(Unicode)


ဗုဒ္ဓဘာသာဝင် ရွှေမြန်မာတို့ သိရအောင် ရွှေတန်ချိန် ၆၀ နီးပါး ကပ်လှူပူဇော်ထားတဲ့ ကမ္ဘာ့အံ့ဖွယ် မြတ်ရွှေတိဂုံအကြောင်း
မျှဝေပေးလိုက်ပါတယ်..ရွှေတန်ချိန် (၆ဝ) ဆိုရင်တော့ ယနေ့ခေတ် ကာလ တန်ကြေးနဲ့ဆို ရင် အမေရိကန်ဒေါ်လာသန်းပေါင်း (၈ဝဝဝ) လောက်ရှိပါတယ်တဲ့…ရွှေတိဂုံစေတီတော် (သို့မဟုတ်) ရွှေစေတီတော်ကြီးဟာ မြန်မာပြည်လို ထောင်နဲ့သောင်းနဲ့ ချီတဲ့ စေတီပုထိုးတွေပြည့်နှက် နေတဲ့ တိုင်းပြည် မှာ အကြီးဆုံးနဲ့အထင်ရှားဆုံး စေတီတစ်ခုပါ။

သက္ကရာဇ် (၁၅၈၆)ခုနှစ်လောက်တုန်းက ရွှေတိဂုံစေတီတော်ကြီး ကို ရောက်ခဲ့ဖူးတဲ့ အင်္ဂလိပ်လူမျိုး တစ်ဦးကတော့“ကမ္ဘာပေါ်မှာနှစ်လိုဖွယ်အကောင်းဆုံးနေရာပဲ” လို့ပြောခဲ့ဖူးပါတယ်။ (၃၂၆) ပေရှည်လျားတဲ့ စေတီတော်ကြီးရဲ့အမြင့် တလျှောက်ကို (၁) လက်မ မကျန် ရွှေသားနဲ့ဖုံးအုပ်ထားတာပါ။ အတိအကျ တိုင်းတာထားတာမျိုး မရှိပေမယ့် စေတီတော်ကြီးကို ဖုံးအုပ်ထားတဲ့ ရွှေသားတွေကို စုပေါင်းလိုက်ရင်
(၆) တန်ကနေ တန် (၆ဝ) လောက်နီးနီး ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ရွှတန်ချိန် (၆ဝ) ဆိုရင်တော့ ယနေ့ခေတ်ကာလတန်ကြေးနဲ့ဆို ရင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ဝဝဝ လောက်ရှိပါတယ်။



စေတီတော်ကြီးရဲ့ အောက်ခြေကို ရွေသား အချောင်းရေ (၈၆၈၈) ချောင်း၊ အထက်ပိုင်းကို ရွေသား အချောင်းရေ(၁၃၁၅၃) ချောင်းကိုအသုံးပြုပြီး ရွေပြားတွေအဖြစ် ကပ်ထားပါတယ်။စေတီကြီးရဲ့ ထိပ်ဆုံး စိန်ဖူးတော်မှာတော့ စိန်အလုံးရေ(၅၄၄၇) လုံး၊ ပတ္တမြား နီလာ နဲ့အခြား ရတနာပစ္စည်းပေါင်း (၂၃၁၇) ခုပါဝင်ပြီး ထီးတော်မှာလည်း ရွှေခေါင်းလောင်းငယ်ပေါင်း(၁ဝ၆၅) လုံးခန့်တပ်ဆင်ထားပါသေးတယ်။စိန်ဖူးတော်ရဲ့ ထိပ် ဆုံးမှာတော့ (၇၆) ကာရက် ရှိတဲ့ စိန်ပွင့်ကြီး တစ်ပွင့်ကို ထည့်သွင်းပူဇော်ထားပါတယ်။ညအခါတွေမှာတော့ ကုန်းမြင့်ပေါ်မှာ တည်ရှိနေတဲ့ စေတီတော်ကြီးရဲ့ အရောင်အဝါတွေဟာ လူဦးရေငါးသန်းခန့်ရှိတဲ့ရန်ကုန်မြို့ရဲ့ ကောင်းမှာ ထွန်းလင်းတောက်ပ လျက်ရှိနေပါတယ်။ရင်ပြင်တော်ပေါ်မှာတော့ မြောက်မြားစွာသော စေတီများ၊ဘုရားကျောင်းဆောင်များ၊ ဇရပ်များ၊ ဆင်းတုတော်များ နဲ့အခြား သာသနိက အဆောက်အအုံများစွာ ဝန်းရံတည်ရှိပါတယ်။


