(Unicode)

သရုပ်ဆောင် ဟဲဗီးဖြိုးကတော့ ကလေးသရုပ်ဆောင်ဘဝမှာ တကယ်ကို လူသိများကျော်ကြားခဲ့တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ပေမယ့်ယခုအခါမှာတော့ အနုပညာအလုပ်တွေမှာ မြင်တွေ့ရမှုနည်းပါးလာတဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ ယခုရက်ပိုင်းတွေမှာတော့ အနုပညာအလုပ်နည်းပါးနေတဲ့သရုပ်ဆောင်များကို ပြန်လည်ဖော်ထုတ်ပေးနေတဲ့ ဖြူဖြူထွေးနဲ့ အတူ ကြော်ငြာများ ပြန်လည်သရုပ်ဆောင်လာခဲ့တာပါ။

ဟဲဗီးဖြိုးကတော့ ဒီလို အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်ရတဲ့ အပေါ် ဝမ်းသာကြောင်းပြောကြားခဲ့ပြီး သူ့အနေနဲ့ အနုပညာအလုပ်တွေမှာ ပါဝင်သရုပ်ဆောင်ရမှုနည်းပါးနေချိန်မှာကိုယ်ပိုင်အလုပ်လေးတွေလုပ်ကိုင်ပြီး မိဘ ၂ ပါးကို တတ်နိုင်သလောက်ပေးဆပ်ဖြစ်တယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။



“ပဲခူး မှာ ကိုယ်ပိုင် စီးပွားရေး အနေနဲ့ ဆိုင်ကယ် အရောင်းအဝယ် လုပ်ဖြစ်သလို၊ ကုန်စုံဆိုင်လည်း ဖွင့်ထားပါတယ်။ ရိုက်ကူးရေး ရှိရင်တော့ ရန်ကုန် တက်လာပြီး အလုပ်လုပ်ဖြစ်တယ်။ စီးပွားရေး လုပ်ဖြစ်တော့ မိဘ နှစ်ပါး ကို တတ်နိုင်သလောက် ပေးဆပ်ဖြစ်တယ်။ လိမ္မာတဲ့ သားတစ်ယောက် လို့ ခံယူထားတယ်” လို့ ဟဲဗီးဖြိုးကဆိုလာခဲ့တာပါ။


သူ့အနေနဲ့ ပဲခူးနဲ့ ရန်ကုန် ကို သွားလိုက်ပြန် လိုက် လုပ်ကာ ကိုယ်ပိုင်အလုပ်နဲ့ အနုပညာအလုပ် ၂ခုစလုံးကို မျှတအောင်လုပ်ကိုင်နေတဲ့ အကြောင်းလည်း ပြောပြလာခဲ့ပါတယ်။”ကျွန်တော်က ကလေးသရုပ်ဆောင်ကနေ လူကြီးသရုပ်ဆောင်ဘဝကို ပြောင်းလဲလာတာဆိုတော့ လုပ်ငန်းရှင်တွေက ချက်ချင်း ချိတ်မမိတော့ပဲ ပျောက်သွားသလိုဖြစ်သွားတာပါ။အခုတော့ အနုပညာလှုပ်ရှားမှုတွေပြန်လုပ်နေပါပြီ” လို့ ဟဲဗီးဖြိုးကဆိုပါတယ်။


ဟဲဗီးဖြိုးကတော့ အနုပညာအလုပ်တွေဆက်လက်လုပ်ကိုင်သွားမယ့်အကြောင်းလည်းပရိသတ်ကို အသိပေးလာခဲ့တာဖြစ်ပြီးသူ့အနေနဲ့ အလုပ်တွေပြန်လည်စတင်ချိန်မှာ သူ့ရဲ့သရုပ်ဆောင်ပုံစံကို အချိန်ယူပြင်ဆင်ခဲ့ရသေးတယ်လို့ လည်းဆိုလာခဲ့တာပါ။



ဒါကတော့ မိဘ၂ ပါးကို တတ်နိုင်သလောက် ကိုယ်ပိုင်အလုပ်လေးတွေလုပ်ကိုင်ရင်းပေးဆပ်နေတဲ့ ဟဲဗီးဖြိုးရဲ့ လက်ရှိဘဝအခြေအနေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ဟဲဗီးဖြိုးကိုချစ်ရင်အားပေးစကားလေးပြောခဲ့ကြပါအုန်းနော်။


(Zawgyi)

