(Unicode)

ရွှေပြည်သာ ရှိ စက်ရုံတစ်ခုတွင် အလုပ်သမား ၆၀၀ ကျော်အား လစာ ရှင်းမပေးဘဲ အလုပ်ရှင် ထွက်ပြေးသွား
ရွှေပြည်သာစက်မှုဇုန်(၁) မှ ABLE GLAD MYANMAR စက်ရုံရှိ အလုပ်သမား ၆၆၉ ယောက်အား လစာ မရှင်းပေးဘဲ လုပ်ငန်းရှင် ထွက်ပြေးသွားကြောင်း အဆိုပါစက်ရုံ ဝန်ထမ်းများထံမှ သိရပါသည်။


“ လုပ်ငန်ရှင် ထွက်ပြေးထားတာတော့ အတည်ပြုထားတယ်။ မြေကလည်း ဌားရမ်း ထားတာပါ။ ကုမ္ပဏီ တစ်ခုကလည်း အကြွေးသိန်းတစ်ရာ နီးပါးလောက် ရစရာရှိတယ် ဆိုပြီး လာတောင်းတယ်၊ ချည်လုံးကုမ္ပဏီကလည်း အကြွေးသိန်းတစ်ရာနီးပါးလောက်ရစရာရှိတယ်ပြောတယ်။

ဆီကုမ္ပဏီကလည်း ရစရာရှိတယ် ပြောတယ်။ ဖယ်ရီကားကလည်း ရစရာရှိတယ် ပြောတယ်။ အလုပ်သမားတွေ အတွက် လုပ်ခလစာကတော့ ဒီနေ့တော့ မရနိုင်တော့ဘူး။ တနင်္လာနေ့တော့ သေချာတယ် ပြောတယ်” ဟု STUM မှစည်းရုံးရေးမှူ ကိုဇင်ဝေအောင်က ပြောပါတယ်။



အဆိုပါ စက်ရုံတွင် အခြားစက်ရုံကြီးများမှ အထည်အလိပ် အပ်ထည်များရှိသဖြင့် အဆိုပါအထည်များ အပ်ထားသည့် သူဌေးသုံးဦးမှ ပေါင်း၍ လစာပေးချေမည်ဟု သိရပြီး လုပ်ငန်းရှင် တစ်ဦးမှလည်း စက်ရုံလွှဲပြောင်းရယူကာ လုပ်ငန်းပုံမှန် လည်ပါတ် သွားရန်လည်းစိစဉ်နေကြောင်း ၎င်းက ပြောပါတယ်။

“ လုပ်ငန်းရှင်ကတော့ ထွက်ပြေးသွားတယ်။ အခု သူဌေးချိန်းပြီး တနင်္လာနေ့ လစာရမယ် အလုပ်လဲ ပြန်လုပ်ရမယ်ပြောတယ်။ ကျွန်တော်တို့ အလုပ်သမားတွေက တိုင်းအစိုးရနဲ့ ညှိနှိုင်းထားတယ် ဒါပေမဲ့ အထည်ချုပ် ပိုင်ရှင်တွေ အဖွဲ့အစည်းရှိတယ်လေ။ အဲ့ဒီကနေ သူဌေးတစ်ဦးက တာဝန်ယူပြီးတော့ လစာတွေ ရှင်းပေးပြီး အလုပ် ပြန်လည်ပတ်စေမယ်လို့ ပြောတယ်။

အဲဒါကြောင့် တနင်္လာနေ့ထိ စောင့်ကြည့်နေရတာ ကျွန်တော်တို့ က ဘာမှလုပ်လို့ မရတော့ဘူး။ စက်ရုံကို အကြွေးတွေ ဘာတွေလာတောင်းတာတော့ အကိုတို့ မသိဘူး။ အကိုတို့က ဝန်ထမ်းဆိုတော့ အလုပ်ရှိရင် လုပ်မယ် ပိတ်ရင် လျော်ကြေးတောင်းမယ်။ မရရင်တိုင်းကို တက်တိုင်မယ် ဒါဘဲရှိတယ်” ဟု ABLE GLAD MYANMAR စက်ရုံမှ အော်ပရေတာ လုပ်ကိုင်နေသူ ကိုစိုင်းနိုင်လင်းအောင်က ဆိုပါတယ်။

အဆိုပါ စက်ရုံသည် အလုပ်သမား ၆၆၉ ယောက်ရှိပြီး အခြားစက် ရုံကြီးများမှ အထည်အပ်ထည်များအား တစ်ဆင့်ပြန်ယူ၍ ချုပ်သည့် စက်ရုံ တစ်ရုံဖြစ်ကြောင်း သိရပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် ….chartake

(Zawgyi)


