(Unicode)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၃၀၀၀ နီးပါး နဲ့ သေဆုံးသူ ၃၅ ဦးထိ ထပ်တိုးလာခဲ့ကြောင်း သိရကာ နိုင်ငံရဲ့ ဗိုင်းရပ်စ်ကူးးစက်လူနာ စုစုပေါင်း အရေအတွက်ဟာ ၂၂၉၀၀၀ ကျော်ထိ ရှိလာခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃၀၀၀ ဦးရှိလာခဲ့တယ်လို့ သိရပါတယ်။
ယင်းနောက်ဆုံးရ ဗိုင်းရပ်စ်ကူးစက်လူနာ အရေအတွက် စာရင်းကို ကျန်းမာရေး ဝန်ဆောင်မှု ဦးစီးဌာန အထွေထွေညွှန်ကြားရေးမှူးချုပ် ပါမောက္ခ Nasima Sultana က အင်္ဂါနေ့(ဇူလိုင် ၂၈ ရက်နေ့ ) နေ့လည်ခင်းအချိန်မှာ ဖော်ပြခဲ့တာဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်သေဆုံးသူ အများစုဟာ အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ယနေ့အထိ နိုင်ငံမှာ ဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးမှု ၁၁၃၇၁၃၁ ခု စစ်ဆေးနိုင်ခဲ့ပြီး ၎င်းတို့ထဲမှ ၂၀.၁၅ ရာခိုင်နှုန်းဟာ positive ဖြစ်နေတယ်လို့ သိရပါတယ်။ ပါမောက္ခ Nasima ရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်လူနာ ၁၇၃၁ ဦး ပြန်လည်သက်သာလာခဲ့ပြီး အခုဆိုရင် ကူးစက်လူနာအားလုံးမှ ၅၅.၅၉ ရာခိုင်နှုန်းဟာ ဗိုင်းရပ်စ်ကူးစက်ခံရမှုမှ အပြည့်အ၀ ပြန်လည်သက်သာလာပြီ ဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာတစ်ဝန်းလုံးမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ စုစုပေါင်း ၁၆၆၆၇၄၆၀ ဦး၊ သေဆုံးသူ ၆၅၆၉၇၈ ဦး ရှိနေပြီး ပြန်လည်သက်သာလာသူကတော့ ၁၀၂၅၉၅၅၉ ဦးထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
အကုန်သိ
(Zawgyi)
အကုန်သိ
Post a Comment
Previous Post Next Post