(Unicode)

ဇူလိုင်(၂၃)၊လားရှိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း)တာပုံကျေးရွာအုပ်စု မက်ချီးနုကျေးရွာအနီး ချုံပုတ်အတွင်း အမျိုးသမီး (၂)ဦးအားလက်ပြန်ကြိုးတုတ်ကာ
လူသတ်အလောင်းဖျောက်ထားသည့် အမှု့ဖြစ်စဉ်မှာ ၂၀၂၀ ခုနှစ် ဇွန်လ(၁၆)ရက်နေ့က ဖြစ်ပေါ်ခဲ့သည်။



အမှု့ဖြစ်စဉ်တွင် မူလပထမတရားခံအဖြစ် လူတစ်ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၄င်း၏ထွက်ဆိုချက်များအရ ကွင်းဆက်တရားခံများကိုပါ ဆက်လက်ဖော်ထုတ်နိုင်ခဲ့သည်ဟုသိရသည်။ ထိုသူ၏ ထွက်ဆိုချက်တွင်ပါ၀င်သည့် တရားခံ အားတီ(ခ)ရဲရင့်နိုင်၊တရားခံအောင်နိုင်ဦးနှင့် တရားခံ ရန်လင်းခမ်းတို့အားထပ်မံဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။



တရားခံအားတီသည် သေဆုံးသူ အမျိုးသမီးကြီးနှင့်အတူ ကျောက်အရောင်းအ၀ယ်၊မော်တော်ယာဉ်အရောင်းအ၀ယ်များလုပ်ကိုင်ပြီးအတူတကွအမြဲခရီးထွက်ကြကြောင်း၊ ထိုအမျိုးသမီးကြီးလက်ထဲတွင် ကရင်ပြည်နယ်မှထွက်ရှိသည့် အဖိုးတန်ကျောက်မျက်တစ်မျိုးရှိပြီးကာလပေါက်စျေးအရ သိန်းထောင်ချီတန်သည်ဟုသိရှိထားခဲ့သည်ဟု တရားခံ၏ထွက်ဆိုချက်အရသိရသည်။



ထို့ကြောင့် တရားခံအားတီသည် ၄င်းကျောက်များကိုပိုင်ဆိုင်လိုသည့် ရမက်ကြောင့် ဒေါ်……အား ပြန်ပေးဆွဲရန်အတွက် လားရှိုးမြို့ အောင်သစ္စာ
ရပ်ကွက်တွင် နေအိမ်အလွတ်တစ်လုံးအား အရန်သင့်ဌားထားပြီး ၄င်း၏သူငယ်ချင်းများဖြစ်ကြသည့် တရားခံအောင်နိုင်ဦးနှင့် တရားခံ ရန်လင်းခမ်းတို့အား
ဌားရမ်းထားသည့်နေအိမ်တွင် နေထိုင်စေခဲ့သည်ဟုသိရသည်။


ထို့နောက် တရားခံအားတီသည် သေဆုံးသူအမျိုးသမီး (၂)ဦးနှင့်အတူ မိုင်းရှူးမြို့သို့အလုပ်ကိစ္စဖြင့်သွားရောက်ပြီးသည့်နောက် အပြန်နေ့ရက်ဖြစ်သည့်ဇွန်လ(၁၂)ရက်နေ့ ညနေ(၅)နာရီအချိန်တွင် တရားခံအားတီပိုင်ဆိုင်သည့် Pajero Sport အနက်ရောင်မော်တော်ယာဉ်ဖြင့် ဌားရမ်းထားသည့်နေအိမ်အားလိုက်
လံပြသပြီး အပြန်တွင် အသင့်ယူဆောင်လာသော ပစ္စတိုသေနတ်ဖြင့် ချိန်းခြောက်ကာ ဌားရမ်းထားသည့်နေအိမ်တွင် သေဆုံးသူအမျိုးသမီးများအား ချုပ်နှောင်
ထားရှိခဲ့ကြောင်းသိရသည်။


