(Unicode)


မြန်မာအင်ဂျင်နီယာ ဒေါက်တာ မိမိအောင်ဟာ ၂၀၁၉ ခုနှစ်က ဘီဘီစီသတင်းဌာနရဲ့ ကမ် ဘာ့လွှမ်းမိုးနိုင်စွမ်းအရှိဆုံး အမျိုးသမီးအ ယောက် ၁၀၀ စာရင်းမှာ ရွေးချယ်ခံခဲ့ရသလို ၂၀၁၉ ခုနှစ်ထွက် Space Queens ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်မှာလည်း ပါဝင်ခွင့်ရခဲ့သူပါ။ သူ့ရဲ့ရည်မှန်းချက်ကတော့ အာကာသအတွင်း စူးစမ်းရှာဖွေမှုလုပ်ငန်းစဉ်တွေမှာ ကျား၊ မ တန်းတူ ရင်ပေါင်တန်း ပါဝင်နိုင်ရေးပါပဲ။ လက် ရှိအချိန်အထိတော့ နာဆာအဖွဲ့ရဲ့ သိပ္ပံနဲ့ အင်ဂျင်နီယာအဖွဲ့ဝင်တွေထဲမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပဲ ပါဝင်ခွင့်ရပါသေးတယ်။ တစ်နေ့ကျ ရင်တော့ အင်္ဂါဂြိုဟ်ပေါ်ကို လူသားတွေ ခြေချနိုင်မှာဖြစ်သလို ဒေါက်တာမိမိအောင်ရဲ့ ရည်မှန်းချက်လည်း ပြည့်ဝလာမှာပါ။

ဒေါက်တာ မိမိအောင် ကို အောင်မြင်တဲ့ အင်ဂျင်နီယာပညာရှင်တစ်ယောက် ဖြစ်လာစေ ခဲ့တဲ့အချက်တွေထဲမှာ သူ့မိခင်အပေါ် လေးစား အားကျ၊ အတုယူမှုက အဓိကကျခဲ့တယ်လို့ ဆိုရမှာပါ။ သူ့မိခင်က လက်တွေ့ကျပြီး ယုတ္တိ ရှိ၊ မရှိဆိုတာကို အမြဲမပြတ် ချင့်ချိန်စဉ်းစားသူ ဖြစ်လို့ ငယ်ငယ်ကတည်းက ယုတ္တိကျမှုရဲ့ အရေး ပါပုံကို နားလည်ခဲ့တယ်လို့ ဒေါက်တာမိမိအောင်က ပြောပါတယ်။ ဒေါက်တာမိမိအောင် ငယ်ငယ်က သူ့မိခင် ပြောခဲ့တဲ့ စကားတစ်ခွန်းကလည်း သူ့ဘဝတစ်ခုလုံးစာ စွဲမြဲမှတ်သားစရာ ဖြစ်ခဲ့ပါတယ်။သင်္ချာ တစ်ပုဒ် တွက်မရ လို့ သင်္ချာပါရဂူဘွဲ့ရထားတဲ့ မိခင် ကို အကူအညီတောင်းခဲ့တဲ့ ဒေါက်တာမိမိအောင်ဟာ သူ့အမေရဲ့ ခရေစေ့တွင်းကျ ရှင်းပြမှုကို။

စိတ်မရှည်တော့လို့ ” အဖြေကို မြန်မြန်ပြောပါ အမေရယ်”လို့ ပြောမိခဲ့ပါတယ်။ အရင်တုန်းက စကားပြောရင် ချိုသာနူးညံ့တဲ့ မိခင်ဟာ ဒီစ ကားကြားချိန် မှာတော့ အသံခပ်မာမာဖြစ်သွားပြီး ” နောက်ထပ် ဘယ်တော့မှ အမေ့ကို ဖြတ်လမ်းနည်း လာမမေးနဲ့ သမီး”လို့ ပြောခဲ့ပါ တယ်။ မိခင်ရဲ့စကားဟာ ဒေါက်တာမိမိအောင်ကို အောင်မြင်မှုအတွက် ဖြတ်လမ်းမရှိဘူးဆိုတဲ့ အသိ ရိုက်သွင်းပေးနိုင်ခဲ့ပါတယ်။ အင်္ဂါ ဂြိုဟ်ပေါ်မှာ နာဆာအဖွဲ့က လှည့်ပတ် ပျံဝဲမယ့် မောင်းသူမဲ့ရဟတ်ယာဉ်ကို ဦးဆောင် တီထွင်ခဲ့သူကတော့ မြန်မာလူမျိုး မိဘနှစ်ပါးကနေ မွေးဖွားလာခဲ့ပြီး မြန်မာနိုင်ငံမှာ ၁၀ နှစ်ကျော် နေထိုင်ခဲ့ဖူးတဲ့ ဒေါက်တာမိမိအောင်(Dr Mi Mi Aung)ပဲ ဖြစ်ပါတယ်။