အများစုကိုတော့ ရွေချထားတာပါ။ ခေါင်းလောင်း များစွာလည်းရင်ပြင်ပေါ်မှာ ရှိနေပြီး တန် (၄ဝ) အလေးချိန်ရှိတဲ့သာယာဝတီမင်း ခေါင်းလောင်း လည်းအပါအဝင် ဖြစ်ပါတယ်။(၁၅) ရာစုနှစ်တုန်းက ဘုရင်မကြီးတစ်ဦး (ရှင်စောပု)က သူ့ရဲ့ခန္ဓာကိုယ် အလေးချိန်နဲ့ ညီမျှတဲ့ ရွှေသားတွေကို စေတီတော်ကြီးထံ လှူဒါန်းခဲ့တယ်လို့လဲ ဆိုပါတယ်။ယနေ့ မှာတော့ ဘုရားဖူးများဟာ ရွှေပြားငယ် များ ဝယ်ယူပြီး စေတီတော်ကြီးမှာ ကပ်ကာ လှူဒါန်းလေ့ရှိကြပါတယ်။ရင်ပြင် ပေါ်နဲ့ကျောင်းဆောင်အချို့မှာ ဗုဒ္ဓဆင်းတုတော်ရှေ့ မှာ ထိုင်ပြီး တရားအားထုတ်နေတဲ့ ရဟန်းတော် များကိုလည်းတွေ့ရပါတယ်။ပန်း၊ ရေချမ်း နဲ့ဆီမီးပူဇော်နေတဲ့ ဘုရားဖူးတွေကို တွေ့နိုင်သလို စေတီတော်ကြီးကို ရှိခိုးဦးချနေတဲ့ဘုရားဖူးတွေကိုလည်း တွေ့နိုင်ပါတယ်။ နောက်ထပ်ထူးခြားတာတစ်ခုကတော့ ဘုရားဆင်းတုငယ်တွေကို ဘုရားဖူးတွေက ရေသပ္ပာယ်ခြင်းပါပဲ။ စေတီတော်ရဲ့ထောင့်တွေမှာ ဘုရားဆင်းတုငယ်တွေ ရှိနေပြီး ဘုရားဖူး တွေက ၎င်းဆင်းတုငယ်တွေကို ရေစင်သွန်းလောင်းနေကြတာပါ။ အမေရိကန် သမ္မတ အိုဘားမား မြန်မာ ပြည်ကို ရောက်ရှိစဉ်ကလည်း ရွှေတိဂုံစေတီတာ်ကြီးကို လာရောက်ပြီးရေသပ္ပာယ်ခြင်းကို ပြုလုပ်သွား ပါသေးတယ်။



အခြား ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ အခါကြီး ရက်ကြီးတွေ မှာလည်း စေတီတော်ကြီးပေါ်မှာ သက်ဆိုင်ရာဘာသာရေး လှုပ်ရှားမှုနဲ့ပူဇော်ပွဲတွေ ပြုလုပ်လေ့ရှိကြပါတယ်။ရွှေတိဂုံစေတီတော်ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅ဝဝ) ကျော်ဗုဒ္ဓမြတ်စွာဘုရား လက်ထက်ကတည်းက တည်ဆောက် ခဲ့တယ်လို့သမိုင်းများကဆိုပါတယ်။ စေတီတော်ကြီးဟာရာသီဥတုဒဏ်၊ စစ်ပွဲဒဏ်နဲ့ ငလျင်ဒဏ် တွေကို အကြိမ်ကြိမ်ခဲ့ရပြီး အကြိမ်ကြိမ်ပြန်လည် ပြုပြင် ထိန်းသိမ်းခဲ့ရပါတယ်။

