(Unicode)


မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းရှိ ရွှေဂဲရေထိန်းတံခါးကျိုးပေါက်မှုနှင့်ပတ်သက်၍ ရွှေဂဲရေ ဆိုးထုတ်စက်ရုံ စီမံကိန်းကိုတင်ဒါအောင်မြင်၍တည်ဆောက်နေသော တရုတ်နိုင်ငံ အခြေစိုက် CEEC-HEPDI & CNOOD ကုမ္ပဏီ က ယင်းတို့တွင် တာဝန်ရှိသည်ဟု ဝန်ခံ ပြောကြားလိုက်ကြောင်း သိရပါတယ်။ယင်းရွှေဂဲရေ ဆိုးထုတ်စက်ရုံ စီမံကိန်းကို အဆိုပါ တရုတ်နိုင်ငံအခြေစိုက် CEEC-HEPDI & CNOOD ကုမ္ပဏီ နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် Joint Venture ပြုလုပ်၍ တည်ဆောက်ကြခြင်းဖြစ်ရာ စီမံကိန်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၅၉ သန်း ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီမှတ်တမ်းများတွင် ဖော်ပြထားပါတယ်။



“ကတ္တရာလမ်းအောက်မှာရှိတဲ့ မြေသားက လွယ်လွယ်ပြောရရင် မကျစ်လစ်ဘူး ။ အဲ့ဒီမြေသား ရဲ့အ ရှေ့ဘက်မှာ ရေဆိုးထုတ် သန့်စင်တဲ့ စီမံကိန်းလုပ်နေတယ် ။စီမံကိန်းက အောက်ထဲမှာ ချိုင့်တွေ အနက်ကြီး တူးထားတယ် ။ အဲဒီလို တူးထားပြီးတော့ ကိုဗစ်ဖြစ်တဲ့အခက်အခဲကြောင့် ပြီးအောင် မလုပ်နိုင်ဘူး ။ပြီးအောင် မလုပ်နိုင်တဲ့ အတွက်ကြောင့် ရေကန်ကြီး ဖြစ်နေတယ် ။ တစ်ဖက်က အနိမ့်ဖြစ် နေတယ် ။ တစ်ဖက်က ရေနဲ့ မြေနဲ့က အမြင့်ဖြစ်နေတယ် ။ အဲဒီတော့ ရေက လမ်းအောက်က မြေ နည်းနည်းလေး ပွနေတယ် ။ မြေနည်းနည်းလေး ပွနေတဲ့နေရာကနေပြီးတော့ တဖြည်းဖြည်း ရေစိမ့်ထွက်ပြီး နောက်တော့ လုံးဝကို ရေစီးကြောင်းကြီးဖြစ်ပြီးတော့ ချောင်းကြီးလိုဖြစ်ပြီး ရေစားပြီးတော့မှ ကျသွားတယ် ။ တာဝန်ရှိတဲ့ တရုတ်ကုမ္ပဏီနဲ မြို့တော်ဝန်ကြီး ဦးဆောင်ပြီးတော့ ဆွေးနွေးနေတယ် ။



သူတို့ အနေနဲ့ ဒီလို ရေနစ်မြုပ်သွားတဲ့ ကိစ္စမှာ တာဝန်ရှိတယ်ဆိုတာကို ဝန်ခံပါတယ် ။ လိုအပ်တဲ့ တာဝန်ယူမှုတွေကို တာဝန်ယူသွားမယ်လို့ပြောတယ် ။ သူတို့က ADB AFBရဲ ချေးငွေနဲ့လုပ်တယ် ။ နိုင်ငံတကာ တင်ဒါတွေဘာတွေခေါ်ပြီးတော့မှ စီစစ်ရွေးချယ်ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ် ။ စည်ပင်က ပေးထားတာ မဟုတ်ဘူး ။ ကျနော်တို့ စည်ပင်က မပါဘူးတော့ မဟုတ်ဘူး ပါတယ် ။ ရွေးချယ်တဲ့ အပိုင်း ပေါ့ ။ အဓိက ADB ၊ AFB ကနေ နိုင်ငံတကာ တင်ဒါတွေခေါ်ပြီးတော့ ရွေးချယ်ပြီးတော့မှ စာချုပ် တွေ ချုပ်ပေးခဲ့တာ ။ မြို့တော်စည်ပင်က တပိုင်းတစအဖြစ်တော့ပါတယ် ။သို့သော် အဓိက ဆောင်ရွက် တာကတော့ ADB ၊ AFB ရဲ့ အစီအမံနဲ့ ဆောင်ရွက်နေတာ ဖြစ်တယ်”ဟု မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။



