(Unicode)

ဧရာ ဝတီတိုင်း၊ ပုသိမ်မြို့ ကမ်းနားလမ်းမှာ ဇူလိုင် ၁၀ ရက်ညက ယာဉ်တိုက်မှုတခုကို ဝင်ရောက်ကူညီပေးနေတဲ့ ပုသိမ်မြို့ခံတစ်ဦးကို လက်သီးနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီးတဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ ရေကြောင်းရဲတပ်ဖွဲ့(ပုသိမ်) က တာဝန်ရှိသူက DVB ကို ပြောပါတယ်။


ရေကြောင်းရဲတပ်ဖွဲ့(ပုသိမ်)မှ တာဝန်ရှိသူတဦးက “ထွက်ပြေးသွားတဲ့သူကို လိုက်လည်း ဖမ်းပေးပြီး ပြန်လာတော့ လူအုံနေတာမြင်ပြီး ပြောမိသွားတာပါ။ အပြောအဆိုက မတတ်တော့ အဲဒီလိုတွေဖြစ်သွားတာ။ ဒီမနက်ပဲ ပုသိမ်နယ်မြေရဲစခန်းမှာ အချုပ်ထဲ ထည့်ထားလိုက်ပါပြီ။ စုံခုံဖွဲ့စစ်ပြီး အရေးယူသွားမှာပါ” လို့ ပြောပါတယ်။

ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ကမ်းနားလမ်းမှာ ဇူလိုင် ၁၀ ရက်နေ့ ည ၁၁ နာရီခန့်က ယာဉ်တိုက်မှုတခု ဖြစ်ပွားခဲ့ရာမှာ လူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့အတွက် ပုသိမ်မြို့ခံတွေက ဝိုင်းဝန်းကူညီပေးနေခဲ့တာပါ။



ဒီလိုကူညီပေးနေစဉ် ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီးမျိုးအောင် ရောက်ရှိလာပြီး ဆဲဆိုရမ်းကားမှုတွေ လုပ်ခဲ့တဲ့အတွက် မဆဲဖို့ ပြောဆိုရာက အပြန်အလှန် အချင်းများပြီး လက်သီးနဲ့ထိုးခံခဲ့ရတာလို့ ကိုဝင်းထွန်းနိုင်က ပြောပါတယ်။

“ကျနော်ကတော့ အမှုဖွင့်မှာ။ ကျနော်တို့က ပရဟိတစိတ်နဲ့ ကူညီတာလေ။ ခုလိုလုပ်တော့ ဘယ်ကောင်းမလဲ။ ဒီလိုလုပ်တော့ ပြည်သူက ဘယ်အမြင်ကြည်တော့မလဲ”

ဖြစ်စဉ်ဖြစ်ပွားရာမှာ ပါဝင်သူ ရေကင်းရဲတပ်ကြပ်ကြီး မျိုးအောင်၊ ရဲတပ်ကြပ်တစ်ဦးနဲ့ ဒုတပ်ကြပ်တစ်ဦးကို ပုသိမ်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားရှိပြီး ရဲစည်းကမ်းနဲ့ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်နေတယ်လို့ ပုသိမ်မြို့ ရေကင်းရဲတပ်ဖွဲ့က သိရပါတယ်။

လေးစားမှုဖြင့် ခရစ်ဒက် DVB


(Zawgyi)

ဧရာ ဝတီတိုင္း၊ ပုသိမ္ၿမိဳ႕ ကမ္းနားလမ္းမွာ ဇူလိုင္ ၁၀ ရက္ညက ယာဥ္တိုက္မႈတခုကို ဝင္ေရာက္ကူညီေပးေနတဲ့ ပုသိမ္ၿမိဳ႕ခံတစ္ဦးကို လက္သီးနဲ႔ထိုးခဲ့တဲ့ ရဲတပ္ၾကပ္ႀကီးတဦးအပါအဝင္ ရဲတပ္ဖြဲ႕ဝင္ ၃ ဦးကို ဖမ္းဆီးအေရးယူထားတယ္လို႔ ေရေၾကာင္းရဲတပ္ဖြဲ႕(ပုသိမ္) က တာဝန္ရွိသူက DVB ကို ေျပာပါတယ္။


ေရေၾကာင္းရဲတပ္ဖြဲ႕(ပုသိမ္)မွ တာဝန္ရွိသူတဦးက “ထြက္ေျပးသြားတဲ့သူကို လိုက္လည္း ဖမ္းေပးၿပီး ျပန္လာေတာ့ လူအုံေနတာျမင္ၿပီး ေျပာမိသြားတာပါ။ အေျပာအဆိုက မတတ္ေတာ့ အဲဒီလိုေတြျဖစ္သြားတာ။ ဒီမနက္ပဲ ပုသိမ္နယ္ေျမရဲစခန္းမွာ အခ်ဳပ္ထဲ ထည့္ထားလိုက္ပါၿပီ။ စုံခုံဖြဲ႕စစ္ၿပီး အေရးယူသြားမွာပါ” လို႔ ေျပာပါတယ္။

ပုသိမ္ၿမိဳ႕၊ အမွတ္ ၆ ရပ္ကြက္၊ ကမ္းနားလမ္းမွာ ဇူလိုင္ ၁၀ ရက္ေန႔ ည ၁၁ နာရီခန႔္က ယာဥ္တိုက္မႈတခု ျဖစ္ပြားခဲ့ရာမွာ လူတစ္ဦး ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့တဲ့အတြက္ ပုသိမ္ၿမိဳ႕ခံေတြက ဝိုင္းဝန္းကူညီေပးေနခဲ့တာပါ။



ဒီလိုကူညီေပးေနစဥ္ ေရေၾကာင္းရဲတပ္ဖြဲ႕မွ တပ္ၾကပ္ႀကီးမ်ိဳးေအာင္ ေရာက္ရွိလာၿပီး ဆဲဆိုရမ္းကားမႈေတြ လုပ္ခဲ့တဲ့အတြက္ မဆဲဖို႔ ေျပာဆိုရာက အျပန္အလွန္ အခ်င္းမ်ားၿပီး လက္သီးနဲ႔ထိုးခံခဲ့ရတာလို႔ ကိုဝင္းထြန္းႏိုင္က ေျပာပါတယ္။

“က်ေနာ္ကေတာ့ အမႈဖြင့္မွာ။ က်ေနာ္တို႔က ပရဟိတစိတ္နဲ႔ ကူညီတာေလ။ ခုလိုလုပ္ေတာ့ ဘယ္ေကာင္းမလဲ။ ဒီလိုလုပ္ေတာ့ ျပည္သူက ဘယ္အျမင္ၾကည္ေတာ့မလဲ”

ျဖစ္စဥ္ျဖစ္ပြားရာမွာ ပါဝင္သူ ေရကင္းရဲတပ္ၾကပ္ႀကီး မ်ိဳးေအာင္၊ ရဲတပ္ၾကပ္တစ္ဦးနဲ႔ ဒုတပ္ၾကပ္တစ္ဦးကို ပုသိမ္နယ္ေျမရဲစခန္းမွာ ထိန္းသိမ္းထားရွိၿပီး ရဲစည္းကမ္းနဲ႔ အေရးယူႏိုင္ေရး စစ္ေဆးေဆာင္႐ြက္ေနတယ္လို႔ ပုသိမ္ၿမိဳ႕ ေရကင္းရဲတပ္ဖြဲ႕က သိရပါတယ္။

ေလးစားမွဳျဖင္႔ ခရစ္ဒက္ DVB



Post a Comment

Previous Post Next Post