စတင်တည် ဆောက်စဉ်က (၆၆) ပေအမြင့်သာရှိခဲ့ပြီး မြန်မာ ဘုရင် ဆက်ဆက်က ပြုပြင်မွမ်းမံကာ လက်ရှိအမြင့်(၃၂၆) ပေအထိ ရောက်ရှိခဲ့ ပါတယ်။ ယနေ့မှာတော့ ရွှေတိဂုံ စေတီတော်ဟာ မြန်မာပြည်ရဲ့ အမှတ် လက္ခဏာတစ်ခုအဖြစ် ရှိနေပြီး မြန်မာ ပြည်သူများရဲ့ ဗုဒ္ဓဘာသာ အပေါ် နက်ရှိုင်းစွာ ယုံကြည်သက်ဝင်မှုရဲ့ ပြယုဂ်တစ်ခု အဖြစ်လည်းတင့်တင့်တယ်တယ် တည်ရှိနေပါတော့တယ်။

Credit Original

(Zawgyi)


ဗုဒၶဘာသာဝင္ ေ႐ႊျမန္မာတို႔ သိရေအာင္ ေ႐ႊတန္ခ်ိန္ ၆၀ နီးပါး ကပ္လႉပူေဇာ္ထားတဲ့ ကမာၻ႔အံ့ဖြယ္ ျမတ္ေ႐ႊတိဂုံအေၾကာင္း
မွ်ေဝေပးလိုက္ပါတယ္..ေ႐ႊတန္ခ်ိန္ (၆ဝ) ဆိုရင္ေတာ့ ယေန႔ေခတ္ ကာလ တန္ေၾကးနဲ႔ဆို ရင္ အေမရိကန္ေဒၚလာသန္းေပါင္း (၈ဝဝဝ) ေလာက္ရွိပါတယ္တဲ့…ေ႐ႊတိဂုံေစတီေတာ္ (သို႔မဟုတ္) ေ႐ႊေစတီေတာ္ႀကီးဟာ ျမန္မာျပည္လို ေထာင္နဲ႔ေသာင္းနဲ႔ ခ်ီတဲ့ ေစတီပုထိုးေတြျပည့္ႏွက္ ေနတဲ့ တိုင္းျပည္ မွာ အႀကီးဆုံးနဲ႔အထင္ရွားဆုံး ေစတီတစ္ခုပါ။

သကၠရာဇ္ (၁၅၈၆)ခုႏွစ္ေလာက္တုန္းက ေ႐ႊတိဂုံေစတီေတာ္ႀကီး ကို ေရာက္ခဲ့ဖူးတဲ့ အဂၤလိပ္လူမ်ိဳး တစ္ဦးကေတာ့“ကမာၻေပၚမွာႏွစ္လိုဖြယ္အေကာင္းဆုံးေနရာပဲ” လို႔ေျပာခဲ့ဖူးပါတယ္။ (၃၂၆) ေပရွည္လ်ားတဲ့ ေစတီေတာ္ႀကီးရဲ႕အျမင့္ တေလွ်ာက္ကို (၁) လက္မ မက်န္ ေ႐ႊသားနဲ႔ဖုံးအုပ္ထားတာပါ။ အတိအက် တိုင္းတာထားတာမ်ိဳး မရွိေပမယ့္ ေစတီေတာ္ႀကီးကို ဖုံးအုပ္ထားတဲ့ ေ႐ႊသားေတြကို စုေပါင္းလိုက္ရင္
(၆) တန္ကေန တန္ (၆ဝ) ေလာက္နီးနီး ရွိႏိုင္တယ္လို႔ ခန႔္မွန္းရပါတယ္။႐ႊတန္ခ်ိန္ (၆ဝ) ဆိုရင္ေတာ့ ယေန႔ေခတ္ကာလတန္ေၾကးနဲ႔ဆို ရင္ အေမရိကန္ေဒၚလာ သန္းေပါင္း ၈ဝဝဝ ေလာက္ရွိပါတယ္။