ဒေါက်တာ မိမိအောင်ကို ၁၉၆၈ ခုနှစ်က အမေရိကန် နိုင်ငံမှာ မွေးဖွားခဲ့ပြီး အသက် ၂ နှစ်ခွဲအရွယ်မှာ မိဘတွေရဲ့ ဇာတိမြေဖြစ်တဲ့ မြန်မာ နိုင်ငံကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒေါက်တာမိမိအောင်ရဲ့မိခင်ဟာလည်း မြန်မာနိုင်ငံသူတွေထဲမှာ သင်္ချာပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ ပ ထမဆုံး ရရှိခဲ့သူပါမြန်မာနိုင်ငံမှာ ရုပ်ဝတ္တု ပစ္စည်း မပြည့်မစုံနဲ့ လူလားမြောက်ခဲ့ရတဲ့ ဒေါက်တာမိမိအောင်ဟာ ကြယ်စုံတဲ့ ကောင်းကင်ကြီး ကို မကြာမကြာ ငေးကြည့်တတ်ပြီး အာကာသထဲ မှာ ငါတို့လူသားတွေပဲ ရှိတာလား”လို့ စဉ်းစားခန်း ထုတ်နေ တတ်ပါတယ်။ ” ရုပ်ဝတ္တု ပစ္စည်း နည်းလေလေ ဒီကိစ္စအကြောင်းကို ပိုတွေးဖြစ်လေလေပါပဲ”လို့ ဒေါက်တာမိမိအောင်က ပြောခဲ့ဖူးပါတယ်။

အင်္ဂလိပ်ကျောင်း အထက်တန်းကျောင်းသူဘဝကတည်းက အာကာသသိပ္ပံဘာသာရပ်ကို စိတ်ဝင်စား ခဲ့တဲ့ သူမဟာ အ သက် ၁၆ နှစ်အ ရွယ်မှာတော့ သူ ဝါသနာပါတဲ့ ပညာရပ်ကို ဆက်လေ့လာဖို့အတွက် မိသားစုနဲ့ခွဲခွာပြီး အမေရိကန်နိုင်ငံကို တစ်ယောက် တည်း ထွက်လာခဲ့ ပါတော့တယ်။သူဟာ အီလီနွိုက်တက္ကသိုလ် မှာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ် သင်ယူခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာတော့ မာစတာဘွဲ့ရခဲ့ပါ တယ်။ မာစတာဘွဲ့အတွက် သူ ရေးခဲ့တဲ့ ပါရဂူကျမ်းက ဆက်သွယ်မှုနဲ့ အချက်ပြမှုလုပ်ဆောင်ချက်အကြောင်း ဖြစ်ပါ တယ်။မာစတာဘွဲ့ ယူပြီးချိန်မှာ ပါမောက္ခတစ်ယောက်က သူ့ ကို Jet Propulsion Laboratory(JPL)ရဲ့ အာကာသရဲ့ နက်ရှိုင်းတဲ့နေရာက။



