(Unicode)

မတ်စောက်နေတဲ့ တောင်ကုန်းတစ်ခုကို တက်တော့မယ်ဆိုရင် ဘယ်သူမဆို ဒီအတိုင်း ခြေကျင်တက်နိုင်မှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ တေက်တက်ဖို့ တုတ်ချောင်းတစ်ချောင်းဖြစ်ဖြစ်၊ တောင်ထိပ်ပေါ်က ရှိတဲ့ ကြိုးတစ်ချောင်းဖြစ်ဖြစ် အဲဒါတွေပါမှ မတ်စောက်နေတဲ့ တောင်ကုန်းတစ်ခုကို လွယ်လွယ်ကူကူ တက်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် တောင်တက်ဖိနပ်ကောင်းကောင်းတစ်ခုလိုပါတယ်။ မဟုတ်ရင်တော့ ခြေလှမ်းတစ်ချက်မှားတာနဲ့ တောင်ပေါ်ကနေ လိမ့်ကျပြီး အခန့်မသင့်ရင် အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိကို ဖြစ်စေနိုင်ပါတယ်။ အခုလည်း ဘုန်းဘုန်းတစ်ပါးဟာ မတ်စောက်နေတဲ့ တောင်ကုန်းပေါ်ကို ဘာကိရိယာပစ္စည်းမှ မပါတဲ့အပြင် ဘာဖိနပ်မှမစီးထားပဲ ဒီအတိုင်းလေးတက်သွားတာကြောင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေကြောင်း Timesnonews သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။



အဆိုပါဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တဲ့ အမျိုးသားကတော့ Ya Motha လို့ အမည်ရတဲ့ Twitter အကောင့်ပိုင်ရှင်ပါပဲ။ အဆိုပါအမျိုးသားဟာ သူ့ဟာသူမတ်စောက်နေတဲ့ တောင်ကုန်းတစ်ခုအပေါ် တက်တဲ့ပုံကို ဗီဒီယိုရိုက်နေတဲ့အချိန်မှာ သူ့ဘေးနားကနေ ဘုန်းဘုန်းတစ်ပါးဟာ ခြေဗလာနဲ့ အေးအေးဆေးဆေးပဲ တက်ပြသွားပါတယ်။ အဆိုပါအမျိုးသားဟာ အံ့သြလွန်းလို့ သူတက်နေတဲ့ ပုံစံကိုတောင် တကူးတကပြန်ရိုက်ပြပြီး သူတက်နေတဲ့ပုံစံနဲ့ ဘုန်းဘုန်းတက်သွားတဲ့ပုံစံကို ပြန်နှိုင်းယှဉ်ပြခဲ့ပါသေးတယ်။



အဆိုပါဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ တော်တော်ခေတ်စားနေပြီး လူတော်တော်များများက အဆိုပါဘုန်းဘုန်းတက်သွားတဲ့ပုံကို တော်တော်လေးအံ့သြသင့်နေ ကြပါတယ်။ တစ်ချို့ဆိုရင် ဒီဘုန်းဘုန်းဟာ သာမန်ဘုန်းဘုန်းမဟုတ်နိုင်ဘူးလို့တောင် ထင်ကြေးတွေ ပေးနေကြပါတယ်။ အဆိုပါဗီဒီယိုကို ဝင်ကြည့်သူ ၈ သန်းနီးပါးရှိခဲ့ပြီး like ပြုလုပ်သူ 314k အထိတောင် ရှိခဲ့ကြောင်း သိရပါတယ်။

credit – shwemom


(Zawgyi)