တရားခံအားတီသည် ထိုကဲ့သို့ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးနောက် ဒေါ်…… ၏ သားဖြစ်သူ ကိုနောင်နောင်ထံသို့သွားရောက်ကာ ၄င်းတို့အတူတကွခရီးထွက်ကြစဉ်
မိုင်းရှူးသွားရာလမ်းတွင် အမည်မသိလူတစ်စုမှ ကားတစ်စီးဖြင့်လိုက်လာကာ သေနတ်ဖြင့်ပစ်ခတ်ပြီး ဒေါ်…… နှင့် မ……. တို့အားဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊

ငွေကြေးတစ်စုံတစ်ရာဖြင့် ပြန်လည်ရွေးယူရမည်ဖြစ်ကြောင်း၊ ထိုသူများတောင်းခံသည့်ငွေများရရှိနိုင်ရန်အတွက် ဒေါ်……. ပိုင်ဆိုင်သည့် တောင်ကြီးမြို့မှ ဖိုးကျော်တွင်အပ်နှံထားသော ကျောက်များအား ရောင်းချရမည်ဖြစ်ကြောင်းပြောဆိုကာ တရာခံအားတီနှင့် ကိုနောင်နောင်တို့မှာ တောင်ကြီးမြို့သို့သွားရောက်ပြီး ကျောက်များယူဆောင်ကာ လိုက်လံရောင်းချခဲ့ကြောင်း၊ ၀ယ်ယူမည့်သူတစ်ဦးမျှမရှိသည့်အတွက် ၄င်းတို့ယူဆောင်လာသည့် ခရမ်းစွဲကျောက်များအား တရားခံအားတီ၏ဖခင်နေအိမ်တွင်အပ်နှံခဲ့သည်ဟုတရားခံ၏ ထွက်ဆိုချက်အရသိရသည်။



တရားခံအားတီတို့ တောင်ကြီးတွင်ရောက်နေစဉ် လားရှိုးမြို့တွင်ကျန်ရှိနေသည့် တရားခံအောင်နိုင်ဦးနှင့် တရားခံ ရန်လင်းခမ်းတို့(၂)ဦးသည် သေဆုံးသူအမျိုးသမီး(၂)ဦးအားချုပ်နှောင်ထားသည်မှာ နေ့ရက်ကြာမြင့်လာပြီဖြစ်သည့်အပြင် အော်ဟစ်ဆူပူမှုများပြုလုပ်နေကြသဖြင့် ဘေးပတ်၀န်းကျင်လူအများသိရှိမည်ကို စိုးရိမ်လာပြီး တရားခံအားတီနှင့်ဖုန်းအဆက်အသွယ်လည်း ပြတ်တောက်လာသဖြင့်ကြောက်လန့်လာခဲ့ကြကြောင်း၊ ထို့အပြင် တရားခံအားတီ၏ ပြောစကားအရ သေဆုံးသူအမျိုးသမီး(၂)ဦးမှာ အခြားအဖွဲ့အစည်တစ်ခုခုဖြင့် ပတ်သက်နေသူများဖြစ်ကြောင်း၊

ယခုလိုဖမ်းဆီးထားသည်ကို ၄င်းတို့နှင့်ပတ်သက်သည့် အဖွဲ့အစည်းများမှ သိရှိသွားပါက အသက်အန္တရာယ်ရှာလာနိုင်ကြောင်း ပြောဆိုထားသည်ကို သိရှိထားသောကြောင့်တရားခံအောင်နိုင်ဦးနှင့် တရားခံ ရန်လင်းခမ်းတို့မှ သေဆုံးသူအမျိုးသမီး(၂)ဦးအား ကြိုးဖြင့်လည်ပင်းအား ချီနှောင်ကာ သတ်ပစ်ထားခဲ့ကြသည်ဟုဆိ်ုသည်။ ထိုအမျိုးသမီး(၂)ဦးသေဆုံးပြီးမှသာတရားခံအားတီမှ ဖုန်းဆက်သွယ်လာသဖြင့် သတ်ပစ်ပြီးဖြစ်ကြောင်းသိရှိရသည်နှင့်တပြိုင်နက်