ေစတီေတာ္ႀကီးရဲ႕ ေအာက္ေျခကို ေ႐ြသား အေခ်ာင္းေရ (၈၆၈၈) ေခ်ာင္း၊ အထက္ပိုင္းကို ေ႐ြသား အေခ်ာင္းေရ(၁၃၁၅၃) ေခ်ာင္းကိုအသုံးျပဳၿပီး ေ႐ြျပားေတြအျဖစ္ ကပ္ထားပါတယ္။ေစတီႀကီးရဲ႕ ထိပ္ဆုံး စိန္ဖူးေတာ္မွာေတာ့ စိန္အလုံးေရ(၅၄၄၇) လုံး၊ ပတၱျမား နီလာ နဲ႔အျခား ရတနာပစၥည္းေပါင္း (၂၃၁၇) ခုပါဝင္ၿပီး ထီးေတာ္မွာလည္း ေ႐ႊေခါင္းေလာင္းငယ္ေပါင္း(၁ဝ၆၅) လုံးခန႔္တပ္ဆင္ထားပါေသးတယ္။စိန္ဖူးေတာ္ရဲ႕ ထိပ္ ဆုံးမွာေတာ့ (၇၆) ကာရက္ ရွိတဲ့ စိန္ပြင့္ႀကီး တစ္ပြင့္ကို ထည့္သြင္းပူေဇာ္ထားပါတယ္။ညအခါေတြမွာေတာ့ ကုန္းျမင့္ေပၚမွာ တည္ရွိေနတဲ့ ေစတီေတာ္ႀကီးရဲ႕ အေရာင္အဝါေတြဟာ လူဦးေရငါးသန္းခန႔္ရွိတဲ့ရန္ကုန္ၿမိဳ႕ရဲ႕ ေကာင္းမွာ ထြန္းလင္းေတာက္ပ လ်က္ရွိေနပါတယ္။ရင္ျပင္ေတာ္ေပၚမွာေတာ့ ေျမာက္ျမားစြာေသာ ေစတီမ်ား၊ဘုရားေက်ာင္းေဆာင္မ်ား၊ ဇရပ္မ်ား၊ ဆင္းတုေတာ္မ်ား နဲ႔အျခား သာသနိက အေဆာက္အအုံမ်ားစြာ ဝန္းရံတည္ရွိပါတယ္။