သ႐ုပ္ေဆာင္ ဟဲဗီးၿဖိဳးကေတာ့ ကေလးသ႐ုပ္ေဆာင္ဘဝမွာ တကယ္ကို လူသိမ်ားေက်ာ္ၾကားခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ခဲ့ေပမယ့္ယခုအခါမွာေတာ့ အႏုပညာအလုပ္ေတြမွာ ျမင္ေတြ႕ရမႈနည္းပါးလာတဲ့ သ႐ုပ္ေဆာင္ တစ္ဦးျဖစ္ပါတယ္။ ယခုရက္ပိုင္းေတြမွာေတာ့ အႏုပညာအလုပ္နည္းပါးေနတဲ့သ႐ုပ္ေဆာင္မ်ားကို ျပန္လည္ေဖာ္ထုတ္ေပးေနတဲ့ ျဖဴျဖဴေထြးနဲ႔ အတူ ေၾကာ္ျငာမ်ား ျပန္လည္သ႐ုပ္ေဆာင္လာခဲ့တာပါ။

ဟဲဗီးၿဖိဳးကေတာ့ ဒီလို အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ကိုင္ရတဲ့ အေပၚ ဝမ္းသာေၾကာင္းေျပာၾကားခဲ့ၿပီး သူ႔အေနနဲ႔ အႏုပညာအလုပ္ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရမႈနည္းပါးေနခ်ိန္မွာကိုယ္ပိုင္အလုပ္ေလးေတြလုပ္ကိုင္ၿပီး မိဘ ၂ ပါးကို တတ္ႏိုင္သေလာက္ေပးဆပ္ျဖစ္တယ္လို႔ ဆိုလာခဲ့တာျဖစ္ပါတယ္။


“ပဲခူး မွာ ကိုယ္ပိုင္ စီးပြားေရး အေနနဲ႔ ဆိုင္ကယ္ အေရာင္းအဝယ္ လုပ္ျဖစ္သလို၊ ကုန္စုံဆိုင္လည္း ဖြင့္ထားပါတယ္။ ႐ိုက္ကူးေရး ရွိရင္ေတာ့ ရန္ကုန္ တက္လာၿပီး အလုပ္လုပ္ျဖစ္တယ္။ စီးပြားေရး လုပ္ျဖစ္ေတာ့ မိဘ ႏွစ္ပါး ကို တတ္ႏိုင္သေလာက္ ေပးဆပ္ျဖစ္တယ္။ လိမၼာတဲ့ သားတစ္ေယာက္ လို႔ ခံယူထားတယ္” လို႔ ဟဲဗီးၿဖိဳးကဆိုလာခဲ့တာပါ။


သူ႔အေနနဲ႔ ပဲခူးနဲ႔ ရန္ကုန္ ကို သြားလိုက္ျပန္ လိုက္ လုပ္ကာ ကိုယ္ပိုင္အလုပ္နဲ႔ အႏုပညာအလုပ္ ၂ခုစလုံးကို မွ်တေအာင္လုပ္ကိုင္ေနတဲ့ အေၾကာင္းလည္း ေျပာျပလာခဲ့ပါတယ္။”ကြၽန္ေတာ္က ကေလးသ႐ုပ္ေဆာင္ကေန လူႀကီးသ႐ုပ္ေဆာင္ဘဝကို ေျပာင္းလဲလာတာဆိုေတာ့ လုပ္ငန္းရွင္ေတြက ခ်က္ခ်င္း ခ်ိတ္မမိေတာ့ပဲ ေပ်ာက္သြားသလိုျဖစ္သြားတာပါ။အခုေတာ့ အႏုပညာလႈပ္ရွားမႈေတြျပန္လုပ္ေနပါၿပီ” လို႔ ဟဲဗီးၿဖိဳးကဆိုပါတယ္။



ဟဲဗီးၿဖိဳးကေတာ့ အႏုပညာအလုပ္ေတြဆက္လက္လုပ္ကိုင္သြားမယ့္အေၾကာင္းလည္းပရိသတ္ကို အသိေပးလာခဲ့တာျဖစ္ၿပီးသူ႔အေနနဲ႔ အလုပ္ေတြျပန္လည္စတင္ခ်ိန္မွာ သူ႔ရဲ႕သ႐ုပ္ေဆာင္ပုံစံကို အခ်ိန္ယူျပင္ဆင္ခဲ့ရေသးတယ္လို႔ လည္းဆိုလာခဲ့တာပါ။


ဒါကေတာ့ မိဘ၂ ပါးကို တတ္ႏိုင္သေလာက္ ကိုယ္ပိုင္အလုပ္ေလးေတြလုပ္ကိုင္ရင္းေပးဆပ္ေနတဲ့ ဟဲဗီးၿဖိဳးရဲ႕ လက္ရွိဘဝအေျခအေနကို တင္ဆက္ေပးခဲ့တာပဲျဖစ္ပါတယ္။ပရိသတ္ႀကီးလည္း ဟဲဗီးၿဖိဳးကိုခ်စ္ရင္အားေပးစကားေလးေျပာခဲ့ၾကပါအုန္းေနာ္။


Credit Shwe Yaung Myanmar

Post a Comment

Previous Post Next Post