မှောင်ချိန်တွင်အခြားတစ်နေရာရာသို့စွန့်ပစ်ရန် တရားခံအောင်နိုင်ဦးနှင့် တရားခံ ရန်လင်းခမ်းတို့အားဖုန်းဖြင့်စေခိုင်းခဲ့သည်ဟုသိရသည်။တရားခံအောင်နိုင်ဦးနှင့် တရားခံ ရန်လင်းခမ်းတို့သည် ၄င်းတို့စီးနှင်းရန် တရားခံအားတီမှပေးထားသည့် တိုယိုတာခရောင်းယာဉ်၏ နောက်ဖုံးအတွင်း သေဆုံးသူအမျိုးသမီး(၂)ဦးအား ထည့်သွင်းကာ၄င်းတို့အိပ်စက်ခဲ့သည့် အိပ်ယာအသုံးအဆောင်များကိုပါ တစ်ပါတည်းစွန်ပစ်ခဲ့ကြောင်း ၊ မစွန့်ပစ်မီ ဒေါ်….. ၀တ်ဆင်ထားသည့် ကျောက်စိမ်းလက်စွပ်ကိုလည်း ယူထားခဲ့ရာ တရားခံအားတီမှလားရှိုးမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ငွေကျပ်(၅)သိန်းကျော်ဖြင့်ရောင်းချခဲ့ကြောင်း၊အလောင်းဖျောက်ဖျက်ခဲ့သည့် ကားအား ရပ်ကွက်(၁၂)ရှိ ခိုလောင်းလမ်းအတွင်းတွင် စွန့်ပစ်ထားရှိခဲ့ပြီး မူဆယ်မြို့သို့ရှောင်တိမ်းခဲ့ကြသည်ဟုသိရသည်။

ထို့ကြောင့် တရားခံအောင်နိုင်ဦးနှင့် တရားခံ ရန်လင်းခမ်းတို့အား လားရှိုးနယ်မြေရဲစခန်းအမှုစစ်အဖွဲ့မှ သွားရောက်ကာ ဇွန်လ(၂၁)ရက်နေ့တွင်ဖမ်းဆီးခဲ့ပြီး အမှုနှင့်ပတ်သက်သည့် သက်သေခံ ခရမ်းစွဲကျောက်တုံးများ၊အခင်းဖြစ်စဉ်စီးနှင်းခဲ့သည့် မော်တော်ယာဉ်၊ ရောင်းချထားသည့်လက်စွပ်၊ အခင်းဖြစ်စဉ်တရားခံအားတီ ကိုင်ဆောင်ခဲ့သည့် ပစ္စတိုသေနတ်တို့အား သိမ်းဆည်းပြီး လားရှိုးခရိုင်ဥပဒေရုံးသို့ ဥပဒေအကြံပြုချက်တောင်းခံခဲ့ပြီး



ဥပဒေအကြံပြုချက်နှင့်အညီ တရားခံအားတီ(ခ)ရဲရင့်နိုင်အား ရာဇသတ်ကြီးပုဒ်မ ၃၈၇/၃၄၂/၃၀၂/၃၇၉/၁၀၉ အရလည်းကောင်း၊ထို့အပြင် တရားခံအားတီအား တရားမ၀င်လက်နက်ကိုင်ဆောင်မှုဖြင့်လားရှိုးမြို့ နယ်မြေရဲစခန်းမှ (ပ)၇၈/၂၀၂၀ ၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊တရားခံအောင်နိုင်ဦးနှင့် တရားခံ ရန်လင်းခမ်းတို့အား ၃၈၇/၃၄၂/၃၀၂/၃၇၉ အရလည်းကောင်း လားရှိုးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ လားရှိုးခရိုင်တရားရုံးမှ ရာကြီးမှုအမှတ် ၂၄၂/၂၀၂၀ ဖြင့်လက်ခံထားရှိခဲ့ပြီး ဒုခရိုင်တရားသူကြီး ဦးမင်းလွင်မှ လက်ခံစစ်ဆေးလျှက်ရှိသည်ဟုသိရသည်။



