(Unicode)

ကန်တော်ကြီး ကရဝိတ်မြေနေရာ တင်ဒါပြန်မရရင် ဂုဏ်သိက္ခာအတွက် ဝန်ကြီးဌာနဆီက ကန်ဒေါ်လာ သန်းသုံးဆယ် လျော်ကြေးပြန်တောင်းမယ်လို့ ဇေကမ္ဘာကုမ္ပဏီကပြောပါတယ်။ကန်တော်ကြီးကရဝိတ်အပါအဝင် မြေလေးဧကလောက်ကို ဇေကမ္ဘာကုမ္ပဏီက ၂၀၀၀ ပြည့်နှစ်ကတည်းက နဝတ အစိုးရဆီက ငှားရမ်းပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ရခဲ့တာပါ။


အခု ၂၀၂၀ မှာ သက်တမ်းနှစ် ၂ဝ ပြည့်ပြီဖြစ်ပေမယ့် ထပ်တိုးလုပ်ငန်းလုပ်ကိုင်ခွင့် ၁၀ နှစ်ကျန်သေးတယ်လို့ ဇေကမ္ဘာကုမ္ပဏီက ပြောပါတယ်။ဒါပေမယ့် ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက သက်တမ်းနှစ် ၂၀ ပြည့်ချိန်မှာ တင်ဒါပြန်လည်ခေါ်ယူခဲ့ပြီး ဇူလိုင် ၈ ရက်နေ့မှာ ဖွင့်ဖောက်မယ်လို့ ကြေညာခဲ့ပါတယ်။



ဝန်ကြီးဌာနက ဒီလိုဆောင်ရွက်တာဟာ ဇေကမ္ဘာကုမ္ပဏီရဲ့ နှစ်ပေါင်း ၂၀ ကြာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် တင်ဒါပြန်မရရင် ကန်ဒေါ်လာ သန်းသုံးဆယ် လျော်ကြေးပြန်တောင်းမယ်လို့ ဇေကမ္ဘာကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးရဲဝင်းရှိန်က ပြောပါတယ်။

ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ဇူလိုင် ၈ ရက်နေ့မှာ တင်ဒါသစ်ခေါ်ယူတာကို ဖွင့်ဖောက်ကြေညာမယ်လို့ ဆိုခဲ့ပေမယ့် ဖွင့်ဖောက်ကြေညာမယ့်ရက်ကို ရွှေ့ဆိုင်းထားပါတယ်။ဇေကမ္ဘာကုမ္ပဏီဘက်က လျော်ကြေး တောင်းမယ်ဆိုတဲ့ကိစ္စဟာလည်း ပြင်ပမှာ ပြောဆိုနေတာသာဖြစ်ပြီး ဝန်ကြီးဌာနကို တရားဝင်တင်ပြထားတာ မရှိသေးဘူးလို့ ဟိုတယ်နဲ့ခ ရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းထွဋ်က ပြောပါတယ်။



ဒီပြဿနာဖြစ်ရတာဟာ နဝတ စစ်အစိုးရလက်ထက်က အရာရှိတွေနဲ့ လုပ်ငန်းရှင်တွေ လက်သိပ်ထိုးပြီး အဂတိလိုက်စားခဲ့တာကြောင့်ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သုံးသပ်ပါတယ်။ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက တင်ဒါဖွင့်ဖောက်မယ့်ရက်ကို ရွှေ့ဆိုင်းထားပြီး ဘယ်ရက်မှာ ကြေညာမယ်ဆိုတာကို ထုတ်ဖော်မပြောသေးပါဘူး။

ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကလည်း အဲဒီမြေနေရာပတ်ဝန်းကျင်က ဆိုင်တွေမှာ အရက်သေစာရောင်းချတဲ့အတွက် ပြဿနာဖြစ်ခဲ့ပါသေးတယ်။ဦးသိန်းစိန်အစိုးရလက် ထက်တုန်းကတော့ အဲဒီမြေနေရာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရက ကိုင်တွယ်ခဲ့တာလို့ သိရပါတယ်။

ဒီဗွီဘီ

(Zawgyi)


ကန္ေတာ္ႀကီး ကရဝိတ္ေျမေနရာ တင္ဒါျပန္မရရင္ ဂုဏ္သိကၡာအတြက္ ဝန္ႀကီးဌာနဆီက ကန္ေဒၚလာ သန္းသုံးဆယ္ ေလ်ာ္ေၾကးျပန္ေတာင္းမယ္လို႔ ေဇကမာၻကုမၸဏီကေျပာပါတယ္။ကန္ေတာ္ႀကီးကရဝိတ္အပါအဝင္ ေျမေလးဧကေလာက္ကို ေဇကမာၻကုမၸဏီက ၂၀၀၀ ျပည့္ႏွစ္ကတည္းက နဝတ အစိုးရဆီက ငွားရမ္းၿပီး လုပ္ငန္းလုပ္ကိုင္ခြင့္ရခဲ့တာပါ။



