(Unicode)


ကျွန်းစုမြို့နယ်၌ မူးယစ်ဆေးဝါးမသုံးစွဲ၊ မရောင်းချရန်ပြောဆိုသည့် ရာအိမ်မှူးကို ကပ်ပါး(ခ) ရဲဒင်းဖြင့် ခုတ်သတ်ခဲ့သည်ဆိုသူကို တရားစွဲဆိုတင်ပို့ရန် ရမန်ယူထားကြောင်း ဇူလိုင် ၂၉ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။ ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် မြိတ်ခရိုင်ကျွန်းစုမြို့နယ် ၊ မဲချောင်း ကျေးရွာအုပ်စု၊ ၊ဂျုံးဂျုံးကျရွာနေ တိုင်တန်းသူအမျိုးသမီး နေအိမ်တွင်ရှိနေစဉ် ရာအိမ်မှူးလုပ်ကိုင်သည့် ခင်ပွန်း ဦးဝင်းရွှေ (၆၀ နှစ်)ကို တစ်ရွာထဲနေ အောင်ဇော်မြင့်(ခ)ဦးတွဒ်(၄၂)နှစ်က ရဲဒင်းနှင့် ခုတ်သဖြင့် ရွာလယ် လမ်းမပေါ်၌ လဲကျနေကြောင်း ရွာသားတစ်ဦးက လာပြောသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။


ခင်ပွန်းဖြစ်သူတွင် ဦးခေါင်းနောက်စေ့ ပြတ်ရှ၊ယာဘက်လက်ပြင် ပြတ်ရှဒဏ်ရာများရရှိကာ လဲကျနေသည်တွေ့ရပြီး အရန်မီးသတ်မော်တော်ယာဉ် အကူညီဖြင့် တစ်ဇောင်းလှ၊အုတ်ဖိုတော်ကျေးရွာ ကျေးလက် ကျန်းမာရေးဆေးပေးခန်းသို့ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် ကံမော်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ကာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ ကံမော်ရဲစခန်း(ပ)၂၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ အောင်ဇော်မြင့်ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။



အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့်အရိုး(၂)ပေ၊ အသွား(၃လက်မခွဲ) ရှိ ရဲဒင်းကိုသိမ်းဆည်းခဲ့ပြီး စစ်ဆေးနေစဉ် ဒဏ်ရာရရှိသူ ဦးဝင်းရွှေမှာ ယင်းနေ့ ည ၁၀နာရီခွဲအချိန်၌ သေဆုံးသွားခဲ့သောကြောင့် မူလရေးဖွင့်ထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆မှ ၃၀၂သို့ ပြောင်းလဲအရေးယူခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူဦးဝင်းရွှေမှာ ရာအိမ်မှူးဖြစ်ပြီး ၎င်းနှင့်တွေ့တိုင်း မူးယစ်ဆေးဝါးမရောင်းဖို့၊ မသုံးစွဲဖို့ ခဏခဏပြောဆိုသည်ကို မကျေမနပ်ဖြစ်ကာရွာလယ်လမ်း၌ တွေ့ဆုံစဉ် ရဲဒင်း(ကပ်ပါး)နှင့် ခုတ်ခဲ့ကြောင်း အောင်ဇော်မြင့်က ဝန်ခံထွက်ဆိုခဲ့သည်။

မြန်မာတိုင်းမ်

(Zawgyi)