ရှာဖွေမှုလုပ်ငန်းအကြောင်း ပြောပြခဲ့ပါတယ်။JPL ဟာ အာကာသရဲ့နက်ရှိုင်းတဲ့နေရာက မသဲမကွဲအချက်ပြမှုတွေကို ရှာဖွေဖမ်းယူနေတာ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့က ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ JPL ဟာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စင်တာဖြစ်ပြီး နာဆာ အဖွဲ့ရဲ့ လက်တွေ့ဆောင်ရွက်မှုစင်တာပါ။ JPL မှာ အလုပ်လုပ်ခွင့်ရရင် သူနှစ်သက်တဲ့ သင်္ချာပညာရပ်ကို သူစွဲလမ်းနေတဲ့ အာကာသ အကြောင်း၊ သူ့ရဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ ပေါင်းစပ်ဖို့ အခွင့်အရေးပဲ လို့ ဒေါက်တာမိမိအောင်က တွက်ဆမိခဲ့ပါတယ်။ စစချင်းမှာတော့ အာကာသယာဉ်တွေ နဲ့ ဆက်သွယ်နိုင်ဖို့ နာဆာအဖွဲ့ အသုံးပြုတဲ့ Deep Space Network မှာ အလုပ်လုပ်ခဲ့ပြီး။

နောက်ပိုင်းမှာ အာကာသယာဉ်သွားလာမှုကို ထိန်းချုပ်တဲ့ GNC(guidance, navigation, and control) စနစ်တွေကို အဆင့်မြှင့်တင် ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ JPL က သူ့ကို မောင်းသူမဲ့စနစ်ကဏ္ဍမှာ လက်ထောက်မန်နေဂျာ ခန့်အပ်ခဲ့ပြီး နောက် ၂ နှစ်အကြာမှာပဲ အင်္ဂါ ဂြိုဟ်ပေါ် ပျံဝဲမယ့် ရဟတ်ယာဉ်တီထွင်ရေးအဖွဲ့ကို ဦးဆောင်ဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။လူသား သမိုင်း တစ်လျှောက် တခြားဂြိုဟ် တစ်ခုမှာ ပထမဆုံးပျံဝဲမယ့် ရဟတ်ယာဉ်တီထွင်ဖို့ဆိုတာ အင်ဂျင်နီယာပညာရပ်ရဲ့ အံ့အားသင့်ဖွယ ်စွမ်းဆောင်မှုတစ်ခုပါပဲ။ အင်္ဂါဂြိုဟ်ရဲ့ လေထုသိပ်သည်းဆက ကမ္ဘာမြေပေါ်က လေထုသိပ်သည်းဆနဲ့နှိုင်းယှဉ်ရင် ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး။

ဒီတော့ အင်္ဂါဂြိုဟ်ပေါ် ပျံဝဲမယ့်ရဟတ်ယာဉ်က ပေါ့ပါးပြီး ရဟတ်ယာဉ်ဒလက်ကလည်း ပုံမှန်ရဟတ်ယာဉ်ဒလက်တွေထက် မြန်မြန်ပို လည်မှပဲ ပျံဝဲနိုင်မှာပါ။ဒေါက်တာ မိမိအောင် ဦးဆောင်တဲ့အဖွဲ့ တီထွင်ထားတဲ့ Ingenuity Mars Helicopter ရဟတ်ယာဉ်ဟာ အလေး ချိန် ၄ ပေါင်ပဲရှိပြီး ကာဗွန်ဖိုက်ဘာနဲ့လုပ်ထားတဲ့ ဒလက်တွေ တပ်ဆင်ထားပါတယ်။ အဲဒီဒလက်တွေက တစ်မိနစ်ကို အပတ်ရေ ၂၄၀၀ (2400 rpm) အထိ လည်ပတ်နိုင်ပါတယ်။ အဲဒီနှုန်းဟာ ကမ္ဘာပေါ်မှာပျံသန်းနေတဲ့ ရဟတ်ယာဉ် တွေရဲ့ ဒလက်လည်နှုန်းထက် ၅ ဆ ပိုမြန်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလက စမ်းသပ်ပျံသန်းမှု အောင်မြင်ခဲ့လို့။

