(Unicode)

လက်ရှိကာလတွင် ပြည်သူ များအကြား COVID-19 နှင့်ပတ် သက်၍ ကူးစက်မှုနည်းပါးလာ၍ သတိပေးသည့်အရာများ ကို ပေါ့ဆမှုများ ရှိလာသော ကြောင့် ယင်းကိစ္စတွင် အနုပညာ ရှင်များကို အသုံးပြုပါက ပိုမိုထိ ရောက်မှု ရှိနိုင်သောကြောင့် အနု ပညာရှင်များအနေဖြင့် ပါဝင် ကူညီရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံသည်။အနုပညာရှင်၊ ရုပ်ရှင်သ ရုပ်ဆောင်တွေ၊ အဆိုတော်တွေ က ကျွန်မက ဘယ်သူပါ။ ကျွန်မ အနေနဲ့ ပြည်သူတွေကို မေတ္တာ ထားပြီး စကားလေးပါးချင်ပါ တယ်။

လက်မှန်မှန်ဆေးဖို့တို့၊ Mask တပ်ဖို့တို့၊ လူစုလူဝေး မသွားကြဖို့ အဲဒါလေးတွေလုပ် ပေးရင် ပိုပြီးထိရောက်မှုရှိမလား လို့။ တစ်ခါတလေ ပြောတဲ့သူ တွေ ပြောင်းလိုက်ရင် လူတွေရဲ့ စိတ်ဝင်စားမှုက အမြဲရှိတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ အထက်တန်း ကျောင်းများ ဖွင့်ထားသည်ကို တစ်လ စောင့်ကြည့်၍ အဆင်ပြေပါက ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် မည့် အချိန်ကို ဆုံးဖြတ်မည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။



အထက်တန်းကျောင်းတွေဖွင့်တာတော်တော်အဆင်ပြေရင်ကျွန်မတို့က လူများများနဲ့ လုပ်ရမယ့်လုပ်ငန်းတွေကို တိတိကျကျနဲ့ စည်းကမ်း ရှိရှိ လုပ်နိုင်တဲ့ အဆင့်ရောက်ပြီလို့ သတ်မှတ်လို့ရပါတယ်။ အဲဒီအချိန်မှာမှ ဆရာဦးမြင့်ထွေးတို့က ရုပ်ရှင်ရုံ တွေ ဘယ်တော့ပြန်ဖွင့်မလဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်’’ ဟု ဇူလိုင် ၂၈ ရက်ကပြုလုပ်ခဲ့သည့် ရုပ်ရှင် လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး ဆွေးနွေးသည့် အွန်လိုင်း ဆွေးနွေးပွဲတွင် ၎င်းကပြောကြားခဲ့သည်။

ဇူလိုင် ၂၈ရက်က ပြုလုပ်သည့် ရုပ်ရှင်လုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးသည့်အစီအစဉ်တွင် ဒေါ်အောင် ဆန်းစုကြည်နှင့်အတူ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရုပ်ရှင်အ စည်းအရုံးဥက္ကဋ္ဌ ဦးညီ ညီထွန်း လွင်နှင့် မင်္ဂလာရုပ်ရှင်ရုံများအုပ်စု ဥက္ကဋ္ဌဦးဇော်မင်းတို့ ပါဝင်ဆွေး နွေးခဲ့သည်။ရုပ်ရှင်ရုံများပြန်လည်ဖွင့် လှစ်နိုင်ရေးနှင့် ပတ်သက် ၍ ပြည် ထောင်စုဝန်ကြီးဒေါက်တာမြင့် ထွေးကလည်း ‘‘ကျွန်တော့်အနေနဲ့ နည်းနည်းစောင့်ကြည့်ချင်ပါ တယ်။

စောင့်ကြည့်တယ်ဆိုတာ ကျောင်းတွေလည်းဖွင့်လိုက်ပြီ။ ရုပ်ရှင်ရိုက်တာလည်း စမယ်ဆို တော့ သုံးပတ်လောက်စောင့် ကြည့်ချင်ပြီးသုံး ပတ်မှာ လူနာ တွေဖြစ်မလာဘူးဆိုရင် စနိုင်တဲ့ သဘောရှိပါတယ်။ သုံးပတ်အ တွင်းမှာ ရုပ်ရှင်ရုံတွေ လာကြည့် ပါမယ်’’ ဟု ပြောသည်။

REF: 7DAY DAILY


(Zawgyi)

