(Unicode)

မိခင်မရှိခိုက်သူငယ်ချင်းအိမ်ပို့ထားသူ(၁၄)နှစ်သမီးကိုခေါ်ယူကာသားမယားပြုကျင့်တဲ့ပထွေး အမှုဖြစ်စဉ်မှာ၅.၇.၂၀၂၀ရက်နံနက်ပိုင်းအချိန်ကဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊မြန်အောင်မြို့နယ်၊ရွှေကျင်နယ်မြေရဲစခန်းတွင်ရဲအုပ်မျိုးသူစခန်းမှုးတာဝန်ထမ်းဆောင်နေစဉ်မချို(၃၂)နှစ်၊ဈေးရောင်း၊…..ရွာ၊…..အုပ်စု၊မြန်အောင်မြို့နယ်နေသူရောက်ရှိလာကာ၎င်းသည်၃.၇.၂၀၂၀ရက်နံနက်၇နာရီအချိန်နေအိမ်တွင်လက်ရှိခင်ပွန်းဖြစ်သူခိုင်ဇင်ထွန်းရှိသဖြင့်ယခင်အိမ်ထောင်ဖြင့်ရခဲ့သည့်သမီးဖြစ်သူ

မ…..(၁၄)နှစ်အားတစ်ရွာထဲနေသူငယ်ချင်းဖြစ်သူမ……၏နေအိမ်တွင်သွားရောက်နေထိုင်စားသောက်ညအိပ်ရန်မှာကြားစေလွှတ်ကာ ဒေါင်းကျအုပ်စု၊အသလွန်ကျေးရွာသို့ပိုက်ဆံချေးရန်သွားရောက်ခဲ့ပြီး၄.၇.၂၀၂၀ရက်ညနေ၃နာရီအချိန်နေအိမ်သို့ပြန်လည်ရောက်ရှိစဉ်တရားလိုအားသူငယ်ချင်းမ……. မှခေါ်ယူ ၍၎င်းမရှိခိုက်သမီးဖြစ်သူ မ…….အားတရားလို၏ယောက်ခမဖြစ်သူဒေါ်…..း(ခ)ဒေါ်…..မှလာခေါ်သွားကြောင်း

တရားလို၏လက်ရှိခင်ပွန်းဖြစ်သူခိုင်ဇင်ထွန်းကနေအိမ်တွင်၎င်း၏မိခင်ဖြစ်သူဗီဒီယိုသွားရောက်ကြည့်ရှုနေစဉ်မယားပါသမီးဖြစ်သူမ……အားသားမယားအဖြစ်ည(၁၁)နာရီတွင်(၁)ကြိမ်၊မိခင်ဖြစ်သူ၎င်း၏နေအိမ်သို့ ထမင်းချက်ရန် ပြန်သွားသည့် အချိန် နံနက်(၅ )နာရီခန့်တွင်(၁)ကြိမ်စုစုပေါင်း(၂)ကြိမ်ပြုကျင့်ခဲ့ကြောင်းပြောပြသိရှိရသဖြင့်

မ……ကိုမေးမြန်းခဲ့ရာတွင်လည်းဟုတ်မှန်ကြောင်းဝန်ခံပြီးသမီးမ……၏မိန်းမကိုယ်အားစစ်ဆေးရာမိန်းမကိုယ်တွင်အဖြူနှစ်များခြောက်နေပြီးမိန်းမကိုယ်ယောင်နေသည်သည့်အပြင်လည်ပင်းတွင်လက်သည်းကုတ်ခြစ်ရာများပါတွေ့ရှိရသောကြောင့်တရားလိုဒေါ်….မရှိခိုက်သမီးဖြစ်သူမ…….. ကို သူငယ်ချင်းဖြစ်သူနေအိမ် တွင်ထားရှိရာမှာခေါ်ယူ၍သားမယားအဖြစ်(၂)ကြိမ်ပြုကျင့်ခဲ့သူခိုင်ဇင်ထွန်း၊(၃၁)နှစ်၊ကျဘမ်းလုပ်၊…..ရွာ၊မြန်အောင်မြို့နယ်နေသူကိုဥပဒေအရအရေးယူပေးပါရန်

တရားလိုပြုလုပ်ကာလာရောက်တိုင်တန်းခဲ့ရာ ရွှေကျင်နယ်မြေရဲစခန်း(ပ)၁၈၀/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၇၆အရအမှုရေးဖွင့်ကာအမှုစစ်ရဲအုပ်မင်းသူကအမှုမှတရားလိုမ….နှင့်နစ်နာသူမ…..း(၁၄)နှစ်အားစစ်မေးခြင်း၊သက်သေများစစ်ဆေးခြင်း၊အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊မြေပုံကြမ်းရေးဆွဲခြင်း၊မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ကျူးလွန်သူအားဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ ဇော်မျိုးအောင်(အင်ပင်)S .H ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ် #ဝေယံ သဃ်န်းကျွန်း

(Zawgyi)


မ…..(၁၄)နှစ်အားတစ်ရွာထဲနေသူငယ်ချင်းဖြစ်သူမ……၏နေအိမ်တွင်သွားရောက်နေထိုင်စားသောက်ညအိပ်ရန်မှာကြားစေလွှတ်ကာ ဒေါင်းကျအုပ်စု၊အသလွန်ကျေးရွာသို့ပိုက်ဆံချေးရန်သွားရောက်ခဲ့ပြီး၎.၇.၂၀၂၀ရက်ညနေ၃နာရီအချိန်နေအိမ်သို့ပြန်လည်ရောက်ရှိစဉ်တရားလိုအားသူငယ်ချင်းမ……. မှခေါ်ယူ ၍၎င်းမရှိခိုက်သမီးဖြစ်သူ မ…….အားတရားလို၏ယောက်ခမဖြစ်သူဒေါ်…..း(ခ)ဒေါ်…..မှလာခေါ်သွားကြောင်း




Unicode

Post a Comment

Previous Post Next Post