သက်သေခံမော်တော်ယာဉ်များကိုလည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ တရား၀င်ယာဉ်မှတ်ပုံတင်ထားခြင်းရှိ/မရှိ စိစစ်မေးမြန်းထားပြီး ပြန်ကြားစာရရှိပါက ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်း
ရရှိပါသည်။




သတင်း- သိန်းမင်းထွန်း(လားရှိုး)/Lashio News Agency

ဓါတ်ပုံ – လားရှိုးနယ်မြေရဲစခန်း


(Zaawgyi)


ဇူလိုင္(၂၃)၊လားရႈိး

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တာပုံေက်း႐ြာအုပ္စု မက္ခ်ီးႏုေက်း႐ြာအနီး ခ်ဳံပုတ္အတြင္း အမ်ိဳးသမီး (၂)ဦးအားလက္ျပန္ႀကိဳးတုတ္ကာ
လူသတ္အေလာင္းေဖ်ာက္ထားသည့္ အမႈ႕ျဖစ္စဥ္မွာ ၂၀၂၀ ခုႏွစ္ ဇြန္လ(၁၆)ရက္ေန႔က ျဖစ္ေပၚခဲ့သည္။



အမႈ႕ျဖစ္စဥ္တြင္ မူလပထမတရားခံအျဖစ္ လူတစ္ဦးအား ဖမ္းဆီးစစ္ေဆးခဲ့ၿပီး ၄င္း၏ထြက္ဆိုခ်က္မ်ားအရ ကြင္းဆက္တရားခံမ်ားကိုပါ ဆက္လက္ေဖာ္ထုတ္ႏိုင္ခဲ့သည္ဟုသိရသည္။ ထိုသူ၏ ထြက္ဆိုခ်က္တြင္ပါ၀င္သည့္ တရားခံ အားတီ(ခ)ရဲရင့္ႏိုင္၊တရားခံေအာင္ႏိုင္ဦးႏွင့္ တရားခံ ရန္လင္းခမ္းတို႔အားထပ္မံဖမ္းဆီးေဖာ္ထုတ္ႏိုင္ခဲ့ျခင္းလည္းျဖစ္သည္ဟုသိရသည္။



တရားခံအားတီသည္ ေသဆုံးသူ အမ်ိဳးသမီးႀကီးႏွင့္အတူ ေက်ာက္အေရာင္းအ၀ယ္၊ေမာ္ေတာ္ယာဥ္အေရာင္းအ၀ယ္မ်ားလုပ္ကိုင္ၿပီးအတူတကြအၿမဲခရီးထြက္ၾကေၾကာင္း၊ ထိုအမ်ိဳးသမီးႀကီးလက္ထဲတြင္ ကရင္ျပည္နယ္မွထြက္ရွိသည့္ အဖိုးတန္ေက်ာက္မ်က္တစ္မ်ိဳးရွိၿပီးကာလေပါက္ေစ်းအရ သိန္းေထာင္ခ်ီတန္သည္ဟုသိရွိထားခဲ့သည္ဟု တရားခံ၏ထြက္ဆိုခ်က္အရသိရသည္။



ထို႔ေၾကာင့္ တရားခံအားတီသည္ ၄င္းေက်ာက္မ်ားကိုပိုင္ဆိုင္လိုသည့္ ရမက္ေၾကာင့္ ေဒၚ……အား ျပန္ေပးဆြဲရန္အတြက္ လားရႈိးၿမိဳ႕ ေအာင္သစၥာ
ရပ္ကြက္တြင္ ေနအိမ္အလြတ္တစ္လုံးအား အရန္သင့္ဌားထားၿပီး ၄င္း၏သူငယ္ခ်င္းမ်ားျဖစ္ၾကသည့္ တရားခံေအာင္ႏိုင္ဦးႏွင့္ တရားခံ ရန္လင္းခမ္းတို႔အား
ဌားရမ္းထားသည့္ေနအိမ္တြင္ ေနထိုင္ေစခဲ့သည္ဟုသိရသည္။


