(Unicode)

တရုတ်နဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးတွေအပြန်အလှန်ပိတ်တယ် အတော်အခြေအနေဆိုးဆိုးပဲ အမေရိကန်က တရုတ်ရဲ့အရှေ့နဲ့အနောက်မှာ လေယာဉ်တင်သဘောင်္အုပ်စုတွေတပ်ဖြန့်ချထားတယ် ဒီအခြေအနေမှာ စစ်ဖြစ်ခဲ့ရင် “တရုတ်မှာလဲနူကလီးယားလက်နက်ရှိတာပဲ” ဆိုတဲ့သူတွေကို အံ့သြမိတယ်။


တရုတ်က နူကလီးယားဗုံးရှိတာဟုတ်တယ် အဲ့ဒါဘာလုပ်ရမှာလဲ နူကလီးယားဗုံးက “ရောက်စေ” ဆိုပြီးလွှတ်မရဘူး အဲ့ဒီနူဗုံးကို အမေရိကန်ရောက်ဖို့ ဘာနဲ့ပစ်မှာလဲ ဒုံးပျံရဲ့ထိပ်ဖူးမှာ တပ်ပစ်လို့ရတယ် ဒါပေမဲ့ အမေရိကန်အထိရောက်တဲ့ ဒုံးပျံ တရုတ်မှာမရှိသေးဘူး( ရှိခဲ့ရင်တောင် အမေရိကန်က ဒုံးခွင်းဒုံးတွေ ချထားလို့ကြားဖြတ်ပစ်ချမှာ) လေယာဉ်နဲ့တင်သွားပြီးပစ်ရအောင်လဲ အဲ့ဒီလေယာဉ် အမေရိကန်အနားကပ်လို့ရမယ် ထင်သလား တရုတ်မှာရှိတဲ့ ဘယ်လေယာဉ်ထက်မဆို အမေရိကန်တိုက်လေယာဉ်တွေကသာတယ် တရုတ်ပြည်ကနေ အမေရိကန်အထိ ကမ္ဘာတစ်ခြမ်း ခေါက်ပြန်သွားနိုင်တဲ့လေယာဉ် တရုတ်မှာမရှိသေးဘူး။



လေယာဉ်တင်သင်္ဘောနဲ့သွားမှာပေါ့ဆိုရအောင်လဲ တရုတ်မှာရှိတဲ့ ရုရှားအကျ ဂေါ်ကြီးပေါ်ကနေ အတက်အဆင်းကလေ့ကျင့်နေတုန်းပဲရှိသေးတယ် တရုတ်တိုက်လေယာဉ်မှူးတွေလဲ အဲ့ဒီအရည်ကျိုဂေါ်ကြီးပေါ် အတက်အဆင်းလေ့ကျင့်ရင်း ပြုတ်ကျပြီးခဏခဏသေနေလို့ လေ့ကျင့်မှု့ပါရပ်ထားရတယ် အတက်အဆင်းလုပ်နိုင်ဦး အဲ့ဒီလေယာဉ်တင် သင်္ဘော အမေရိကန်ဆီချီတက်လာတာကို အမေရိကန်ကကြားဖြတ်မတိုက်ပဲ ထိုင်ကြည့်နေတယ်ထင်မလား ရေငုပ်သင်္ဘောနဲ့သွားရအောင်လဲ တရုတ်ရေငုပ်သင်္ဘောတွေက အရမ်းဆူညံတယ်

အမေရိကန်က နူစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ကမ္ဘာမှ ဘယ်လောက်ကင်းလှည့်နေမှန်း ဘယ်သူမှမသိဘူး အမေရိကန်မရောက်ခင် ရေအောက်သချိုင်းရောက်သွားမှာ ၊ တရုတ်မှာ မဟာမိတ်မရှိဘူး အမေရိကန်နိုင်ငံအနီးက ဘယ်နိုင်ငံမှာမှ တရုတ်စစ်စခန်းမရှိဘူး ကနေဒါနဲ့လဲမတည့်ဘူး အခြားနိုင်ငံတွေနဲ့လဲမတည့်ဘူး တရုတ်မှာ အမေရိကန်ကိုယှဉ်ဖို့ ဘာမှမရှိဘူး နျူရှိလဲ သူ့နိုင်ငံထဲသူပစ်မှပဲ တခြားဘယ်မှပစ်မရဘူး ရလှ ဂျပန်လိုအနီးဆုံးနိုင်ငံပဲရမယ် ပစ်ဦးတော့ မစဉ်းစားမဆင်ခြင်း နူထဖောက်လို့ကတော့ တရုတ်သမ္မတနဲ့အစိုးရ စစ်တပ်အကြီးအကဲတွေ ကြိုးစင်တက်ဖို့သာပြင်ထားတော့ပဲ