ကြၽန္းစုၿမိဳ႕နယ္၌ မူးယစ္ေဆးဝါးမသုံးစြဲ၊ မေရာင္းခ်ရန္ေျပာဆိုသည့္ ရာအိမ္မႉးကို ကပ္ပါး(ခ) ရဲဒင္းျဖင့္ ခုတ္သတ္ခဲ့သည္ဆိုသူကို တရားစြဲဆိုတင္ပို႔ရန္ ရမန္ယူထားေၾကာင္း ဇူလိုင္ ၂၉ ရက္ေန႔တြင္ ရဲတပ္ဖြဲ႕မွသိရသည္။ ဇူလိုင္ ၂၅ ရက္ေန႔ မြန္းလြဲ ၁ နာရီခြဲ အခ်ိန္တြင္ ၿမိတ္ခ႐ိုင္ကြၽန္းစုၿမိဳ႕နယ္ ၊ မဲေခ်ာင္း ေက်း႐ြာအုပ္စု၊ ၊ဂ်ဳံးဂ်ဳံးက်႐ြာေန တိုင္တန္းသူအမ်ိဳးသမီး ေနအိမ္တြင္ရွိေနစဥ္ ရာအိမ္မႉးလုပ္ကိုင္သည့္ ခင္ပြန္း ဦးဝင္းေ႐ႊ (၆၀ ႏွစ္)ကို တစ္႐ြာထဲေန ေအာင္ေဇာ္ျမင့္(ခ)ဦးတြဒ္(၄၂)ႏွစ္က ရဲဒင္းႏွင့္ ခုတ္သျဖင့္ ႐ြာလယ္ လမ္းမေပၚ၌ လဲက်ေနေၾကာင္း ႐ြာသားတစ္ဦးက လာေျပာသျဖင့္ သြားေရာက္ၾကည့္ရႈခဲ့သည္။


ခင္ပြန္းျဖစ္သူတြင္ ဦးေခါင္းေနာက္ေစ့ ျပတ္ရွ၊ယာဘက္လက္ျပင္ ျပတ္ရွဒဏ္ရာမ်ားရရွိကာ လဲက်ေနသည္ေတြ႕ရၿပီး အရန္မီးသတ္ေမာ္ေတာ္ယာဥ္ အကူညီျဖင့္ တစ္ေဇာင္းလွ၊အုတ္ဖိုေတာ္ေက်း႐ြာ ေက်းလက္ က်န္းမာေရးေဆးေပးခန္းသို႔ပို႔ေဆာင္ခဲ့ၿပီး ထိုမွတစ္ဆင့္ ကံေမာ္တိုက္နယ္ေဆး႐ုံသို႔ပို႔ေဆာင္ကာ သက္ဆိုင္ရာသို႔ တိုင္ၾကားခဲ့သည္။ ကံေမာ္ရဲစခန္း(ပ)၂၇/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၆အရ အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူ ေအာင္ေဇာ္ျမင့္ကို ဖမ္းဆီးစစ္ေဆးခဲ့သည္။



အခင္းျဖစ္စဥ္က အသုံးျပဳခဲ့သည့္အ႐ိုး(၂)ေပ၊ အသြား(၃လက္မခြဲ) ရွိ ရဲဒင္းကိုသိမ္းဆည္းခဲ့ၿပီး စစ္ေဆးေနစဥ္ ဒဏ္ရာရရွိသူ ဦးဝင္းေ႐ႊမွာ ယင္းေန႔ ည ၁၀နာရီခြဲအခ်ိန္၌ ေသဆုံးသြားခဲ့ေသာေၾကာင့္ မူလေရးဖြင့္ထားသည့္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၆မွ ၃၀၂သို႔ ေျပာင္းလဲအေရးယူခဲ့သည္။ စစ္ေဆးခ်က္အရ ေသဆုံးသူဦးဝင္းေ႐ႊမွာ ရာအိမ္မႉးျဖစ္ၿပီး ၎ႏွင့္ေတြ႕တိုင္း မူးယစ္ေဆးဝါးမေရာင္းဖို႔၊ မသုံးစြဲဖို႔ ခဏခဏေျပာဆိုသည္ကို မေက်မနပ္ျဖစ္ကာ႐ြာလယ္လမ္း၌ ေတြ႕ဆုံစဥ္ ရဲဒင္း(ကပ္ပါး)ႏွင့္ ခုတ္ခဲ့ေၾကာင္း ေအာင္ေဇာ္ျမင့္က ဝန္ခံထြက္ဆိုခဲ့သည္။

ျမန္မာတိုင္းမ္

Post a Comment

Previous Post Next Post