(Unicode)

ဆိုရှယ်မီဒီယာကနေတဆင့် ပရိတ်သတ်အားပေးမှုကို ရရှိလာတဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာလည်း အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ လူကြီးမိဘတွေ အပေါ်မှာလည်း သိတတ်ကာ အလှူအတန်းများကိုလည်း အမြဲမပြတ် လုပ်ကိုင်နေတဲ့ အတွက်ကြောင့် ပရိတ်သတ်တွေက အချစ်ပိုနေရတာပါ။


ကိုဗစ်ကာလမှာတောင် ကြော်ညာများကို အိမ်တွင်းမှာပဲ ကိုယ်တိုင်ဇာတ်ညွှန်းရေး ကိုယ်တိုင်ရိုက်ကူးမှုတွေ ပြုလုပ်နေပါတယ်။ ဇာတ်ပို့ဇာတ်ရံများကိုလည်း လက်တွဲခေါ်ယူပြီး ဝါရင့်ဇာတ်ပို့သရုပ်ဆောင်များကိုလည်း အမြဲတမ်း ပိုက်ဆံနဲ့ ပစ္စည်းများ ကန်တော့တဲ့အတွက် အားလုံးရဲ့ ချီးကျူးအားပေးမှုကို ရရှိထားသူလေးပါ။


အောင်မြင်မှုတွေ ဆက်တိုက်ဆိုသလို ရရှိထားတဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာလည်း လန်ခရူဆာကားသစ်ကြီးကို အရစ်ကျနဲ့ မဟုတ်ပဲ တစ်လုံးတည်း ငွေချေကာ ဝယ်ယူခဲ့ပါတယ်။ ကားသစ်ကြီးကိုတော့ ဂမုန်းပွင့်အော်တိုကားအရောင်းပြခန်းကနေ ဝယ်ယူခဲ့တာ ဖြစ်ပြီး ကားနံပါတ်ကလည်း YGN 1R 8877 ဖြစ်ပါတယ်။


လူကြီးမိဘအပေါ် သိတတ်ပြီး ပရဟိတများကို စဉ်ဆက်မပြတ်လုပ်ကိုင်နေသူ ဖြူဖြူထွေးကတော့ တကယ့်ကို စေတနာရောင်ပြန်ဟပ်တယ်လို့ပဲ ဆိုရမှာပါနော်။ တက်သစ်စ အနုပညာရှင်တစ်ယောက်အနေနဲ့ သူမရဲ့ အောင်မြင်မှုကတော့ တကယ့်ကို အံ့မခန်းပါပဲနော်။


ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေးအတွက် စကားလက်ဆောင်လေး ပါးခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

(Zawgyi)


ဆိုရွယ္မီဒီယာကေနတဆင့္ ပရိတ္သတ္အားေပးမႈကို ရရွိလာတဲ့ ျဖဴျဖဴေထြးကေတာ့ လက္ရွိမွာလည္း ေအာင္ျမင္တဲ့ အႏုပညာလမ္းေၾကာင္းေပၚကို ေရာက္ရွိေနၿပီပဲ ျဖစ္ပါတယ္။ လူႀကီးမိဘေတြ အေပၚမွာလည္း သိတတ္ကာ အလႉအတန္းမ်ားကိုလည္း အၿမဲမျပတ္ လုပ္ကိုင္ေနတဲ့ အတြက္ေၾကာင့္ ပရိတ္သတ္ေတြက အခ်စ္ပိုေနရတာပါ။


ကိုဗစ္ကာလမွာေတာင္ ေၾကာ္ညာမ်ားကို အိမ္တြင္းမွာပဲ ကိုယ္တိုင္ဇာတ္ၫႊန္းေရး ကိုယ္တိုင္႐ိုက္ကူးမႈေတြ ျပဳလုပ္ေနပါတယ္။ ဇာတ္ပို႔ဇာတ္ရံမ်ားကိုလည္း လက္တြဲေခၚယူၿပီး ဝါရင့္ဇာတ္ပို႔သ႐ုပ္ေဆာင္မ်ားကိုလည္း အၿမဲတမ္း ပိုက္ဆံနဲ႔ ပစၥည္းမ်ား ကန္ေတာ့တဲ့အတြက္ အားလုံးရဲ႕ ခ်ီးက်ဴးအားေပးမႈကို ရရွိထားသူေလးပါ။


ေအာင္ျမင္မႈေတြ ဆက္တိုက္ဆိုသလို ရရွိထားတဲ့ ျဖဴျဖဴေထြးကေတာ့ လက္ရွိမွာလည္း လန္ခ႐ူဆာကားသစ္ႀကီးကို အရစ္က်နဲ႔ မဟုတ္ပဲ တစ္လုံးတည္း ေငြေခ်ကာ ဝယ္ယူခဲ့ပါတယ္။ ကားသစ္ႀကီးကိုေတာ့ ဂမုန္းပြင့္ေအာ္တိုကားအေရာင္းျပခန္းကေန ဝယ္ယူခဲ့တာ ျဖစ္ၿပီး ကားနံပါတ္ကလည္း YGN 1R 8877 ျဖစ္ပါတယ္။


လူႀကီးမိဘအေပၚ သိတတ္ၿပီး ပရဟိတမ်ားကို စဥ္ဆက္မျပတ္လုပ္ကိုင္ေနသူ ျဖဴျဖဴေထြးကေတာ့ တကယ့္ကို ေစတနာေရာင္ျပန္ဟပ္တယ္လို႔ပဲ ဆိုရမွာပါေနာ္။ တက္သစ္စ အႏုပညာရွင္တစ္ေယာက္အေနနဲ႔ သူမရဲ႕ ေအာင္ျမင္မႈကေတာ့ တကယ့္ကို အံ့မခန္းပါပဲေနာ္။


ပရိတ္သတ္ႀကီးေရ မင္းသမီးေခ်ာေလး ျဖဴျဖဴေထြးအတြက္ စကားလက္ေဆာင္ေလး ပါးခဲ့ပါဦးေနာ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။

Post a Comment

Previous Post Next Post