လာမယ့် ဇူလိုင်လ ၃၀ ရက်မှာ ဖလော်ရီဒါပြည်နယ်၊ ကာနာဗာရယ်လေတပ်စခန်းကနေ နာဆာအဖွဲ့က ဒုံးပျံလွှတ်တင်တဲ့အခါ Mars 2020 Perseverance ဂြိုဟ်ပေါ်ဆင်းသက်ရေးယာဉ်နဲ့အတူ တင်ဆောင်သွားမှာပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဂြိုဟ်နီကြီးလို့ လူသိ များတဲ့ အင်္ဂါဂြိုဟ်ဆီကို ရောက်ရှိဖို့ ခန့်မှန်းထားပြီး ကမ္ဘာမြေစခန်းကနေ ညွှန်ကြားချက်အတိုင်း ပျံသန်းမှုလုပ်သွားမှာပါ။ ဒါဟာ မြန်မာလူ မျိုးမိဘနှစ်ပါးကနေ မွေးဖွားလာပြီး မြန်မာနိုင်ငံမှာ ၁၀ နှစ်ကျော် နေထိုင်ခဲ့ဖူးတဲ့ ဒေါက်တာမိမိအောင်အတွက် ကြီးကျယ်ခမ်းနားတဲ့ အောင် မြင်မှုတစ်ရပ် ဖြစ်လာမှာပါလို့ ဖော်ပြလိုက်ပါတယ်။

REF: LET PAN

(Zawgyi)



ျမန္မာအင္ဂ်င္နီယာ ေဒါက္တာ မိမိေအာင္ဟာ ၂၀၁၉ ခုႏွစ္က ဘီဘီစီသတင္းဌာနရဲ႕ ကမ္ ဘာ့လႊမ္းမိုးႏိုင္စြမ္းအရွိဆုံး အမ်ိဳးသမီးအ ေယာက္ ၁၀၀ စာရင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရသလို ၂၀၁၉ ခုႏွစ္ထြက္ Space Queens ျဖစ္ရပ္မွန္ မွတ္တမ္း႐ုပ္ရွင္မွာလည္း ပါဝင္ခြင့္ရခဲ့သူပါ။ သူ႔ရဲ႕ရည္မွန္းခ်က္ကေတာ့ အာကာသအတြင္း စူးစမ္းရွာေဖြမႈလုပ္ငန္းစဥ္ေတြမွာ က်ား၊ မ တန္းတူ ရင္ေပါင္တန္း ပါဝင္ႏိုင္ေရးပါပဲ။ လက္ ရွိအခ်ိန္အထိေတာ့ နာဆာအဖြဲ႕ရဲ႕ သိပၸံနဲ႔ အင္ဂ်င္နီယာအဖြဲ႕ဝင္ေတြထဲမွာ အမ်ိဳးသမီး ၃၀ ရာခိုင္ႏႈန္းပဲ ပါဝင္ခြင့္ရပါေသးတယ္။ တစ္ေန႔က် ရင္ေတာ့ အဂၤါၿဂိဳဟ္ေပၚကို လူသားေတြ ေျခခ်ႏိုင္မွာျဖစ္သလို ေဒါက္တာမိမိေအာင္ရဲ႕ ရည္မွန္းခ်က္လည္း ျပည့္ဝလာမွာပါ။

ေဒါက္တာ မိမိေအာင္ ကို ေအာင္ျမင္တဲ့ အင္ဂ်င္နီယာပညာရွင္တစ္ေယာက္ ျဖစ္လာေစ ခဲ့တဲ့အခ်က္ေတြထဲမွာ သူ႔မိခင္အေပၚ ေလးစား အားက်၊ အတုယူမႈက အဓိကက်ခဲ့တယ္လို႔ ဆိုရမွာပါ။ သူ႔မိခင္က လက္ေတြ႕က်ၿပီး ယုတၱိ ရွိ၊ မရွိဆိုတာကို အၿမဲမျပတ္ ခ်င့္ခ်ိန္စဥ္းစားသူ ျဖစ္လို႔ ငယ္ငယ္ကတည္းက ယုတၱိက်မႈရဲ႕ အေရး ပါပုံကို နားလည္ခဲ့တယ္လို႔ ေဒါက္တာမိမိေအာင္က ေျပာပါတယ္။ ေဒါက္တာမိမိေအာင္ ငယ္ငယ္က သူ႔မိခင္ ေျပာခဲ့တဲ့ စကားတစ္ခြန္းကလည္း သူ႔ဘဝတစ္ခုလုံးစာ စြဲၿမဲမွတ္သားစရာ ျဖစ္ခဲ့ပါတယ္။သခ်ၤာ တစ္ပုဒ္ တြက္မရ လို႔ သခ်ၤာပါရဂူဘြဲ႕ရထားတဲ့ မိခင္ ကို အကူအညီေတာင္းခဲ့တဲ့ ေဒါက္တာမိမိေအာင္ဟာ သူ႔အေမရဲ႕ ခေရေစ့တြင္းက် ရွင္းျပမႈကို။