မတ္ေစာက္ေနတဲ့ ေတာင္ကုန္းတစ္ခုကို တက္ေတာ့မယ္ဆိုရင္ ဘယ္သူမဆို ဒီအတိုင္း ေျခက်င္တက္ႏိုင္မွာ မဟုတ္ပါဘူး။ အနည္းဆုံးေတာ့ ေတက္တက္ဖို႔ တုတ္ေခ်ာင္းတစ္ေခ်ာင္းျဖစ္ျဖစ္၊ ေတာင္ထိပ္ေပၚက ရွိတဲ့ ႀကိဳးတစ္ေခ်ာင္းျဖစ္ျဖစ္ အဲဒါေတြပါမွ မတ္ေစာက္ေနတဲ့ ေတာင္ကုန္းတစ္ခုကို လြယ္လြယ္ကူကူ တက္ႏိုင္မွာပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ ေတာင္တက္ဖိနပ္ေကာင္းေကာင္းတစ္ခုလိုပါတယ္။ မဟုတ္ရင္ေတာ့ ေျခလွမ္းတစ္ခ်က္မွားတာနဲ႔ ေတာင္ေပၚကေန လိမ့္က်ၿပီး အခန႔္မသင့္ရင္ အသက္အႏၲရာယ္ဆုံးရႈံးတဲ့အထိကို ျဖစ္ေစႏိုင္ပါတယ္။ အခုလည္း ဘုန္းဘုန္းတစ္ပါးဟာ မတ္ေစာက္ေနတဲ့ ေတာင္ကုန္းေပၚကို ဘာကိရိယာပစၥည္းမွ မပါတဲ့အျပင္ ဘာဖိနပ္မွမစီးထားပဲ ဒီအတိုင္းေလးတက္သြားတာေၾကာင့္ ဆိုရွယ္မီဒီယာမွာ နာမည္ႀကီးေနေၾကာင္း Timesnonews သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။



အဆိုပါဗီဒီယိုကို ဆိုရွယ္မီဒီယာေပၚတင္ခဲ့တဲ့ အမ်ိဳးသားကေတာ့ Ya Motha လို႔ အမည္ရတဲ့ Twitter အေကာင့္ပိုင္ရွင္ပါပဲ။ အဆိုပါအမ်ိဳးသားဟာ သူ႔ဟာသူမတ္ေစာက္ေနတဲ့ ေတာင္ကုန္းတစ္ခုအေပၚ တက္တဲ့ပုံကို ဗီဒီယို႐ိုက္ေနတဲ့အခ်ိန္မွာ သူ႔ေဘးနားကေန ဘုန္းဘုန္းတစ္ပါးဟာ ေျခဗလာနဲ႔ ေအးေအးေဆးေဆးပဲ တက္ျပသြားပါတယ္။ အဆိုပါအမ်ိဳးသားဟာ အံ့ၾသလြန္းလို႔ သူတက္ေနတဲ့ ပုံစံကိုေတာင္ တကူးတကျပန္႐ိုက္ျပၿပီး သူတက္ေနတဲ့ပုံစံနဲ႔ ဘုန္းဘုန္းတက္သြားတဲ့ပုံစံကို ျပန္ႏႈိင္းယွဥ္ျပခဲ့ပါေသးတယ္။



အဆိုပါဗီဒီယိုဟာ ဆိုရွယ္မီဒီယာမွာ ေတာ္ေတာ္ေခတ္စားေနၿပီး လူေတာ္ေတာ္မ်ားမ်ားက အဆိုပါဘုန္းဘုန္းတက္သြားတဲ့ပုံကို ေတာ္ေတာ္ေလးအံ့ၾသသင့္ေန ၾကပါတယ္။ တစ္ခ်ိဳ႕ဆိုရင္ ဒီဘုန္းဘုန္းဟာ သာမန္ဘုန္းဘုန္းမဟုတ္ႏိုင္ဘူးလို႔ေတာင္ ထင္ေၾကးေတြ ေပးေနၾကပါတယ္။ အဆိုပါဗီဒီယိုကို ဝင္ၾကည့္သူ ၈ သန္းနီးပါးရွိခဲ့ၿပီး like ျပဳလုပ္သူ 314k အထိေတာင္ ရွိခဲ့ေၾကာင္း သိရပါတယ္။



credit – shwemom



Post a Comment

Previous Post Next Post