(Unicode)
အိန္ဒိယဟာ ယမန်နှစ်က အမေရိကန် Sig Sauer ကုမ္ပဏီကနေ အဆင့်မြင့်သေနတ် အလက်ပေါင်း (၇၂၄၀၀)အထိ ဝယ်ယူအားပေးခဲ့ ပါ တယ်။ နာမည်ကြီး SIG716 သေနတ်တွေ ဖြစ်ပါတယ်။ အိန္ဒိယတပ်မတော်သား စုစုပေါင်း (၁.၂)သန်းအထိ ရှိတာကြောင့် (၂၀၁၃)ခုနှစ် နောက်ပိုင်း ကတည်းက တဖြည်းဖြည်းချင်း အဆင့်မြင့်လက်နတ်နဲ့ ဝတ်စုံထောက်ပံ့မှုတွေ ပြုလုပ်လာခဲ့တာပါ။ အခု အမေရိကန်ရဲ့ လက် နက်ထောက်ပံ့မှုအတွက် တရုတ်အဖို့ ဒေါသထွက်စရာ ဖြစ်စေမှာတော့ အမှန်ပါဘဲ။
တ ရုတ်-အိန္ဒိယနယ်စပ် တင်းမာမှုအတွက် အမေရိကန် ဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ မကြာသေးခင်က တောင်တရုတ်ပင်လယ်ဘက်ကို အမေ ရိကန် လေယာဉ်တင် သင်္ဘောတွေ စေလွှတ်လိုက်ပြီဖြစ်ပြီး၊ တရုတ်တို့ ပင်လယ်ပြင်စိုးမိုးနေမှုကို အနှောက် အယှက် ပေးတော့မှာပါ။ တ ရုတ်အာဏာပိုင်တွေက တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်း အားလုံးနီးပါးကို သူတို့က ပိုင်ဆိုင်တယ်လို့ ဆိုထားပါတယ်။အမေရိကန်ရဲ့ စစ်ဆင်ရေးအရှိန်ဟာ သင်္ဘောတွေကို စေလွှတ်ရုံတင် မက အခု အိန္ဒိယကို သေနတ်အလက်ပေါင်း (၇၀၀၀၀)အထိ ထောက်ပံ့သွားမှာပါ။
ဒီလို ပါဝင်ပတ်သက်လာမှုဟာ ပထမဆုံးလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယူကေက တရုတ်အစိုးရ နဲ့နီးစပ်တဲ့ Huawei ကုမ္ပဏီနဲ့ ၎င်းရဲ့ 5G Network တွေကို ပိတ်သိမ်းလိုက်ပါတယ်။တရုတ်ဟာ ယူကေကို ဟောင်ကောင် အရေးမှာ ပါဝင်စွတ်ဖက်နေလို့ မျက်မုန်း ကျိူုးနေသူဖြစ်ပြီး၊ အခုလို လုပ်ရပ်က နဂါးကြီးရဲ့ပါးကို ခြင်္သေ့တွေက ပုတ်လိုက်သလိုမျိုး ဖြစ်သွားစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ တရုတ်အာဏာပိုင်တစ်ဦးက ယူကေ အဖို့ မိမိတို့နဲ့ ဖက်ပြိုင်ဖို့ကြိုးစားပါက အဆိုးတရားတွေသာ ရင်ဆိုင်ရလိမ့်မယ်လို့ ကြုံးဝါးခဲ့ပါတယ်။
တကယ်က ယူကေက သူတို့ထက် လက်ဦးသွားခဲ့တာပါ။ဒါပေမယ့် အခြားတစ်ဖက်မှာလည်း တရုတ်ရဲ့ သြဇာအာဏာကို ရုရှားက အပြည့် အဝ ထောက်ခံလိုက်ပြီး တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းဟာ ဆက်နွှယ်တဲ့ နိုင်ငံတွေအတွက် အကျိုးအမြတ်တွေ ဖြစ်ထွန်းလာ လိမ့် မယ်လို့ သမ္မတပူတင်က ထောက်ခံလိုက်ပါတယ်။ ဒီလိုပဲ တရုတ်နဲ့ ပတ်သက်ဆက်နွှယ်နေ တဲ့ နုင်ငံတွေဟာ ယူအန်နဲ့ ကန်တို့ရဲ့ စီးပွားရေး ပိတ်စို့မှု တစ်မျိုးမျိုးကို ခံနေရပါတယ်။အခြားရှု့ထောင့်ကနေ ကြည့်တဲ့ နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးကတော့ အခုခေတ်မှာ UN နဲ့ အမေရိ ကန်တို့ရဲ့ စီးပွားရေးအရ ပိတ်စို့အရေးယူမှုတွေဟာ မထိရောက်တော့ဘူးလို့ ဆိုပါတယ်။
အဓိကအားဖြင့်တော့ ယင်းတို့ရဲ့ အဓိကပြိုင်ဘက်နိုင်ငံကြီးတွေဖြစ်တဲ့ တရုတ် နဲ့ ရုရှားတို့ရဲ့ စီးပွားရေးအင်အား တောင့်တင်းလာမှုတွေ နဲ့အတူ အဆိုပါ နိုင်ငံတွေရဲ့ သြဇာအာဏာက နိုင်ငံငယ်လေးတွေကို လွှမ်းခြုံလာလို့ပါ။ဒီအဓိပ္ပါယ်က အမေရိကန်နဲ့ UN တို့ သြဇာအာဏာ ကျဆင်းလာမှုရဲ့ အဓိပ္ပါယ်ဖြစ်ပြီး၊ အခုလို အခြေအနေမျိုးမှာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအဖို့ ကမ္ဘာ့သြဇာအာဏာကို လွှဲပြောင်းမပေး ဖို့အရေး အရင်ကလိုပုံစံနဲ့မတူညီတဲ့ တိုက်စစ်ကို ဖွင့်မှဖြစ်တော့မှာပါ။ ဒါကြောင့် အမေရိကန်ဟာ တောင်တရုတ်ပင်လယ်အရေးမှာ ဗြောင် ကျကျ ပတ်သက် လာခဲ့တာဖြစ်ပြီး၊ အိန္ဒိယအရေးမှာလည်း လူလုံးဝင်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
source : လင်းသုတ
(Zawgyi)
source : လင်းသုတ
Post a Comment
Previous Post Next Post