(Unicode)


ရန်ကုန်-ထားဝယ် အဝေးပြေးလမ်းတွင် ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်၊ (၂) ဦးသေဆုံးကာ (၈) ဦးဒဏ်ရာရ…

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ ရန်ကုန်-ထားဝယ် အဝေးပြေးလမ်းမ မိုင်တိုင်အမှတ် ၂ဝမိုင် ၃ ဖာလုံအနီးတွင် ဇူလိုင်လ ၂၄ နံနက် ၃ နာရီအချိန်ခန့်က ခရီးသည်တင် မှန်လုံယာဉ်တစ်စီး လမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံးက ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။



ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ ထွက်ခွာလာသည့် ရွှေလီရတနာ ခရီးသည်တင် မှန်လုံယာဉ်မှာ ရေဖြူမြို့နယ်ရှိ မိုင်တိုင်အမှတ် ၂၀/၃ အနီးအရောက်တွင် ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းနံဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးသေဆုံးခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူ ခရီးသည် ၁၁ ဦးအနက် ၈ ဦး၌ ဦးခေါင်းကွဲဒဏ်ရာ၊ မှန်ကွဲစများ ထိမှန်သည့် ဒဏ်ရာ၊ ခြေထောက်နှင့် လက်ကျိူးသည့် ဒဏ်ရာနှင့် ခန္ဓာကိုယ်ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ပြီး ရေဖြူမြို့နယ် ပြည်သူ့ဆေးရုံထံ တင်ပို့ထားကြောင်း သိရသည်။



“ကျွန်တော်တို့ဆီကို ဖုန်းဝင်လာတော့ နံနက် ၃ နာရီ ၁၅ မိနစ်လောက်ရှိပြီ။ အခင်းဖြစ်နေရာကို ၄ နာရီခွဲလောက် ရောက်တယ်။ ကားပေါ်မှာ ခရီးသည် ၁၃ ယောက်ပါတယ်။ ၂ ယောက်ကတော့ ရေးမှာဆင်းခဲ့တယ်။ ၁၁ ယောက်က ထားဝယ်ပါလာတာ ၈ ယောက်ကို ရေဖြူဆေးရုံပို့ထားတယ်။ ခေါင်းကွဲတာ မှန်ကွဲစထိတာ ခြေကျိုးတာတွေဖြစ်တယ်။ ကြီးကြီးမားမား အသက်အန္တရာယ် ဖြစ်လောက်တဲ့အထိ ဖြစ်တာတော့မရှိဘူး။ စပယ်ရာကတော့ ကားထဲမှာညှပ်နေလို့ မနက်ကျမှ ဆွဲထုတ်လို့ရတယ်။ ယာဉ်မောင်းရော ၂ ယောက်လုံးက အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်။ ယာဉ်မောင်းအိပ်ငိုက်ပြီး ဆင်းသွားတာလို့ သိရတယ်” ဟု အခင်းဖြစ်နေရာသို့ သွားရောက်ကူညီခဲ့သည့် ဇမ္ဗူသီရိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ကိုသန်းထိုက်က ပြောကြားသည်။



လမ်းနံဘေးသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့် ယာဉ်ပေါ်မှ ဒဏ်ရာရရှိသူ ခရီးသည်များကို အရေးပေါ် လူနာတင်ယာဉ်များဖြင့် ရေဖြူမြို့နယ် ပြည်သူ့ဆေးရုံထံ တင်ပို့ပေးခဲ့ကြပြီး အခင်းဖြစ်နေရာ၌ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့်ယာဉ်ကို မနက် ၁၀ နာရီကျော်အချိန်၌ လမ်းပေါ်သို့ ဆွဲတင်ကာ ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။



ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းမပေါ်ရှိ အဆိုပါ ရေဖြူမြို့နယ်လမ်းပိုင်း၌ အိမ်စီးယာဉ်ငယ်များ မကြာခဏ ယာဉ်မတော်တဆမှုများ ဖြစ်ပွာခဲ့ဖူးသော်လည်း ခရီးသည်တင်ယာဉ်ကြီး တိမ်းမှောက်၍ လူသေဆုံးမှု ဖြစ်ပွားခဲ့ခြင်းမှာ ယခုနှစ်ပိုင်းအတွင်း အဆိုးဝါးဆုံး ဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။

ဖြိုးဇင် (ထားဝယ်)

(Zawgyi)


ရန္ကုန္-ထားဝယ္ အေဝးေျပးလမ္းတြင္ ခရီးသည္တင္ကားတစ္စီး တိမ္းေမွာက္၊ (၂) ဦးေသဆုံးကာ (၈) ဦးဒဏ္ရာရ…

တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ခ႐ိုင္ရွိ ရန္ကုန္-ထားဝယ္ အေဝးေျပးလမ္းမ မိုင္တိုင္အမွတ္ ၂ဝမိုင္ ၃ ဖာလုံအနီးတြင္ ဇူလိုင္လ ၂၄ နံနက္ ၃ နာရီအခ်ိန္ခန႔္က ခရီးသည္တင္ မွန္လုံယာဥ္တစ္စီး လမ္းေဘးသို႔ ထိုးက်တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ၿပီး ၂ ဦးေသဆုံးက ၈ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။