ထို႔ေနာက္ တရားခံအားတီသည္ ေသဆုံးသူအမ်ိဳးသမီး (၂)ဦးႏွင့္အတူ မိုင္းရႉးၿမိဳ႕သို႔အလုပ္ကိစၥျဖင့္သြားေရာက္ၿပီးသည့္ေနာက္ အျပန္ေန႔ရက္ျဖစ္သည့္ဇြန္လ(၁၂)ရက္ေန႔ ညေန(၅)နာရီအခ်ိန္တြင္ တရားခံအားတီပိုင္ဆိုင္သည့္ Pajero Sport အနက္ေရာင္ေမာ္ေတာ္ယာဥ္ျဖင့္ ဌားရမ္းထားသည့္ေနအိမ္အားလိုက္
လံျပသၿပီး အျပန္တြင္ အသင့္ယူေဆာင္လာေသာ ပစၥတိုေသနတ္ျဖင့္ ခ်ိန္းေျခာက္ကာ ဌားရမ္းထားသည့္ေနအိမ္တြင္ ေသဆုံးသူအမ်ိဳးသမီးမ်ားအား ခ်ဳပ္ေႏွာင္
ထားရွိခဲ့ေၾကာင္းသိရသည္။


တရားခံအားတီသည္ ထိုကဲ့သို႔ဖမ္းဆီးခ်ဳပ္ေႏွာင္ခဲ့ၿပီးေနာက္ ေဒၚ…… ၏ သားျဖစ္သူ ကိုေနာင္ေနာင္ထံသို႔သြားေရာက္ကာ ၄င္းတို႔အတူတကြခရီးထြက္ၾကစဥ္
မိုင္းရႉးသြားရာလမ္းတြင္ အမည္မသိလူတစ္စုမွ ကားတစ္စီးျဖင့္လိုက္လာကာ ေသနတ္ျဖင့္ပစ္ခတ္ၿပီး ေဒၚ…… ႏွင့္ မ……. တို႔အားဖမ္းဆီးေခၚေဆာင္သြားေၾကာင္း၊

ေငြေၾကးတစ္စုံတစ္ရာျဖင့္ ျပန္လည္ေ႐ြးယူရမည္ျဖစ္ေၾကာင္း၊ ထိုသူမ်ားေတာင္းခံသည့္ေငြမ်ားရရွိႏိုင္ရန္အတြက္ ေဒၚ……. ပိုင္ဆိုင္သည့္ ေတာင္ႀကီးၿမိဳ႕မွ ဖိုးေက်ာ္တြင္အပ္ႏွံထားေသာ ေက်ာက္မ်ားအား ေရာင္းခ်ရမည္ျဖစ္ေၾကာင္းေျပာဆိုကာ တရာခံအားတီႏွင့္ ကိုေနာင္ေနာင္တို႔မွာ ေတာင္ႀကီးၿမိဳ႕သို႔သြားေရာက္ၿပီး ေက်ာက္မ်ားယူေဆာင္ကာ လိုက္လံေရာင္းခ်ခဲ့ေၾကာင္း၊ ၀ယ္ယူမည့္သူတစ္ဦးမွ်မရွိသည့္အတြက္ ၄င္းတို႔ယူေဆာင္လာသည့္ ခရမ္းစြဲေက်ာက္မ်ားအား တရားခံအားတီ၏ဖခင္ေနအိမ္တြင္အပ္ႏွံခဲ့သည္ဟုတရားခံ၏ ထြက္ဆိုခ်က္အရသိရသည္။