ေ႐ႊျပည္သာ ရွိ စက္႐ုံတစ္ခုတြင္ အလုပ္သမား ၆၀၀ ေက်ာ္အား လစာ ရွင္းမေပးဘဲ အလုပ္ရွင္ ထြက္ေျပးသြား
ေ႐ႊျပည္သာစက္မႈဇုန္(၁) မွ ABLE GLAD MYANMAR စက္႐ုံရွိ အလုပ္သမား ၆၆၉ ေယာက္အား လစာ မရွင္းေပးဘဲ လုပ္ငန္းရွင္ ထြက္ေျပးသြားေၾကာင္း အဆိုပါစက္႐ုံ ဝန္ထမ္းမ်ားထံမွ သိရပါသည္။


“ လုပ္ငန္ရွင္ ထြက္ေျပးထားတာေတာ့ အတည္ျပဳထားတယ္။ ေျမကလည္း ဌားရမ္း ထားတာပါ။ ကုမၸဏီ တစ္ခုကလည္း အေႂကြးသိန္းတစ္ရာ နီးပါးေလာက္ ရစရာရွိတယ္ ဆိုၿပီး လာေတာင္းတယ္၊ ခ်ည္လုံးကုမၸဏီကလည္း အေႂကြးသိန္းတစ္ရာနီးပါးေလာက္ရစရာရွိတယ္ေျပာတယ္။

ဆီကုမၸဏီကလည္း ရစရာရွိတယ္ ေျပာတယ္။ ဖယ္ရီကားကလည္း ရစရာရွိတယ္ ေျပာတယ္။ အလုပ္သမားေတြ အတြက္ လုပ္ခလစာကေတာ့ ဒီေန႕ေတာ့ မရနိုင္ေတာ့ဘူး။ တနလၤာေန႕ေတာ့ ေသခ်ာတယ္ ေျပာတယ္” ဟု STUM မွစည္း႐ုံးေရးမႉ ကိုဇင္ေဝေအာင္က ေျပာပါတယ္။



အဆိုပါ စက္႐ုံတြင္ အျခားစက္႐ုံႀကီးမ်ားမွ အထည္အလိပ္ အပ္ထည္မ်ားရွိသျဖင့္ အဆိုပါအထည္မ်ား အပ္ထားသည့္ သူေဌးသုံးဦးမွ ေပါင္း၍ လစာေပးေခ်မည္ဟု သိရၿပီး လုပ္ငန္းရွင္ တစ္ဦးမွလည္း စက္႐ုံလႊဲေျပာင္းရယူကာ လုပ္ငန္းပုံမွန္ လည္ပါတ္ သြားရန္လည္းစိစဥ္ေနေၾကာင္း ၎က ေျပာပါတယ္။

“ လုပ္ငန္းရွင္ကေတာ့ ထြက္ေျပးသြားတယ္။ အခု သူေဌးခ်ိန္းၿပီး တနလၤာေန႕ လစာရမယ္ အလုပ္လဲ ျပန္လုပ္ရမယ္ေျပာတယ္။ ကြၽန္ေတာ္တို႔ အလုပ္သမားေတြက တိုင္းအစိုးရနဲ႕ ညွိႏွိုင္းထားတယ္ ဒါေပမဲ့ အထည္ခ်ဳပ္ ပိုင္ရွင္ေတြ အဖြဲ႕အစည္းရွိတယ္ေလ။ အဲ့ဒီကေန သူေဌးတစ္ဦးက တာဝန္ယူၿပီးေတာ့ လစာေတြ ရွင္းေပးၿပီး အလုပ္ ၿပန္လည္ပတ္ေစမယ္လို႔ ေျပာတယ္။

အဲဒါေၾကာင့္ တနလၤာေန႕ထိ ေစာင့္ၾကည့္ေနရတာ ကြၽန္ေတာ္တို႔ က ဘာမွလုပ္လို႔ မရေတာ့ဘူး။ စက္႐ုံကို အေႂကြးေတြ ဘာေတြလာေတာင္းတာေတာ့ အကိုတို႔ မသိဘူး။ အကိုတို႔က ဝန္ထမ္းဆိုေတာ့ အလုပ္ရွိရင္ လုပ္မယ္ ပိတ္ရင္ ေလ်ာ္ေၾကးေတာင္းမယ္။ မရရင္တိုင္းကို တက္တိုင္မယ္ ဒါဘဲရွိတယ္” ဟု ABLE GLAD MYANMAR စက္႐ုံမွ ေအာ္ပေရတာ လုပ္ကိုင္ေနသူ ကိုစိုင္းနိုင္လင္းေအာင္က ဆိုပါတယ္။

အဆိုပါ စက္႐ုံသည္ အလုပ္သမား ၆၆၉ ေယာက္ရွိၿပီး အျခားစက္ ႐ုံႀကီးမ်ားမွ အထည္အပ္ထည္မ်ားအား တစ္ဆင့္ျပန္ယူ၍ ခ်ဳပ္သည့္ စက္႐ုံ တစ္႐ုံျဖစ္ေၾကာင္း သိရပါတယ္။

ေလးစားစြာျဖင့္ ခရစ္ဒက္ ….chartake

Post a Comment

Previous Post Next Post