ရန္ကုန္ၿမိဳ႕မွ ထားဝယ္ၿမိဳ႕သို႔ ထြက္ခြာလာသည့္ ေ႐ႊလီရတနာ ခရီးသည္တင္ မွန္လုံယာဥ္မွာ ေရျဖဴၿမိဳ႕နယ္ရွိ မိုင္တိုင္အမွတ္ ၂၀/၃ အနီးအေရာက္တြင္ ယာဥ္ေမာင္းအိပ္ငိုက္မႈေၾကာင့္ အရွိန္မထိန္းႏိုင္ဘဲ လမ္းနံေဘးသို႔ ထိုးက်တိမ္းေမွာက္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ ႏွစ္ဦးေသဆုံးခဲ့ၿပီး ယာဥ္ေပၚတြင္ လိုက္ပါလာသူ ခရီးသည္ ၁၁ ဦးအနက္ ၈ ဦး၌ ဦးေခါင္းကြဲဒဏ္ရာ၊ မွန္ကြဲစမ်ား ထိမွန္သည့္ ဒဏ္ရာ၊ ေျခေထာက္ႏွင့္ လက္က်ိဴးသည့္ ဒဏ္ရာႏွင့္ ခႏၶာကိုယ္ပြန္းပဲ့ ဒဏ္ရာမ်ား ရရွိခဲ့ၿပီး ေရျဖဴၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံထံ တင္ပို႔ထားေၾကာင္း သိရသည္။



“ကြၽန္ေတာ္တို႔ဆီကို ဖုန္းဝင္လာေတာ့ နံနက္ ၃ နာရီ ၁၅ မိနစ္ေလာက္ရွိၿပီ။ အခင္းျဖစ္ေနရာကို ၄ နာရီခြဲေလာက္ ေရာက္တယ္။ ကားေပၚမွာ ခရီးသည္ ၁၃ ေယာက္ပါတယ္။ ၂ ေယာက္ကေတာ့ ေရးမွာဆင္းခဲ့တယ္။ ၁၁ ေယာက္က ထားဝယ္ပါလာတာ ၈ ေယာက္ကို ေရျဖဴေဆး႐ုံပို႔ထားတယ္။ ေခါင္းကြဲတာ မွန္ကြဲစထိတာ ေျခက်ိဳးတာေတြျဖစ္တယ္။ ႀကီးႀကီးမားမား အသက္အႏၲရာယ္ ျဖစ္ေလာက္တဲ့အထိ ျဖစ္တာေတာ့မရွိဘူး။ စပယ္ရာကေတာ့ ကားထဲမွာညႇပ္ေနလို႔ မနက္က်မွ ဆြဲထုတ္လို႔ရတယ္။ ယာဥ္ေမာင္းေရာ ၂ ေယာက္လုံးက အခင္းျဖစ္တဲ့ေနရာမွာပဲ ပြဲခ်င္းၿပီးေသသြားတယ္။ ယာဥ္ေမာင္းအိပ္ငိုက္ၿပီး ဆင္းသြားတာလို႔ သိရတယ္” ဟု အခင္းျဖစ္ေနရာသို႔ သြားေရာက္ကူညီခဲ့သည့္ ဇမၺဴသီရိ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ ကိုသန္းထိုက္က ေျပာၾကားသည္။



လမ္းနံေဘးသို႔ ထိုးက်တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့သည့္ ယာဥ္ေပၚမွ ဒဏ္ရာရရွိသူ ခရီးသည္မ်ားကို အေရးေပၚ လူနာတင္ယာဥ္မ်ားျဖင့္ ေရျဖဴၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံထံ တင္ပို႔ေပးခဲ့ၾကၿပီး အခင္းျဖစ္ေနရာ၌ မီးသတ္တပ္ဖြဲ႕ဝင္မ်ားျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ခဲ့ရေၾကာင္း သိရသည္။

လက္ရွိတြင္ တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့သည့္ယာဥ္ကို မနက္ ၁၀ နာရီေက်ာ္အခ်ိန္၌ လမ္းေပၚသို႔ ဆြဲတင္ကာ ရွင္းလင္းႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။



ရန္ကုန္-ထားဝယ္ ျပည္ေထာင္စုလမ္းမေပၚရွိ အဆိုပါ ေရျဖဴၿမိဳ႕နယ္လမ္းပိုင္း၌ အိမ္စီးယာဥ္ငယ္မ်ား မၾကာခဏ ယာဥ္မေတာ္တဆမႈမ်ား ျဖစ္ပြာခဲ့ဖူးေသာ္လည္း ခရီးသည္တင္ယာဥ္ႀကီး တိမ္းေမွာက္၍ လူေသဆုံးမႈ ျဖစ္ပြားခဲ့ျခင္းမွာ ယခုႏွစ္ပိုင္းအတြင္း အဆိုးဝါးဆုံး ျဖစ္စဥ္ျဖစ္ေၾကာင္း သိရသည္။

ၿဖိဳးဇင္ (ထားဝယ္)

Post a Comment

Previous Post Next Post