စိတ္မရွည္ေတာ့လို႔ ” အေျဖကို ျမန္ျမန္ေျပာပါ အေမရယ္”လို႔ ေျပာမိခဲ့ပါတယ္။ အရင္တုန္းက စကားေျပာရင္ ခ်ိဳသာႏူးညံ့တဲ့ မိခင္ဟာ ဒီစ ကားၾကားခ်ိန္ မွာေတာ့ အသံခပ္မာမာျဖစ္သြားၿပီး ” ေနာက္ထပ္ ဘယ္ေတာ့မွ အေမ့ကို ျဖတ္လမ္းနည္း လာမေမးနဲ႔ သမီး”လို႔ ေျပာခဲ့ပါ တယ္။ မိခင္ရဲ႕စကားဟာ ေဒါက္တာမိမိေအာင္ကို ေအာင္ျမင္မႈအတြက္ ျဖတ္လမ္းမရွိဘူးဆိုတဲ့ အသိ ႐ိုက္သြင္းေပးႏိုင္ခဲ့ပါတယ္။ အဂၤါ ၿဂိဳဟ္ေပၚမွာ နာဆာအဖြဲ႕က လွည့္ပတ္ ပ်ံဝဲမယ့္ ေမာင္းသူမဲ့ရဟတ္ယာဥ္ကို ဦးေဆာင္ တီထြင္ခဲ့သူကေတာ့ ျမန္မာလူမ်ိဳး မိဘႏွစ္ပါးကေန ေမြးဖြားလာခဲ့ၿပီး ျမန္မာႏိုင္ငံမွာ ၁၀ ႏွစ္ေက်ာ္ ေနထိုင္ခဲ့ဖူးတဲ့ ေဒါက္တာမိမိေအာင္(Dr Mi Mi Aung)ပဲ ျဖစ္ပါတယ္။

ေဒါက္တာ မိမိေအာင္ကို ၁၉၆၈ ခုႏွစ္က အေမရိကန္ ႏိုင္ငံမွာ ေမြးဖြားခဲ့ၿပီး အသက္ ၂ ႏွစ္ခြဲအ႐ြယ္မွာ မိဘေတြရဲ႕ ဇာတိေျမျဖစ္တဲ့ ျမန္မာ ႏိုင္ငံကို ေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။ ေဒါက္တာမိမိေအာင္ရဲ႕မိခင္ဟာလည္း ျမန္မာႏိုင္ငံသူေတြထဲမွာ သခ်ၤာပညာရပ္ဆိုင္ရာ ပါရဂူဘြဲ႕ ပ ထမဆုံး ရရွိခဲ့သူပါျမန္မာႏိုင္ငံမွာ ႐ုပ္ဝတၱဳ ပစၥည္း မျပည့္မစုံနဲ႔ လူလားေျမာက္ခဲ့ရတဲ့ ေဒါက္တာမိမိေအာင္ဟာ ၾကယ္စုံတဲ့ ေကာင္းကင္ႀကီး ကို မၾကာမၾကာ ေငးၾကည့္တတ္ၿပီး အာကာသထဲ မွာ ငါတို႔လူသားေတြပဲ ရွိတာလား”လို႔ စဥ္းစားခန္း ထုတ္ေန တတ္ပါတယ္။ ” ႐ုပ္ဝတၱဳ ပစၥည္း နည္းေလေလ ဒီကိစၥအေၾကာင္းကို ပိုေတြးျဖစ္ေလေလပါပဲ”လို႔ ေဒါက္တာမိမိေအာင္က ေျပာခဲ့ဖူးပါတယ္။