အခု ၂၀၂၀ မွာ သက္တမ္းႏွစ္ ၂ဝ ျပည့္ၿပီျဖစ္ေပမယ့္ ထပ္တိုးလုပ္ငန္းလုပ္ကိုင္ခြင့္ ၁၀ ႏွစ္က်န္ေသးတယ္လို႔ ေဇကမာၻကုမၸဏီက ေျပာပါတယ္။ဒါေပမယ့္ ဟိုတယ္နဲ႔ခရီးသြားလာေရးဝန္ႀကီးဌာနက သက္တမ္းႏွစ္ ၂၀ ျပည့္ခ်ိန္မွာ တင္ဒါျပန္လည္ေခၚယူခဲ့ၿပီး ဇူလိုင္ ၈ ရက္ေန႔မွာ ဖြင့္ေဖာက္မယ္လို႔ ေၾကညာခဲ့ပါတယ္။



ဝန္ႀကီးဌာနက ဒီလိုေဆာင္႐ြက္တာဟာ ေဇကမာၻကုမၸဏီရဲ႕ ႏွစ္ေပါင္း ၂၀ ၾကာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ ဂုဏ္သိကၡာကို ထိခိုက္ေစတဲ့အတြက္ တင္ဒါျပန္မရရင္ ကန္ေဒၚလာ သန္းသုံးဆယ္ ေလ်ာ္ေၾကးျပန္ေတာင္းမယ္လို႔ ေဇကမာၻကုမၸဏီ ဒါ႐ိုက္တာအဖြဲ႕ဝင္ ဦးရဲဝင္းရွိန္က ေျပာပါတယ္။

ဟိုတယ္နဲ႔ခရီးသြားလာေရးဝန္ႀကီးဌာနက ဇူလိုင္ ၈ ရက္ေန႔မွာ တင္ဒါသစ္ေခၚယူတာကို ဖြင့္ေဖာက္ေၾကညာမယ္လို႔ ဆိုခဲ့ေပမယ့္ ဖြင့္ေဖာက္ေၾကညာမယ့္ရက္ကို ေ႐ႊ႕ဆိုင္းထားပါတယ္။ေဇကမာၻကုမၸဏီဘက္က ေလ်ာ္ေၾကး ေတာင္းမယ္ဆိုတဲ့ကိစၥဟာလည္း ျပင္ပမွာ ေျပာဆိုေနတာသာျဖစ္ၿပီး ဝန္ႀကီးဌာနကို တရားဝင္တင္ျပထားတာ မရွိေသးဘူးလို႔ ဟိုတယ္နဲ႔ခ ရီးသြားလာေရးဝန္ႀကီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေကာင္းထြဋ္က ေျပာပါတယ္။



ဒီျပႆနာျဖစ္ရတာဟာ နဝတ စစ္အစိုးရလက္ထက္က အရာရွိေတြနဲ႔ လုပ္ငန္းရွင္ေတြ လက္သိပ္ထိုးၿပီး အဂတိလိုက္စားခဲ့တာေၾကာင့္ျဖစ္တယ္လို႔ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္က သုံးသပ္ပါတယ္။ဟိုတယ္နဲ႔ခရီးသြားလာေရးဝန္ႀကီးဌာနက တင္ဒါဖြင့္ေဖာက္မယ့္ရက္ကို ေ႐ႊ႕ဆိုင္းထားၿပီး ဘယ္ရက္မွာ ေၾကညာမယ္ဆိုတာကို ထုတ္ေဖာ္မေျပာေသးပါဘူး။

ဦးသိန္းစိန္အစိုးရ လက္ထက္တုန္းကလည္း အဲဒီေျမေနရာပတ္ဝန္းက်င္က ဆိုင္ေတြမွာ အရက္ေသစာေရာင္းခ်တဲ့အတြက္ ျပႆနာျဖစ္ခဲ့ပါေသးတယ္။ဦးသိန္းစိန္အစိုးရလက္ ထက္တုန္းကေတာ့ အဲဒီေျမေနရာေတြနဲ႔ ပတ္သက္ၿပီး ရန္ကုန္တိုင္းအစိုးရက ကိုင္တြယ္ခဲ့တာလို႔ သိရပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post