တရားခံအားတီတို႔ ေတာင္ႀကီးတြင္ေရာက္ေနစဥ္ လားရႈိးၿမိဳ႕တြင္က်န္ရွိေနသည့္ တရားခံေအာင္ႏိုင္ဦးႏွင့္ တရားခံ ရန္လင္းခမ္းတို႔(၂)ဦးသည္ ေသဆုံးသူအမ်ိဳးသမီး(၂)ဦးအားခ်ဳပ္ေႏွာင္ထားသည္မွာ ေန႔ရက္ၾကာျမင့္လာၿပီျဖစ္သည့္အျပင္ ေအာ္ဟစ္ဆူပူမႈမ်ားျပဳလုပ္ေနၾကသျဖင့္ ေဘးပတ္၀န္းက်င္လူအမ်ားသိရွိမည္ကို စိုးရိမ္လာၿပီး တရားခံအားတီႏွင့္ဖုန္းအဆက္အသြယ္လည္း ျပတ္ေတာက္လာသျဖင့္ေၾကာက္လန္႔လာခဲ့ၾကေၾကာင္း၊ ထို႔အျပင္ တရားခံအားတီ၏ ေျပာစကားအရ ေသဆုံးသူအမ်ိဳးသမီး(၂)ဦးမွာ အျခားအဖြဲ႕အစည္တစ္ခုခုျဖင့္ ပတ္သက္ေနသူမ်ားျဖစ္ေၾကာင္း၊

ယခုလိုဖမ္းဆီးထားသည္ကို ၄င္းတို႔ႏွင့္ပတ္သက္သည့္ အဖြဲ႕အစည္းမ်ားမွ သိရွိသြားပါက အသက္အႏၲရာယ္ရွာလာႏိုင္ေၾကာင္း ေျပာဆိုထားသည္ကို သိရွိထားေသာေၾကာင့္တရားခံေအာင္ႏိုင္ဦးႏွင့္ တရားခံ ရန္လင္းခမ္းတို႔မွ ေသဆုံးသူအမ်ိဳးသမီး(၂)ဦးအား ႀကိဳးျဖင့္လည္ပင္းအား ခ်ီေႏွာင္ကာ သတ္ပစ္ထားခဲ့ၾကသည္ဟုဆိ္ုသည္။ ထိုအမ်ိဳးသမီး(၂)ဦးေသဆုံးၿပီးမွသာတရားခံအားတီမွ ဖုန္းဆက္သြယ္လာသျဖင့္ သတ္ပစ္ၿပီးျဖစ္ေၾကာင္းသိရွိရသည္ႏွင့္တၿပိဳင္နက္


ေမွာင္ခ်ိန္တြင္အျခားတစ္ေနရာရာသို႔စြန္႔ပစ္ရန္ တရားခံေအာင္ႏိုင္ဦးႏွင့္ တရားခံ ရန္လင္းခမ္းတို႔အားဖုန္းျဖင့္ေစခိုင္းခဲ့သည္ဟုသိရသည္။တရားခံေအာင္ႏိုင္ဦးႏွင့္ တရားခံ ရန္လင္းခမ္းတို႔သည္ ၄င္းတို႔စီးႏွင္းရန္ တရားခံအားတီမွေပးထားသည့္ တိုယိုတာခေရာင္းယာဥ္၏ ေနာက္ဖုံးအတြင္း ေသဆုံးသူအမ်ိဳးသမီး(၂)ဦးအား ထည့္သြင္းကာ၄င္းတို႔အိပ္စက္ခဲ့သည့္ အိပ္ယာအသုံးအေဆာင္မ်ားကိုပါ တစ္ပါတည္းစြန္ပစ္ခဲ့ေၾကာင္း ၊ မစြန္႔ပစ္မီ ေဒၚ….. ၀တ္ဆင္ထားသည့္ ေက်ာက္စိမ္းလက္စြပ္ကိုလည္း ယူထားခဲ့ရာ တရားခံအားတီမွလားရႈိးၿမိဳ႕ရွိ ေ႐ႊဆိုင္တစ္ဆိုင္တြင္ ေငြက်ပ္(၅)သိန္းေက်ာ္ျဖင့္ေရာင္းခ်ခဲ့ေၾကာင္း၊အေလာင္းေဖ်ာက္ဖ်က္ခဲ့သည့္ ကားအား ရပ္ကြက္(၁၂)ရွိ ခိုေလာင္းလမ္းအတြင္းတြင္ စြန္႔ပစ္ထားရွိခဲ့ၿပီး မူဆယ္ၿမိဳ႕သို႔ေရွာင္တိမ္းခဲ့ၾကသည္ဟုသိရသည္။