၂၀၁၈ ခုနှစ် ဇူလိုင်လက စတင်ခဲ့သော ယင်းစီမံကိန်း၏တည်ဆောက်ရေးကာလကို မူလက ၁၀ လ သတ်မှတ်ကာ ထပ်တိုးကာလကို ၈ လ သတ်မှတ်ထားခဲ့သော်လည်း ဒုတိယအကြိမ် အဆိုပြုထပ်တိုးကာလကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ထိ တိုးမြှင့်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် ညနေပိုင်းက ၎င်းတာရိုးကျိုးပေါက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်ည ၇ နာရီခွဲအချိန်ခန့်တွင်တာရိုးအပေါက်ကို ကျောက်ခဲများချကာ ထိန်းသိမ်းနိုင်ခဲ့ကာ လက်ရှိတွင် ပြုပြင်ထိန်း သိမ်းမှုများ ဆက်လက်လုပ်ဆောင်နေရသေးကြောင်း၊တာရိုးကျိုးပေါက်ခဲ့မှုကြောင့် အိမ်ထောင်စုပေါင်း ၂၄၇၁ စု၊ လူဦးရေ ၁၂၀၀၀ ကျော် ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရကြောင်းသိရပါတယ်။

Credit Eleven


(Zawgyi)


မႏၲေလးခ႐ိုင္၊ အမရပူရၿမိဳ႕နယ္၊ စစ္ကိုင္း-မႏၲေလးလမ္းရွိ ေ႐ႊဂဲေရထိန္းတံခါးက်ိဳးေပါက္မႈႏွင့္ပတ္သက္၍ ေ႐ႊဂဲေရ ဆိုးထုတ္စက္႐ုံ စီမံကိန္းကိုတင္ဒါေအာင္ျမင္၍တည္ေဆာက္ေနေသာ တ႐ုတ္ႏိုင္ငံ အေျခစိုက္ CEEC-HEPDI & CNOOD ကုမၸဏီ က ယင္းတို႔တြင္ တာဝန္ရွိသည္ဟု ဝန္ခံ ေျပာၾကားလိုက္ေၾကာင္း သိရပါတယ္။ယင္းေ႐ႊဂဲေရ ဆိုးထုတ္စက္႐ုံ စီမံကိန္းကို အဆိုပါ တ႐ုတ္ႏိုင္ငံအေျခစိုက္ CEEC-HEPDI & CNOOD ကုမၸဏီ ႏွင့္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီႏွင့္ Joint Venture ျပဳလုပ္၍ တည္ေဆာက္ၾကျခင္းျဖစ္ရာ စီမံကိန္း ကုန္က်စရိတ္မွာ အေမရိကန္ေဒၚလာ ၅ ဒသမ ၅၅၉ သန္း ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာ ယာေရးေကာ္မတီမွတ္တမ္းမ်ားတြင္ ေဖာ္ျပထားပါတယ္။


“ကတၱရာလမ္းေအာက္မွာရွိတဲ့ ေျမသားက လြယ္လြယ္ေျပာရရင္ မက်စ္လစ္ဘူး ။ အဲ့ဒီေျမသား ရဲ႕အ ေရွ႕ဘက္မွာ ေရဆိုးထုတ္ သန႔္စင္တဲ့ စီမံကိန္းလုပ္ေနတယ္ ။စီမံကိန္းက ေအာက္ထဲမွာ ခ်ိဳင့္ေတြ အနက္ႀကီး တူးထားတယ္ ။ အဲဒီလို တူးထားၿပီးေတာ့ ကိုဗစ္ျဖစ္တဲ့အခက္အခဲေၾကာင့္ ၿပီးေအာင္ မလုပ္ႏိုင္ဘူး ။ၿပီးေအာင္ မလုပ္ႏိုင္တဲ့ အတြက္ေၾကာင့္ ေရကန္ႀကီး ျဖစ္ေနတယ္ ။ တစ္ဖက္က အနိမ့္ျဖစ္ ေနတယ္ ။ တစ္ဖက္က ေရနဲ႔ ေျမနဲ႔က အျမင့္ျဖစ္ေနတယ္ ။ အဲဒီေတာ့ ေရက လမ္းေအာက္က ေျမ နည္းနည္းေလး ပြေနတယ္ ။ ေျမနည္းနည္းေလး ပြေနတဲ့ေနရာကေနၿပီးေတာ့ တျဖည္းျဖည္း ေရစိမ့္ထြက္ၿပီး ေနာက္ေတာ့ လုံးဝကို ေရစီးေၾကာင္းႀကီးျဖစ္ၿပီးေတာ့ ေခ်ာင္းႀကီးလိုျဖစ္ၿပီး ေရစားၿပီးေတာ့မွ က်သြားတယ္ ။ တာဝန္ရွိတဲ့ တ႐ုတ္ကုမၸဏီနဲ ၿမိဳ႕ေတာ္ဝန္ႀကီး ဦးေဆာင္ၿပီးေတာ့ ေဆြးေႏြးေနတယ္ ။



