(Unicode)

မြန်မာနိုင်ငံမှာ ဆင်းရဲကြပ်တည်းလှတဲ့ မိသားစုဘဝစားဝတ်နေရေးကိုဖြေရှင်းဖို့အတွက် ထိုင်းနိုင်ငံကို အလုပ်ရှာထွက်လာတဲ့ အသက် ၁၈ နှစ်အရွယ် ကိုမြင့်နိူင်သည် ထိုင်းငါးဖမ်းလှေပေါ်မှာ အရောင်းစားခံခဲ့ရပါတယ်.. လခမပေးဘဲ ကျွန်လိုခိုင်းခံရပါတယ်..ပထမ အခေါက်ကျွန်ပြုခံရတာ ၅ နှစ်ကြာခဲ့ပြီး အဲ့ဒီလှေပေါ်မှခုန်ချထွက်ပြေး ခဲ့ပါတယ်…အင်ဒိုနီးရှားက ကျွန်းစုတွေပေါ်မှာ ပုန်းအောင်းနေခဲ့ပြီး ၅ နှစ်ကြာမှာ မြန်မာပြည်ကို ပြန်ခွင့်ရမလား .. ရည်ရွယ်ချက်နဲ့ အင်ဒိုနီးရှားငါးဖမ်းလှေပေါ် ပြန်လည်လိုက်ခဲ့ပါတယ်… အဲဒီလှေပေါ်မှာလည်း ကျွန်လိုခိုင်းစေနှိပ်စက်မှု့ကို ၈ နှစ်လောက် ခံခဲ့ရပြန်တယ်…


အိမ်ပြန်ချင်၍ ခြေသလုံးဘက်ပြီး တောင်းပန်ပေမဲ့လည်း သံကြိုးခတ်ပြီး ဖမ်းဆီးခံခဲ့ရပါတယ်…. သံကြိုးအချုပ်အနှောင်တွေကို ရတဲ့ သံချောင်းလေးများနှင့် ကြိုးစားဖွင့်ယူပြီး ပင်လယ်ထဲကို အသေခံ ခုန်ချပြီး ထွက်ပြေးခဲ့ပါတယ် …အဲ့ဒီနောက် အင်ဒိုနီးရှားက ကျွန်းတွေပေါ်မှာ အခြားမြန်မာပြည်မှ ဘဝတူ ငါးဖမ်းကျွန် ၂ ယောက်နှင့်အတူ ဟင်းသီးဟင်းရွက်တွေ စိုက်ပြီး ပုန်းအောင်းနေခဲ့ပါတယ် အသီးအနှံထွက်ရောင်းရတဲ့ ဘဝတူသူငယ်ချင်းက အင်ဒိုနီးရှား ရဲတွေက ဖမ်းပြီး ငါးဖမ်းလှေပေါ်ပြန်ရောင်းစား၍ အဲ့ဒီလှေပေါ်မှာ ဖျားနာပြီး သေဆုံးခဲ့ရပါတယ်…


အဲဒီလိုနဲ့ AP သတင်းထောက်ရဲ့ အင်ဒိုနီးရှား အစိုးရက ကျွန်ပြုခံနေရတဲ့ သူတို့လိုငါးဖမ်းလုပ်သားတွေကို အိမ်ပြန်ပို့နေပြီဆိုတဲ့ သတင်းကို သူငယ်ချင်းတစ်ယောက်က ကြားခဲ့ပါတယ်.. အဲဒါနဲ့ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီး ကိုယ့်နိူင်ငံကို ပြန်ဖို့ လုပ်ခဲ့ပါတယ်…အမေနဲ့ ညီမကို ပြန်တွေ့ရလို့ ဝမ်းသာဝမ်းနည်း ဖြစ်ပြီး မျက်ရည်ကျနေသော အသက် ၄၀ နှစ် ရှိပြီဖြစ်သော ကိုမြင့်နိူင်ပါ…..



Credit – Phyu Zin Myin /𝐾𝑜𝑀𝑦𝑎𝑇ℎ𝑎𝑛
Thant Zin Htun Aung Aung


(Zawgyi)

မြန်မာနိုင်ငံမှာ ဆင်းရဲကြပ်တည်းလှတဲ့ မိသားစုဘဝစားဝတ်နေရေးကိုဖြေရှင်းဖို့အတွက် ထိုင်းနိုင်ငံကို အလုပ်ရှာထွက်လာတဲ့ အသက် ၁၈ နှစ်အရွယ် ကိုမြင့်နိုင်သည် ထိုင်းငါးဖမ်းလှေပေါ်မှာ အရောင်းစားခံခဲ့ရပါတယ်.. လခမပေးဘဲ ကျွန်လိုခိုင်းခံရပါတယ်..ပထမ အခေါက်ကျွန်ပြုခံရတာ ၅ နှစ်ကြာခဲ့ပြီး အဲ့ဒီလှေပေါ်မှခုန်ချထွက်ပြေး ခဲ့ပါတယ်…အင်ဒိုနီးရှားက ကျွန်းစုတွေပေါ်မှာ ပုန်းအောင်းနေခဲ့ပြီး ၅ နှစ်ကြာမှာ မြန်မာပြည်ကို ပြန်ခွင့်ရမလား .. ရည်ရွယ်ချက်နဲ့ အင်ဒိုနီးရှားငါးဖမ်းလှေပေါ် ပြန်လည်လိုက်ခဲ့ပါတယ်… အဲဒီလှေပေါ်မှာလည်း ကျွန်လိုခိုင်းစေနှိပ်စက်မှု့ကို ၈ နှစ်လောက် ခံခဲ့ရပြန်တယ်…




အဲဒီလိုနဲ့ AP သတင်းထောက်ရဲ့ အင်ဒိုနီးရှား အစိုးရက ကျွန်ပြုခံနေရတဲ့ သူတို့လိုငါးဖမ်းလုပ်သားတွေကို အိမ်ပြန်ပို့နေပြီဆိုတဲ့ သတင်းကို သူငယ်ချင်းတစ်ယောက်က ကြားခဲ့ပါတယ်.. အဲဒါနဲ့ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီး ကိုယ့်နိုင်ငံကို ပြန်ဖို့ လုပ်ခဲ့ပါတယ်…အမေနဲ့ ညီမကို ပြန်တွေ့ရလို့ ဝမ်းသာဝမ်းနည်း ဖြစ်ပြီး မျက်ရည်ကျနေသော အသက် ၄၀ နှစ် ရှိပြီဖြစ်သော ကိုမြင့်နိုင်ပါ…..



Credit – Phyu Zin Myin /𝐾𝑜𝑀𝑦𝑎𝑇ℎ𝑎𝑛

Post a Comment

Previous Post Next Post