဟိုဘက်ဒီဘက် အင်အားပြ လက်နက်ရောင်းစားတဲ့ အဆင့်၊ အစွယ်ကျိုး ခြင်္သေ့အိုကြီးပေါ့ဗျာ၊ ဒီတော့ ကမ္ဘာ့အရေးUSကို ခေါင်းပုတ်ထိပ်ပုတ်လုပ်နေတဲ့တရုတ်ဘက်မှာ အမှန်တော့ ဘယ်သူမှမရှိဘူး၊

WG.ဝေကြီး


(Zawgyi)













WG.ဝေကြီး

Post a Comment

Previous Post Next Post