တရုတ်က အမေရိကန်ထိရောက်တာဘာမှမရှိပေမဲ့ အမေရိကန်ကတရုတ်ကိုရောက်တယ် အမေရိကန်က အခုတရုတ်ကို လေယာဉ်တင်သင်္ဘော ၂ စီးနဲ့ဝိုင်းထားတာ လေယာဉ်တင်သင်္ဘောတစ်စီးမှာ F35 လိုတကယ့်ဖိုက်တာတိုက်လေယာဉ် အစီး ၈၀ ကျော်ပါတယ်

ဒါကတိုက်လေယာဉ်ချည့်ပြောတာ အခြားရေဒါလေယာဉ် ဗုံးကျဲလေယာဉ်တွေ ဘလက်ဟော့လိုစစ်ဆင်ရေးဟယ်လီကော်ပတာတွေပါသေးတယ် လေယာဉ်တင်သင်္ဘောတစ်စီးဆိုတာနဲ့ သူ့အပေါ်ကတိုက်လေယာဉ်တွေအပြင် ဖျက်သင်္ဘော ဒုံးတင်တိုက်သင်္ဘော ဖရီးဂိတ် နဲ့ ရေငုပ်သင်္ဘောတွေပါ အစောင့်အရှောက်အဖြစ်ရော တွဲဖက်စစ်ဆင်ရေးအတွက်ကော ယူနစ်တစ်ခုအဖြစ်အတူလိုက်တာ

အမေရိကန်ရဲ့လေယာဉ်တင်သင်္ဘောဟာ မိမိကိုယ်မိမိကာကွယ်နိုင်အောင် ကုန်းပတ်အောက်မှာ တုန့်ပြန်ကာကွယ်ရေးလက်နက်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေတပ်ဆင်ထားသလို အထက်ကပြောခဲ့သလို အစောင့်အရှောက်သင်္ဘောတွေ ပါလိုက်တာမို့ လေယာဉ်တင်သင်္ဘော တစ်စီးချီလာပြီဆို နိုင်ငံတစ်ခုကိုအသာလေးသိမ်းလို့ရတယ်။



အမေရိကန်ရဲ့လေယာဉ်တင်သဘောင်္ပေါ်မှာ စစ်သားက ၅၀၀၀ လောက်ပါတယ် တပ်ရင်း ဘယ်နှရင်းစာရှိမလဲတွက်ကြည့်လိုက် ပြီးတော့ အမေရိကန်လေယာဉ်တင်သင်္ဘောနဲ့ ဖရီးဂိတ်တွေ ရေငုပ်သင်္ဘောတွေက ဆီပြတ်တယ်ဆိုတာမရှိဘူး နူစွမ်းအင်သုံးသင်္ဘောတွေ ပြီးတော့ အမေရိကန်က တရုတ်ပတ်ခြာလည်က မဟာမိတ်နိုင်ငံတွေမှာ တပ်နား တပ်ချလို့ရတယ်

ဂျပန် အိန္ဒိယ ထိုင်း ဖိလစ်ပိုင် ထိုင်ဝမ် တောင်ကိုရီးယား စင်ကာပူ စသဖြင့် အမေရိကန်က တပ်ထိုင်ပြီးကို ထောက်ပို့စနစ်ကောင်းကောင်းနဲ့စစ်ခင်းလို့ရတယ် တရုတ်ဟာ အမေရိကန်ကိုဘယ်လိုမှယှဉ်မရဘူးဆိုတာကလေးကအစသိပေမဲ့ တရုတ်ကွန်မြူနစ်အစိုးရက အံ့သြစရာကောင်းလောက်အောင် ရန်ဆောင်စကားတွေပြောတာတော့ သူပျက်စီးချိန်တန်လို့ဖြစ်မှာပါ ပျက်စီးချိန်တန်လာရင် အမှားတွေချည့်လုပ်မိတယ်ဆိုလားဗျာ


(Zawgyi)














Post a Comment

Previous Post Next Post