အမ်ားစုကိုေတာ့ ေ႐ြခ်ထားတာပါ။ ေခါင္းေလာင္း မ်ားစြာလည္းရင္ျပင္ေပၚမွာ ရွိေနၿပီး တန္ (၄ဝ) အေလးခ်ိန္ရွိတဲ့သာယာဝတီမင္း ေခါင္းေလာင္း လည္းအပါအဝင္ ျဖစ္ပါတယ္။(၁၅) ရာစုႏွစ္တုန္းက ဘုရင္မႀကီးတစ္ဦး (ရွင္ေစာပု)က သူ႔ရဲ႕ခႏၶာကိုယ္ အေလးခ်ိန္နဲ႔ ညီမွ်တဲ့ ေ႐ႊသားေတြကို ေစတီေတာ္ႀကီးထံ လႉဒါန္းခဲ့တယ္လို႔လဲ ဆိုပါတယ္။ယေန႔ မွာေတာ့ ဘုရားဖူးမ်ားဟာ ေ႐ႊျပားငယ္ မ်ား ဝယ္ယူၿပီး ေစတီေတာ္ႀကီးမွာ ကပ္ကာ လႉဒါန္းေလ့ရွိၾကပါတယ္။ရင္ျပင္ ေပၚနဲ႔ေက်ာင္းေဆာင္အခ်ိဳ႕မွာ ဗုဒၶဆင္းတုေတာ္ေရွ႕ မွာ ထိုင္ၿပီး တရားအားထုတ္ေနတဲ့ ရဟန္းေတာ္ မ်ားကိုလည္းေတြ႕ရပါတယ္။ပန္း၊ ေရခ်မ္း နဲ႔ဆီမီးပူေဇာ္ေနတဲ့ ဘုရားဖူးေတြကို ေတြ႕ႏိုင္သလို ေစတီေတာ္ႀကီးကို ရွိခိုးဦးခ်ေနတဲ့ဘုရားဖူးေတြကိုလည္း ေတြ႕ႏိုင္ပါတယ္။ ေနာက္ထပ္ထူးျခားတာတစ္ခုကေတာ့ ဘုရားဆင္းတုငယ္ေတြကို ဘုရားဖူးေတြက ေရသပၸာယ္ျခင္းပါပဲ။ ေစတီေတာ္ရဲ႕ေထာင့္ေတြမွာ ဘုရားဆင္းတုငယ္ေတြ ရွိေနၿပီး ဘုရားဖူး ေတြက ၎ဆင္းတုငယ္ေတြကို ေရစင္သြန္းေလာင္းေနၾကတာပါ။ အေမရိကန္ သမၼတ အိုဘားမား ျမန္မာ ျပည္ကို ေရာက္ရွိစဥ္ကလည္း ေ႐ႊတိဂုံေစတီတာ္ႀကီးကို လာေရာက္ၿပီးေရသပၸာယ္ျခင္းကို ျပဳလုပ္သြား ပါေသးတယ္။

အျခား ဗုဒၶဘာသာနဲ႔သက္ဆိုင္တဲ့ အခါႀကီး ရက္ႀကီးေတြ မွာလည္း ေစတီေတာ္ႀကီးေပၚမွာ သက္ဆိုင္ရာဘာသာေရး လႈပ္ရွားမႈနဲ႔ပူေဇာ္ပြဲေတြ ျပဳလုပ္ေလ့ရွိၾကပါတယ္။ေ႐ႊတိဂုံေစတီေတာ္ႀကီးကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၂၅ဝဝ) ေက်ာ္ဗုဒၶျမတ္စြာဘုရား လက္ထက္ကတည္းက တည္ေဆာက္ ခဲ့တယ္လို႔သမိုင္းမ်ားကဆိုပါတယ္။ ေစတီေတာ္ႀကီးဟာရာသီဥတုဒဏ္၊ စစ္ပြဲဒဏ္နဲ႔ ငလ်င္ဒဏ္ ေတြကို အႀကိမ္ႀကိမ္ခဲ့ရၿပီး အႀကိမ္ႀကိမ္ျပန္လည္ ျပဳျပင္ ထိန္းသိမ္းခဲ့ရပါတယ္။

စတင္တည္ ေဆာက္စဥ္က (၆၆) ေပအျမင့္သာရွိခဲ့ၿပီး ျမန္မာ ဘုရင္ ဆက္ဆက္က ျပဳျပင္မြမ္းမံကာ လက္ရွိအျမင့္(၃၂၆) ေပအထိ ေရာက္ရွိခဲ့ ပါတယ္။ ယေန႔မွာေတာ့ ေ႐ႊတိဂုံ ေစတီေတာ္ဟာ ျမန္မာျပည္ရဲ႕ အမွတ္ လကၡဏာတစ္ခုအျဖစ္ ရွိေနၿပီး ျမန္မာ ျပည္သူမ်ားရဲ႕ ဗုဒၶဘာသာ အေပၚ နက္ရႈိင္းစြာ ယုံၾကည္သက္ဝင္မႈရဲ႕ ျပယုဂ္တစ္ခု အျဖစ္လည္းတင့္တင့္တယ္တယ္ တည္ရွိေနပါေတာ့တယ္။

Credit Original

Post a Comment

Previous Post Next Post