လက္ရွိကာလတြင္ ျပည္သူ မ်ားအၾကား COVID-19 ႏွင့္ပတ္ သက္၍ ကူးစက္မႈနည္းပါးလာ၍ သတိေပးသည့္အရာမ်ား ကို ေပါ့ဆမႈမ်ား ရွိလာေသာ ေၾကာင့္ ယင္းကိစၥတြင္ အႏုပညာ ရွင္မ်ားကို အသုံးျပဳပါက ပိုမိုထိ ေရာက္မႈ ရွိႏိုင္ေသာေၾကာင့္ အႏု ပညာရွင္မ်ားအေနျဖင့္ ပါဝင္ ကူညီရန္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ က ေမတၱာရပ္ခံသည္။အႏုပညာရွင္၊ ႐ုပ္ရွင္သ ႐ုပ္ေဆာင္ေတြ၊ အဆိုေတာ္ေတြ က ကြၽန္မက ဘယ္သူပါ။ ကြၽန္မ အေနနဲ႔ ျပည္သူေတြကို ေမတၱာ ထားၿပီး စကားေလးပါးခ်င္ပါ တယ္။

လက္မွန္မွန္ေဆးဖို႔တို႔၊ Mask တပ္ဖို႔တို႔၊ လူစုလူေဝး မသြားၾကဖို႔ အဲဒါေလးေတြလုပ္ ေပးရင္ ပိုၿပီးထိေရာက္မႈရွိမလား လို႔။ တစ္ခါတေလ ေျပာတဲ့သူ ေတြ ေျပာင္းလိုက္ရင္ လူေတြရဲ႕ စိတ္ဝင္စားမႈက အၿမဲရွိတယ္’’ ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာ သည္။ အထက္တန္း ေက်ာင္းမ်ား ဖြင့္ထားသည္ကို တစ္လ ေစာင့္ၾကည့္၍ အဆင္ေျပပါက ႐ုပ္ရွင္႐ုံမ်ား ျပန္လည္ဖြင့္လွစ္ မည့္ အခ်ိန္ကို ဆုံးျဖတ္မည္ျဖစ္ ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။

အထက္တန္းေက်ာင္းေတြဖြင့္တာေတာ္ေတာ္အဆင္ေျပရင္ကြၽန္မတို႔က လူမ်ားမ်ားနဲ႔ လုပ္ရမယ့္လုပ္ငန္းေတြကို တိတိက်က်နဲ႔ စည္းကမ္း ရွိရွိ လုပ္ႏိုင္တဲ့ အဆင့္ေရာက္ၿပီလို႔ သတ္မွတ္လို႔ရပါတယ္။ အဲဒီအခ်ိန္မွာမွ ဆရာဦးျမင့္ေထြးတို႔က ႐ုပ္ရွင္႐ုံ ေတြ ဘယ္ေတာ့ျပန္ဖြင့္မလဲ ဆုံးျဖတ္မွာ ျဖစ္ပါတယ္’’ ဟု ဇူလိုင္ ၂၈ ရက္ကျပဳလုပ္ခဲ့သည့္ ႐ုပ္ရွင္ လုပ္ငန္းမ်ား ျပန္လည္လည္ပတ္ႏိုင္ေရး ေဆြးေႏြးသည့္ အြန္လိုင္း ေဆြးေႏြးပြဲတြင္ ၎ကေျပာၾကားခဲ့သည္။

ဇူလိုင္ ၂၈ရက္က ျပဳလုပ္သည့္ ႐ုပ္ရွင္လုပ္ငန္းမ်ားျပန္လည္ လည္ပတ္ႏိုင္ေရးႏွင့္ ပတ္သက္၍ ေဆြးေႏြးသည့္အစီအစဥ္တြင္ ေဒၚေအာင္ ဆန္းစုၾကည္ႏွင့္အတူ က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး၊ ႐ုပ္ရွင္အ စည္းအ႐ုံးဥကၠ႒ ဦးညီ ညီထြန္း လြင္ႏွင့္ မဂၤလာ႐ုပ္ရွင္႐ုံမ်ားအုပ္စု ဥကၠ႒ဦးေဇာ္မင္းတို႔ ပါဝင္ေဆြး ေႏြးခဲ့သည္။႐ုပ္ရွင္႐ုံမ်ားျပန္လည္ဖြင့္ လွစ္ႏိုင္ေရးႏွင့္ ပတ္သက္ ၍ ျပည္ ေထာင္စုဝန္ႀကီးေဒါက္တာျမင့္ ေထြးကလည္း ‘‘ကြၽန္ေတာ့္အေနနဲ႔ နည္းနည္းေစာင့္ၾကည့္ခ်င္ပါ တယ္။

ေစာင့္ၾကည့္တယ္ဆိုတာ ေက်ာင္းေတြလည္းဖြင့္လိုက္ၿပီ။ ႐ုပ္ရွင္႐ိုက္တာလည္း စမယ္ဆို ေတာ့ သုံးပတ္ေလာက္ေစာင့္ ၾကည့္ခ်င္ၿပီးသုံး ပတ္မွာ လူနာ ေတြျဖစ္မလာဘူးဆိုရင္ စႏိုင္တဲ့ သေဘာရွိပါတယ္။ သုံးပတ္အ တြင္းမွာ ႐ုပ္ရွင္႐ုံေတြ လာၾကည့္ ပါမယ္’’ ဟု ေျပာသည္။

REF: 7DAY DAILY

Post a Comment

Previous Post Next Post