အဂၤလိပ္ေက်ာင္း အထက္တန္းေက်ာင္းသူဘဝကတည္းက အာကာသသိပၸံဘာသာရပ္ကို စိတ္ဝင္စား ခဲ့တဲ့ သူမဟာ အ သက္ ၁၆ ႏွစ္အ ႐ြယ္မွာေတာ့ သူ ဝါသနာပါတဲ့ ပညာရပ္ကို ဆက္ေလ့လာဖို႔အတြက္ မိသားစုနဲ႔ခြဲခြာၿပီး အေမရိကန္ႏိုင္ငံကို တစ္ေယာက္ တည္း ထြက္လာခဲ့ ပါေတာ့တယ္။သူဟာ အီလီႏြိဳက္တကၠသိုလ္ မွာ လွ်ပ္စစ္အင္ဂ်င္နီယာဘာသာရပ္ သင္ယူခဲ့ၿပီး ၁၉၉၀ ျပည့္ႏွစ္မွာေတာ့ မာစတာဘြဲ႕ရခဲ့ပါ တယ္။ မာစတာဘြဲ႕အတြက္ သူ ေရးခဲ့တဲ့ ပါရဂူက်မ္းက ဆက္သြယ္မႈနဲ႔ အခ်က္ျပမႈလုပ္ေဆာင္ခ်က္အေၾကာင္း ျဖစ္ပါ တယ္။မာစတာဘြဲ႕ ယူၿပီးခ်ိန္မွာ ပါေမာကၡတစ္ေယာက္က သူ႔ ကို Jet Propulsion Laboratory(JPL)ရဲ႕ အာကာသရဲ႕ နက္ရႈိင္းတဲ့ေနရာက။



ရွာေဖြမႈလုပ္ငန္းအေၾကာင္း ေျပာျပခဲ့ပါတယ္။JPL ဟာ အာကာသရဲ႕နက္ရႈိင္းတဲ့ေနရာက မသဲမကြဲအခ်က္ျပမႈေတြကို ရွာေဖြဖမ္းယူေနတာ ျဖစ္ပါတယ္။ ျပည္ေထာင္စုအစိုးရအဖြဲ႕က ရန္ပုံေငြေထာက္ပံ့ေပးထားတဲ့ JPL ဟာ သုေတသနနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး စင္တာျဖစ္ၿပီး နာဆာ အဖြဲ႕ရဲ႕ လက္ေတြ႕ေဆာင္႐ြက္မႈစင္တာပါ။ JPL မွာ အလုပ္လုပ္ခြင့္ရရင္ သူႏွစ္သက္တဲ့ သခ်ၤာပညာရပ္ကို သူစြဲလမ္းေနတဲ့ အာကာသ အေၾကာင္း၊ သူ႔ရဲ႕အင္ဂ်င္နီယာပိုင္းဆိုင္ရာ ကြၽမ္းက်င္မႈေတြနဲ႔ ေပါင္းစပ္ဖို႔ အခြင့္အေရးပဲ လို႔ ေဒါက္တာမိမိေအာင္က တြက္ဆမိခဲ့ပါတယ္။ စစခ်င္းမွာေတာ့ အာကာသယာဥ္ေတြ နဲ႔ ဆက္သြယ္ႏိုင္ဖို႔ နာဆာအဖြဲ႕ အသုံးျပဳတဲ့ Deep Space Network မွာ အလုပ္လုပ္ခဲ့ၿပီး။