သူတို႔ အေနနဲ႔ ဒီလို ေရနစ္ျမဳပ္သြားတဲ့ ကိစၥမွာ တာဝန္ရွိတယ္ဆိုတာကို ဝန္ခံပါတယ္ ။ လိုအပ္တဲ့ တာဝန္ယူမႈေတြကို တာဝန္ယူသြားမယ္လို႔ေျပာတယ္ ။ သူတို႔က ADB AFBရဲ ေခ်းေငြနဲ႔လုပ္တယ္ ။ ႏိုင္ငံတကာ တင္ဒါေတြဘာေတြေခၚၿပီးေတာ့မွ စီစစ္ေ႐ြးခ်ယ္ထားတဲ့ ကုမၸဏီ ျဖစ္ပါတယ္ ။ စည္ပင္က ေပးထားတာ မဟုတ္ဘူး ။ က်ေနာ္တို႔ စည္ပင္က မပါဘူးေတာ့ မဟုတ္ဘူး ပါတယ္ ။ ေ႐ြးခ်ယ္တဲ့ အပိုင္း ေပါ့ ။ အဓိက ADB ၊ AFB ကေန ႏိုင္ငံတကာ တင္ဒါေတြေခၚၿပီးေတာ့ ေ႐ြးခ်ယ္ၿပီးေတာ့မွ စာခ်ဳပ္ ေတြ ခ်ဳပ္ေပးခဲ့တာ ။ ၿမိဳ႕ေတာ္စည္ပင္က တပိုင္းတစအျဖစ္ေတာ့ပါတယ္ ။သို႔ေသာ္ အဓိက ေဆာင္႐ြက္ တာကေတာ့ ADB ၊ AFB ရဲ႕ အစီအမံနဲ႔ ေဆာင္႐ြက္ေနတာ ျဖစ္တယ္”ဟု မႏၲေလးၿမိဳ႕ေတာ္ စည္ပင္ သာယာေရးေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္က ေျပာပါတယ္။



၂၀၁၈ ခုႏွစ္ ဇူလိုင္လက စတင္ခဲ့ေသာ ယင္းစီမံကိန္း၏တည္ေဆာက္ေရးကာလကို မူလက ၁၀ လ သတ္မွတ္ကာ ထပ္တိုးကာလကို ၈ လ သတ္မွတ္ထားခဲ့ေသာ္လည္း ဒုတိယအႀကိမ္ အဆိုျပဳထပ္တိုးကာလကို ၂၀၂၀ ျပည့္ႏွစ္ ေအာက္တိုဘာလ ထိ တိုးျမႇင့္ထားခဲ့ျခင္း ျဖစ္ေၾကာင္း သိရပါတယ္။ၿပီးခဲ့သည့္ ဇူလိုင္လ ၁၉ ရက္ ညေနပိုင္းက ၎တာ႐ိုးက်ိဳးေပါက္ခဲ့ျခင္းျဖစ္ၿပီး ဇူလိုင္လ ၂၀ ရက္ည ၇ နာရီခြဲအခ်ိန္ခန႔္တြင္တာ႐ိုးအေပါက္ကို ေက်ာက္ခဲမ်ားခ်ကာ ထိန္းသိမ္းႏိုင္ခဲ့ကာ လက္ရွိတြင္ ျပဳျပင္ထိန္း သိမ္းမႈမ်ား ဆက္လက္လုပ္ေဆာင္ေနရေသးေၾကာင္း၊တာ႐ိုးက်ိဳးေပါက္ခဲ့မႈေၾကာင့္ အိမ္ေထာင္စုေပါင္း ၂၄၇၁ စု၊ လူဦးေရ ၁၂၀၀၀ ေက်ာ္ ေရေဘးဒုကၡ ႀကဳံေတြ႕ခဲ့ရေၾကာင္းသိရပါတယ္။

Credit Eleven

Post a Comment

Previous Post Next Post