ထို႔ေၾကာင့္ တရားခံေအာင္ႏိုင္ဦးႏွင့္ တရားခံ ရန္လင္းခမ္းတို႔အား လားရႈိးနယ္ေျမရဲစခန္းအမႈစစ္အဖြဲ႕မွ သြားေရာက္ကာ ဇြန္လ(၂၁)ရက္ေန႔တြင္ဖမ္းဆီးခဲ့ၿပီး အမႈႏွင့္ပတ္သက္သည့္ သက္ေသခံ ခရမ္းစြဲေက်ာက္တုံးမ်ား၊အခင္းျဖစ္စဥ္စီးႏွင္းခဲ့သည့္ ေမာ္ေတာ္ယာဥ္၊ ေရာင္းခ်ထားသည့္လက္စြပ္၊ အခင္းျဖစ္စဥ္တရားခံအားတီ ကိုင္ေဆာင္ခဲ့သည့္ ပစၥတိုေသနတ္တို႔အား သိမ္းဆည္းၿပီး လားရႈိးခ႐ိုင္ဥပေဒ႐ုံးသို႔ ဥပေဒအႀကံျပဳခ်က္ေတာင္းခံခဲ့ၿပီး

ဥပေဒအႀကံျပဳခ်က္ႏွင့္အညီ တရားခံအားတီ(ခ)ရဲရင့္ႏိုင္အား ရာဇသတ္ႀကီးပုဒ္မ ၃၈၇/၃၄၂/၃၀၂/၃၇၉/၁၀၉ အရလည္းေကာင္း၊ထို႔အျပင္ တရားခံအားတီအား တရားမ၀င္လက္နက္ကိုင္ေဆာင္မႈျဖင့္လားရႈိးၿမိဳ႕ နယ္ေျမရဲစခန္းမွ (ပ)၇၈/၂၀၂၀ ၊ လက္နက္ဥပေဒပုဒ္မ ၁၉(စ)ျဖင့္လည္းေကာင္း၊တရားခံေအာင္ႏိုင္ဦးႏွင့္ တရားခံ ရန္လင္းခမ္းတို႔အား ၃၈၇/၃၄၂/၃၀၂/၃၇၉ အရလည္းေကာင္း လားရႈိးခ႐ိုင္တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ရာ လားရႈိးခ႐ိုင္တရား႐ုံးမွ ရာႀကီးမႈအမွတ္ ၂၄၂/၂၀၂၀ ျဖင့္လက္ခံထားရွိခဲ့ၿပီး ဒုခ႐ိုင္တရားသူႀကီး ဦးမင္းလြင္မွ လက္ခံစစ္ေဆးလွ်က္ရွိသည္ဟုသိရသည္။

သက္ေသခံေမာ္ေတာ္ယာဥ္မ်ားကိုလည္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနသို႔ တရား၀င္ယာဥ္မွတ္ပုံတင္ထားျခင္းရွိ/မရွိ စိစစ္ေမးျမန္းထားၿပီး ျပန္ၾကားစာရရွိပါက ဆက္လက္အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသတင္း
ရရွိပါသည္။

သတင္း- သိန္းမင္းထြန္း(လားရႈိး)/Lashio News Agency

ဓါတ္ပုံ – လားရႈိးနယ္ေျမရဲစခန္း

Post a Comment

Previous Post Next Post