ေနာက္ပိုင္းမွာ အာကာသယာဥ္သြားလာမႈကို ထိန္းခ်ဳပ္တဲ့ GNC(guidance, navigation, and control) စနစ္ေတြကို အဆင့္ျမႇင့္တင္ ခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္မွာ JPL က သူ႔ကို ေမာင္းသူမဲ့စနစ္က႑မွာ လက္ေထာက္မန္ေနဂ်ာ ခန႔္အပ္ခဲ့ၿပီး ေနာက္ ၂ ႏွစ္အၾကာမွာပဲ အဂၤါ ၿဂိဳဟ္ေပၚ ပ်ံဝဲမယ့္ ရဟတ္ယာဥ္တီထြင္ေရးအဖြဲ႕ကို ဦးေဆာင္ဖို႔ တာဝန္ေပးအပ္ခဲ့ပါတယ္။လူသား သမိုင္း တစ္ေလွ်ာက္ တျခားၿဂိဳဟ္ တစ္ခုမွာ ပထမဆုံးပ်ံဝဲမယ့္ ရဟတ္ယာဥ္တီထြင္ဖို႔ဆိုတာ အင္ဂ်င္နီယာပညာရပ္ရဲ႕ အံ့အားသင့္ဖြယ ္စြမ္းေဆာင္မႈတစ္ခုပါပဲ။ အဂၤါၿဂိဳဟ္ရဲ႕ ေလထုသိပ္သည္းဆက ကမာၻေျမေပၚက ေလထုသိပ္သည္းဆနဲ႔ႏႈိင္းယွဥ္ရင္ ၁ ရာခိုင္ႏႈန္းေတာင္ မရွိပါဘူး။

ဒီေတာ့ အဂၤါၿဂိဳဟ္ေပၚ ပ်ံဝဲမယ့္ရဟတ္ယာဥ္က ေပါ့ပါးၿပီး ရဟတ္ယာဥ္ဒလက္ကလည္း ပုံမွန္ရဟတ္ယာဥ္ဒလက္ေတြထက္ ျမန္ျမန္ပို လည္မွပဲ ပ်ံဝဲႏိုင္မွာပါ။ေဒါက္တာ မိမိေအာင္ ဦးေဆာင္တဲ့အဖြဲ႕ တီထြင္ထားတဲ့ Ingenuity Mars Helicopter ရဟတ္ယာဥ္ဟာ အေလး ခ်ိန္ ၄ ေပါင္ပဲရွိၿပီး ကာဗြန္ဖိုက္ဘာနဲ႔လုပ္ထားတဲ့ ဒလက္ေတြ တပ္ဆင္ထားပါတယ္။ အဲဒီဒလက္ေတြက တစ္မိနစ္ကို အပတ္ေရ ၂၄၀၀ (2400 rpm) အထိ လည္ပတ္ႏိုင္ပါတယ္။ အဲဒီႏႈန္းဟာ ကမာၻေပၚမွာပ်ံသန္းေနတဲ့ ရဟတ္ယာဥ္ ေတြရဲ႕ ဒလက္လည္ႏႈန္းထက္ ၅ ဆ ပိုျမန္ပါတယ္။ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလက စမ္းသပ္ပ်ံသန္းမႈ ေအာင္ျမင္ခဲ့လို႔။

လာမယ့္ ဇူလိုင္လ ၃၀ ရက္မွာ ဖေလာ္ရီဒါျပည္နယ္၊ ကာနာဗာရယ္ေလတပ္စခန္းကေန နာဆာအဖြဲ႕က ဒုံးပ်ံလႊတ္တင္တဲ့အခါ Mars 2020 Perseverance ၿဂိဳဟ္ေပၚဆင္းသက္ေရးယာဥ္နဲ႔အတူ တင္ေဆာင္သြားမွာပါ။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ၿဂိဳဟ္နီႀကီးလို႔ လူသိ မ်ားတဲ့ အဂၤါၿဂိဳဟ္ဆီကို ေရာက္ရွိဖို႔ ခန႔္မွန္းထားၿပီး ကမာၻေျမစခန္းကေန ၫႊန္ၾကားခ်က္အတိုင္း ပ်ံသန္းမႈလုပ္သြားမွာပါ။ ဒါဟာ ျမန္မာလူ မ်ိဳးမိဘႏွစ္ပါးကေန ေမြးဖြားလာၿပီး ျမန္မာႏိုင္ငံမွာ ၁၀ ႏွစ္ေက်ာ္ ေနထိုင္ခဲ့ဖူးတဲ့ ေဒါက္တာမိမိေအာင္အတြက္ ႀကီးက်ယ္ခမ္းနားတဲ့ ေအာင္ ျမင္မႈတစ္ရပ္ ျဖစ္လာမွာပါလို႔ ေဖာ္ျပလိုက္ပါတယ္။

REF: LET PAN

Post a Comment

Previous Post Next Post