(Unicode)

ဇူလိုင်လ ၁၆ ရက်နေ့ ၀၉း၃၀ အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင်-မန္တလေး အဆင်းကားလမ်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ယာဉ်မောင်းအား မတွေ့ရှိဘဲ



SURF အမျိုးအစား မော်တော်ယာဉ်အား ရှေ့ဝဲဘက်ဘီးပြုတ်၊ ရှေ့လေကာမှန်ကွဲ ပျက်စီးနေပြီး ယာဉ်ပေါ်တွင် မသင်္ကာဖွယ် ဆာလာအိတ်များ တွေ့ရှိသဖြင့် မူးယစ် ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းစစ်ဆေးရာ ဆာလာအိတ်များအတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်ထားသည့်



ဘိန်းဖြူ အလေးချိန် ၂.၅၁၉ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၂၅၁၉၀)နှင့် ပလတ်စတစ်အိတ် များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၅၀၈၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၀၁၆၀) တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့်

ပြင်စာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေး စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

Source – C C D A C Myanmar.


(Zawgyi)


ဇူလိုင္လ ၁၆ ရက္ေန႔ ၀၉း၃၀ အခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ျပင္စာနယ္ေျမရဲစခန္းမွ တပ္ဖြဲ႔ဝင္မ်ားသည္ ျပင္ဦးလြင္-မႏၲေလး အဆင္းကားလမ္းတြင္ ယာဥ္မေတာ္တဆမႈ ျဖစ္ပြားေၾကာင္းသတင္းအရ သက္ေသမ်ားႏွင့္အတူ သြားေရာက္ စစ္ေဆးရာ ယာဥ္ေမာင္းအား မေတြ႕ရွိဘဲ



SURF အမ်ိဳးအစား ေမာ္ေတာ္ယာဥ္အား ေရွ႕ဝဲဘက္ဘီးျပဳတ္၊ ေရွ႕ေလကာမွန္ကြဲ ပ်က္စီးေနၿပီး ယာဥ္ေပၚတြင္ မသကၤာဖြယ္ ဆာလာအိတ္မ်ား ေတြ႕ရွိသျဖင့္ မူးယစ္ ေဆးဝါးတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႔ႏွင့္ ပူးေပါင္းစစ္ေဆးရာ ဆာလာအိတ္မ်ားအတြင္းမွ ေရာင္စံုဆပ္ျပာခြက္မ်ားျဖင့္ ထည့္ထားသည့္

ဘိန္းျဖဴ အေလးခ်ိန္ ၂.၅၁၉ ကီလို (ေဒသကာလေပါက္ေစ်း တန္ဖိုးေငြက်ပ္သိန္း ၂၅၁၉၀)ႏွင့္ ပလတ္စတစ္အိတ္ မ်ားျဖင့္ ထည့္ထားသည့္ စိတ္ႂကြ႐ူးသြပ္ ေဆးျပား ၅၀၈၀၀၀ ျပား (ေဒသကာလေပါက္ေစ်း တန္ဖိုးေငြက်ပ္သိန္း ၁၀၁၆၀) တို႕အား ေတြ႕ရွိ သိမ္းဆည္းရမိခဲ့သျဖင့္

ျပင္စာနယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲ ေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒျဖင့္ အမႈေရးဖြင့္ၿပီး တရားခံ ဖမ္းဆီးရမိေရး စံုစမ္း စစ္ေဆးလ်က္ရွိေၾကာင္း သတင္း ရရွိသည္။

Source – C C D A C Myanmar.

Post a Comment

Previous Post Next Post